Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လူ ၅၀၂ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ Peshawar မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေလျှံသည့်လမ်းပေါ်၌ မြည်းလှည်းမောင်းနှင်နေသော အမျိုးသားတစ်ဦးကို ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Xinhua/Reuters)

အစ္စလာမ်မာဘတ်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံတွင် ဇွန် ၁၄ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅၀၂ ဦးသေဆုံးပြီး ၅၉၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက သြဂုတ် ၂ ရက်၌ ပြောကြားခဲ့သည်။ပါကစ္စတန်နိုင်ငံတွင် သြဂုတ် ၂ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိရစ္ဆာန်ပေါင်း ၂၄,၈၀၀ ကျော် ဆုံးရှုံးခဲ့ပြီး အိမ်ခြေပေါင်း ၃၉,၃၄၃ လုံး ပျက်စီးခဲ့ရာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ပါကစ္စတန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်၌လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရာ ရေဘေးအခြေအနေ အဆိုးဝါးဆုံးဖြစ်ပြီး လူပေါင်း ၁၄၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
#Pakistan #Disaster #Xinhua #Myanmar #XinhuaMyanmar #ပါကစ္စတန် #ရေဘေး #ဆင်ဟွာ
…………………………………………
强降雨在巴基斯坦造成502人死亡
新华社伊斯兰堡8月2日电(记者姜江)巴基斯坦国家灾害管理局2日说,6月14日以来,强降雨在该国引发洪涝灾害,已造成至少502人死亡、593人受伤。
根据巴国家灾害管理局2日公布的报告,截至当天,强降雨在巴基斯坦造成数千人流离失所,39343栋房屋完全或部分损毁,牲畜损失24800余头。西南部俾路支省强降雨引发山洪,灾情最为严重,共造成149人死亡。
7月21日,一名男子驾驴车经过巴基斯坦白沙瓦被洪水淹没的街道。新华社/路透社