Connect with us

Culture

မြန်မာနိုင်ငံရှိ စာသင်ကျောင်းတွင် ပထမဆုံးအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်းတင်ဆက်ပြသမှုအစီအစဉ် ကျင်းပ

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ်ကျင်းပနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ-ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ )

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာက မကြာသေးမီရက်များအတွင်း Myanmar International Education Center (MIEC) ၌ ပညာရေးဆိုင်ရာမှတ်တမ်းရုပ်ရှင် အော့ဖ်လိုင်း (offline) တင်ဆက်ပြသမှုအစီအစဉ် ကျင်းပခဲ့ရာ ၎င်းမှာ မြန်မာနိုင်ငံရှိ စာသင်ကျောင်း၌ ပထမဆုံးအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်းတင်ဆက်ပြသမှုဖြစ်ကြောင်း သိရသည်။အဆိုပါ ပွဲစဉ်သို့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling ၊ MIEC မှ အထွေထွေမန်နေဂျာ ဒေါ်ထက်ထက်အောင်၊ MIEC မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဦး၊ MIEC မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ၈၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ်ကျင်းပနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ-ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ )

ယခုအစီအစဉ်သည် မှတ်တမ်းရုပ်ရှင်ဖြင့် မိတ်ဆွေဖွဲ့ရန်၊ အပြန်အလှန်ဖလှယ်ခြင်းဖြင့် နားလည်မှု မြှင့်တင်ရန်၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ချစ်ကြည်ရင်းနှီးမှု တိုးပွားရန်၊ ယဉ်ကျေးမှုဖြင့် သံယောဇဉ် နက်ရှိုင်းစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင်လည်း MIEC နှင့် ဆက်လက်ပူးပေါင်းကာ အပြန်အလှန် နှီးနှောဖလှယ်ဆက်ဆံရေး ပေါင်းကူးတံတား တည်ဆောက်ဖန်တီးနိုင်ရန် မျှော်လင့်ကြောင်း Ms. Xu Ling က ပြောကြားခဲ့သည်။

MIEC မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက “No Child Left Behind” နှင့် “A Shot at a Better Future” စသည့် ပညာရေးကဏ္ဍမှ မှတ်တမ်းရုပ်ရှင်များကို စာသင်ခန်း ၃ ခန်းတွင် တစ်ပြိုင်တည်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ပွဲသို့ တက်ရောက်လာကြသော မြန်မာကျောင်းသား/ကျောင်းသူများအား တရုတ်ယဉ်ကျေးမှုကို ပိုမိုနားလည်သိရှိစေရန်နှင့် ပျော်ရွှင်သော အငွေ့အသက်များအကြား တရုတ်ယဉ်ကျေးမှုကို လေ့လာသိရှိရန်၊ တရုတ်ရိုးရာပွဲတော်၊ ရာသီချိန်များ၏ ဓလေ့ထုံးတမ်းများနှင့် ယဉ်ကျေးမှုအနှစ်သာရများကို သဘောပေါက်နားလည်စေရန်အတွက် မှတ်တမ်းရုပ်ရှင် တစ်ကားနှင့် တစ်ကားအကြားတွင် တရုတ်ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတအမေးအဖြေကဏ္ဍကို ဦးသူဖြေစနစ်ဖြင့် စီစဉ်ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ်ကျင်းပနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ-ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ )

ဒေါ်သီတာဦးက အမှာစကားပြောကြားခဲ့ရာ ယခုအကြိမ် ပွဲအစီအစဉ်နှင့် ကျောင်းသား/ကျောင်းသူများအတွက် ဆုမွန်ကောင်းပေးခဲ့ပြီး ယခုအကြိမ်အစီအစဉ်သည် စုံလင်များပြား၍ ပျော်ရွှင်ဖွယ်ကောင်းပြီး ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ ရင်ထဲတွင် လှပသော အမှတ်တရများ ကျန်ရစ်စေခဲ့ကြောင်းနှင့် မြန်မာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား “တရုတ်ယဉ်ကျေးမှု” လေ့လာခြင်းမှ အတွေ့အကြုံကောင်းများကို ခံစားရရှိနိုင်စေရန် ကျောင်းများ၌ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ အစီအစဉ်များ မကြာခဏ ကျင်းပနိုင်ရန် မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ်ကျင်းပနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ-ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ )

ဒေါ်ထက်ထက်အောင်က ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ တင်ဆက်ပြသပေးသည့် မှတ်တမ်းရုပ်ရှင်များသည် လက်တွေ့ကျပြီး သရုပ်မှန်ကို ရိုက်ကူးထားသည့်အတွက် ရင်ထဲထိမိခံစားမိစေကြောင်း၊ ‘No Child Left Behind’ မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုခြင်းဖြင့် ဆရာများသည် ကျောင်းသားများကို ချစ်ခင်ကြင်နာပေးပြီး လေးစားကာ ကျောင်းသားများကို မေတ္တာရိပ်အောက်တွင် ရှင်သန်ကြီးပြင်းစေမှသာ ကျောင်းသားများ၏ နှလုံးသားထဲတွင် ချစ်ခြင်းမေတ္တာမျိုးစေ့ကို ပျိုးထောင်နိုင်မည်ဖြစ်ကြောင်း သိရှိခဲ့သည်ဟု ၎င်းကဆိုသည်။ (Xinhua)

#China #Documentary #Festival #Xinhua #Myanmar #XinhuaMyanmar #တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော် #ရန်ကုန် #တရုတ်စာသင်ကျောင်း #ဆင်ဟွာ

…………………………………………
“中国影像节”线下展映活动首次走进缅甸校园
新华网仰光8月30日电(记者张东强)仰光中国文化中心近日在缅甸国际教育中心举办教育主题纪录片线下展映活动。这是仰光中国文化中心“中国影像节”首次走进缅甸校园。
仰光中国文化中心主任徐玲、缅甸国际教育中心总经理房今今及校长胡彬彬、缅甸国际教育中心师生等80余人参加了本次活动。
徐玲在致辞中表示,此次活动旨在以影像交朋友,以交流促了解,以合作促友谊,以文化结深情。希望今后继续与缅甸国际教育中心合作,搭建沟通彼此心灵的桥梁。
缅甸国际教育中心的师生们在3间教室同时观看了《一个都不能少》和《大山里的少女足球队》。为让参加活动的缅甸学子加深对中国文化的了解,观影中场休息时专门设置了中国文化知识有奖竞答环节,让缅甸学子在轻松愉快的氛围中学习中国文化知识,了解中国传统节日节气的生活习俗和文化内涵。
胡彬彬在致辞中表达了对此次活动和学生们的祝福。她表示,此次活动既丰富生动、又活泼感人,在师生心中留下了美好记忆。希望仰光中国文化中心的活动能经常走进校园,使缅甸师生能感受中国文化带来的美好体验。
房今今表示,仰光中国文化中心带来的影片很接地气,很真实很感人。通过观看《一个都不能少》使我认识到,教师只有真正关爱学生、尊重学生,让学生沐浴在爱的光辉下,才能在学生内心深处播下爱的种子,才能将爱传递下去。
图说 – 图为仰光中国文化中心“中国影像节”线下展映活动现场。(仰光中国文化中心供图)