Connect with us

International Organizations

အမေရိကန်နိုင်ငံတွင် အသားအရောင်ခွဲခြားခြင်းနှင့် လူနည်းစုမျိုးနွယ်စုများ စနစ်တကျခွဲခြားဆက်ဆံခံရခြင်းကို ဆက်လက်ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ ဖော်ပြထား

အမေရိကန်နိုင်ငံ၊ Minnesota ပြည်နယ် ၊ Minneapolis မြို့၌ပြုလုပ်သည့် George Floyd သေဆုံးမှု ၂ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားသို့ George Floyd ၏ မိသားစုဝင်များ တက်ရောက်ခဲ့သည်ကို မေ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ လူမျိုးရေးခွဲခြားဆက်ဆံမှုပပျောက်ရေးကော်မတီက အမေရိကန်၏ “လူမျိုးရေးခွဲခြားဆက်ဆံမှုပုံစံအားလုံး ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်း” အကောင်အထည်ဖော်မှု အခြေအနေ စိစစ်ခြင်း၏ အနှစ်ချုပ်အစီရင်ခံစာကို သြဂုတ် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ရာ အမေရိကန်နိုင်ငံ၌ လွန်ခဲ့သည့်နှစ်များအတွင်း အမုန်းတရား ရာဇဝတ်မှုများ၊ အမုန်းတရားဝေဖန်မှုဖြစ်ရပ်များနှင့် လူမျိုးရေးဆိုင်ရာ ပစ်ခတ်မှုများကြောင့် သေဆုံးဒဏ်ရာရရှိသူ အရေအတွက် စသည်တို့ သိသိသာသာ မြင့်တက်လာသည့်အပြင် အသားအရောင်ခွဲခြားဆက်ဆံခံရသူနှင့် လူနည်းစုမျိုးနွယ်စုများက ဆေးကုသမှု၊ ပညာရေး၊ နေထိုင်မှုဆိုင်ရာ နယ်ပယ်များတွင်လည်း စနစ်တကျ ခွဲခြားဆက်ဆံခံရခြင်းနှင့် ဆက်လက်ရင်ဆိုင်နေရကြောင်း အစီအရင်ခံစာတွင် ထောက်ပြထားသည်။ (Xinhua)

…………………………………………
联合国报告说美国有色人种和少数族裔持续面临系统性歧视
新华社日内瓦8月30日电(记者聂晓阳 陈俊侠)联合国消除种族歧视委员会30日发布对美国履行《消除一切形式种族歧视国际公约》的情况进行审议的结论性报告,指出过去几年美国仇恨犯罪和仇恨言论事件显著增加,与种族有关的枪支死伤人数大幅增加,有色人种和少数族裔在医疗、教育、住房等领域持续面临系统性歧视。
图说 – 5月25日,在美国明尼苏达州明尼阿波利斯市,弗洛伊德的家人参加哀悼活动,纪念弗洛伊德遇害两周年。(新华社发,本•布鲁尔摄)