Connect with us

China

တရုတ်လူမျိုးက ပြောထားသည့်အတိုင်း ဖြစ်မြောက်အောင် လုပ်ဆောင်လေ့ရှိကြောင်း နန်စီ ပီလိုစီ၏ ထိုင်ဝမ်သို့သွားရောက်ရန် စီစဉ်မှုအပေါ် ကျောက်လိကျန်းက ထပ်မံတုံ့ပြန်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

နန်စီ ပီလိုစီက ထိုင်ဝမ်သို့ သွားရောက်ရန် စီစဉ်မှုအပေါ် တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်သည့် ခိုင်မာသော ရပ်တည်ချက်ကို မကြာသေးမီက အကြိမ်ကြိမ်ဖော်ထုတ်ခဲ့ပြီးဖြစ်ကြောင်း၊ တရုတ်လူမျိုးက ပြောထားသည့်အတိုင်း ဖြစ်မြောက်အောင်လုပ်ဆောင်လေ့ရှိကြောင်း ကျောက်လိကျန်းက ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင် ကျင်းပသောပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက “ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ဖူးခဲ့တဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း Newt Gingrich က ပီလိုစီသည် ထိုင်ဝမ်ကို သွားရောက်ရန် သင့်ပြီး၊ အမေရိကန်က “ကြည့်ရတာ အင်အားကြီးပေမဲ့ လက်တွေ့မှာ စက္ကူနဲ့ လုပ်တဲ့ကျား” မဟုတ်တာကို တရုတ်ဘက်က နားလည်စေရမယ်လို့ မကြာသေးမီက ပြောခဲ့ပါတယ်။” ၁၉၉၆ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ထိုင်ဝမ်ရေလက်ကြား တင်းမာနေသည့် ကာလအတွင်း၌ ၎င်းနှင့် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်တို့က ထိုင်ဝမ်ရေလက်ကြားတွင် အမေရိကန် လေယာဉ်တင်သင်္ဘောများ ဖြန့်ကျက်မှု အပါအဝင် တရုတ်နိုင်ငံသို့ အလွန်ပြင်းထန်သော အချက်ပြမှုများ ပေးပို့ခဲ့သည်။

Gingrich သည် ထိုင်ဝမ်အရေးနှင့် သက်ဆိုင်သော ပြဿနာများတွင် ဆိုးဝါးစွာ ပြုမူခဲ့ကြောင်း ကျောက်လိကျန်းက ဆိုသည်။ ၎င်း၏ အစွန်း‌ရောက် တာဝန်ယူမှုမရှိသော မှတ်ချက်ပြုမှုမှာ ထုတ်ဖော်ပြောကြားရန်အတွက်ပင် မထိုက်တန်ကြောင်း၊ ၎င်း၏ မှတ်ချက်ပြုမှုက အမေရိကန်နိုင်ငံရေးသမားအချို့၏ တစ်ကိုယ်ကောင်းဆန်မှုဖြင့် တရုတ်နှင့် အမေရိကန်ကြား တင်းမာမှု၊ ထိုင်ဝမ်ရေလက်ကြားတွင် မတည်ငြိမ်မှု၊ ကမ္ဘာတစ်ဝန်း ပရမ်းပတာမဖြစ်မည်ကို စိုးရိမ်သည့် အန္တရာယ်ရှိသော ရည်ရွယ်ချက်ကို ထပ်မံပေါ်လွင်‌စေခဲ့ကြောင်း ၎င်းကဆိုသည်။

နန်စီ ပီလိုစီ၏ ထိုင်ဝမ်သို့သွားရောက်ရန် စီစဉ်မှုအပေါ် တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်သည့် ခိုင်မာသော ရပ်တည်ချက်ကို မကြာသေးမီက အကြိမ်ကြိမ်ဖော်ထုတ်ခဲ့ကြောင်း ကျောက်လိကျန်းကဆိုသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအပြင် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးတို့ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အကယ်၍ အမေရိကန်က သူ့နည်းသူ့ဟန်ဖြင့် လုပ်‌ဆောင်ပါက တရုတ်စစ်တပ်သည် ထိုင်ကြည့်နေမည်မဟုတ်ဘဲ ဝင်ရောက်စွက်ဖက်ရန်နှင့် “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရန် ကြိုးစားသည့် ပြင်ပအင်အားစုမှန်သမျှကို အားကောင်းသော စီမံချက်များဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
“တရုတ်လူမျိုးတွေဟာ ပြောထားတဲ့အတိုင်း ဖြစ်မြောက်အောင် လုပ်ဆောင်သွားမယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

…………………………………….
(Chinese Version)
赵立坚再次回应佩洛西拟窜访台湾:中国人说到做到
外交部发言人赵立坚7月28日说,中方近期已多次向美方表明坚决反对美国众议院议长佩洛西访台的严正立场,中国人说到做到。
当日例行记者会上,有记者问:近日,曾访台的美国众议院前议长金里奇称,佩洛西现在绝对应当访台,让中方明白美国不是“纸老虎”。1996至1997年台海局势紧张期间,他和美国前总统克林顿对华释放了非常强烈的信号,包括将美国航母部署到台湾海峡。
赵立坚说,金里奇曾在涉台问题上表现恶劣。他发表这种极端不负责任的言论不值一提。这再次证明美方一些政客出于一己私利,唯恐中美关系不紧张、唯恐台海不动荡、唯恐天下不乱的险恶用心。
赵立坚说,中方近期已多次向美方表明坚决反对佩洛西访台的严正立场。除外交部发言人以外,中国国防部、国务院台湾事务办公室也发表了声明。中国国防部发言人表示,如果美方一意孤行,中国军队绝不会坐视不管,必将采取强有力措施挫败任何外部势力干涉和“台独”分裂的图谋。
“中国人说到做到。”他说。(记者温馨)