Connect with us

Asia

အမေရိကန်နှင့် စစ်ရေးအရ ထိပ်တိုက်တွေ့ရန် အသင့်ဖြစ်နေပြီဟု ကင်ဂျုံအန်း ပြော

မြောက်ကိုရီးယားအလုပ်သမားပါတီ (WPK) အတွင်းရေးမှူးချုပ် ကင်ဂျုံအန်းက ဇူလိုင် ၂၇ ရက်တွင် ပြုလုပ်သော ကိုရီးယား အမိမြေလွတ်မြောက်ရေးစစ်ပွဲ အောင်မြင်မှု ၆၉ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား၌ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အခြေခံအကျိုးစီးပွား ထိပါးခြင်းခံရပါက အမေရိကန်နှင့် တိုက်ပွဲဆင်နွှဲရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်း မြောက်ကိုရီးယားအလုပ်သမားပါတီ(WPK) အတွင်းရေးမှူးချုပ် ကင်ဂျုံအန်းက ဇူလိုင် ၂၇ ရက်တွင် ပြုလုပ်သော ကိုရီးယား အမိမြေလွတ်မြောက်ရေးစစ်ပွဲ အောင်မြင်မှု ၆၉ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား၌ ပြောကြားခဲ့သည်ဟု KCNA က ဇူလိုင် ၂၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။

မြောက်ကိုရီးယားအလုပ်သမားပါတီ (WPK) အတွင်းရေးမှူးချုပ် ကင်ဂျုံအန်းက ဇူလိုင် ၂၇ ရက်တွင် ပြုလုပ်သော ကိုရီးယား အမိမြေလွတ်မြောက်ရေးစစ်ပွဲ အောင်မြင်မှု ၆၉ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား၌ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

အမေရိကန်က ကိုရီးယားစစ်ပွဲတွင် မြောက်ကိုရီးယားအား အဆိုးရွားဆုံးသော ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်စေခဲ့‌ကြောင်းနှင့် ယနေ့အထိတိုင် မြောက်ကိုးရီးယားအပေါ် အန္တရာယ်ရှိသော ရန်လိုရန်စမှု ဆက်လက်လုပ်ဆောင်နေကြောင်း ကင်ဂျုံအန်းက ပြောကြားခဲ့သည်။ အမေရိကန်က လုံးဝအခြေအမြစ်မရှိသည့် မြောက်ကိုရီးယား “ခြိမ်းခြောက်မှုသီအိုရီ” ကို လုပ်ကြံဖန်တီးပြီး မြောက်ကိုရီးယားကို ဖိနှိပ်သည့် အကြောင်းပြချက်အဖြစ် အသုံးချခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့် အမေရိကန်နှင့် မည်သည့် စစ်ရေးဆိုင်ရာ ပဋိပက္ခ အတွက်မဆို အသင့်ဖြစ်နေကြောင်း ၎င်းက ထပ်‌လောင်းပြောကြားခဲ့သည်။ (Xinhua)

………………………
(Chinese Version)

金正恩说已做好与美国进行军事对抗的准备
新华社平壤7月28日电据朝中社28日报道,朝鲜劳动党总书记金正恩27日晚在朝鲜祖国解放战争胜利69周年纪念活动上表示,如果朝鲜的国家安全和根本利益受到侵犯,朝鲜将不惜与美国一战。
金正恩说,美国在朝鲜战争中给朝鲜造成了最严重的伤害,今天仍继续对朝鲜进行危险的敌对行动。美国编造根本不存在的朝鲜“威胁论”,以此为借口来打压朝鲜。他重申,朝鲜已做好与美国进行任何军事冲突的准备。(完)
图说- 朝中社7月28日提供的照片显示,朝鲜劳动党总书记金正恩27日在朝鲜祖国解放战争胜利69周年纪念活动上发表讲话。 新华社/朝中社