Connect with us

Africa & Middle East

တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူဖောက်လုပ်သည့် အီဂျစ်နိုင်ငံ၏ ပထမဆုံး အပေါ့စား ရထားလမ်း စမ်းသပ်ပြေးဆွဲ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အရှေ့ပိုင်း၌ စမ်းသပ်ပြေးဆွဲနေသည့် အပေါ့စားရထားတစ်စင်းအား ဇူလိုင် ၃ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူဖောက်လုပ်ခဲ့သည့် အီဂျစ်နိုင်ငံ၏ ပထမဆုံးလျှပ်စစ်ရထားလမ်းဖြစ်သည့် 10th of Ramadan City အပေါ့စားရထားလမ်းကို ဇူလိုက် ၃ ရက်တွင် စမ်းသပ်ပြေးဆွဲခဲ့ကြောင်း သိရသည်။အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisi နှင့် အီဂျစ်ဝန်ကြီးချုပ် Mostafa Madbouly စသည့် အီဂျစ်အရာရှိများနှင့် အီဂျစ်ဆိုင်ရာ တရုတ်သံရုံး သံအမတ်ကြီး လျောက်လိချန်တို့က ထိုနေ့တွင် ကျင်းပသည့် စမ်းသပ်ပြေးဆွဲခြင်း အခမ်းအနားသို့တက်ရောက်ကာ ရထားဘူတာအစဖြစ်သည့် Adly mansour ဘူတာမှ Badr ဘူတာအထိ လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ လေ့ကျင့်သင်ကြားထားသည့် အီဂျစ်အပေါ့စားရထား ယာဉ်မောင်းတစ်ဦး၏ စမ်းသပ်လည်ပတ်မှုအား တရုတ်တာဝန်ရှိသူများက စောင့်ကြည့်နေသည်ကို ဇူလိုင် ၃ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

လက်ရှိ စမ်းသပ်ပြေးဆွဲခြင်းစီမံကိန်း၏ ပထမအဆင့် လုပ်ငန်းစဉ်အတွင်း ရထား ၂၂ စင်း ပါဝင်ပြေးဆွဲမည်ဖြစ်ပြီး တစ်ရက်လျှင် ခရီးသည် ၃၆၀,၀၀၀ ခန့်ပို့ဆောင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း အီဂျစ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Kamel el-Wazir က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

လျေက်လိချန်က 10th of Ramadan City အပေါ့စားရထားလမ်းစီမံကိန်းကို တရုတ်နိုင်ငံမှ ငွေကြေးထောက်ပံ့ပြီး တရုတ်နည်းပညာနှင့် စက်ကိရိယာများကို အသုံးပြုကာ တရုတ်နှင့် အီဂျစ်နှစ်နိုင်ငံကုမ္ပဏီတို့မှ ပူးပေါင်းဖောက်လုပ်ထားကြောင်း ပြောကြားခဲ့သည်။ စီမံကိန်းစတင်ချိန်မှစ၍ ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကိုရင်ဆိုင်စဉ် စီမံကိန်းတာဝန်ယူသည့်ကုမ္ပဏီ၏ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်း နှစ်ခုစလုံးကို ခိုင်ခိုင်မာမာ လုပ်ဆောင်နိုင်ခဲ့သည်။ ထို့အတူ တရုတ်ကုမ္ပဏီက စီမံကိန်းအတွက် လူရည်ချွန်များ ပိုမိုပံ့ပိုး‌ပေးနိုင်ရန် အီဂျစ်နိုင်ငံမှ နည်းပညာဆိုင်ရာ လူငယ်လူရွယ်များကို အလေးပေး လေ့ကျင့်သင်ကြားပေးခဲ့သည်။

အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisi (ယာ-၁)နှင့် အီဂျစ်ဝန်ကြီးချုပ် Mostafa Madbouly (ယာ-၂) တို့က ဇူလိုင် ၃ ရက်တွင် ကျင်းပသည့် စမ်းသပ်ပြေးဆွဲခြင်း အခမ်းအနားသို့တက်ရောက်စဉ် (ဆင်ဟွာ)

ထိုနေ့ စမ်းသပ်ပြေးဆွဲစဉ် ရထားမောင်နှင်သည့် Mohamed Nosir သည် ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံ နန်ကျင်း ရထားလမ်း အသက်မွေးဝမ်းကြောင်းနည်းပညာကောလိပ်၌ ဖွင့်လှစ်သည့် သင်တန်း၌ ပါဝင်ခဲ့ကြောင်း သိရသည်။ “ကျွန်တော်ရဲ့ ပတ်ဝန်းကျင်က မိတ်ဆွေတွေက ဘယ်ချိန်မှာ မြို့ပတ်ရထားစီးပြီး ရုံးသွားနိုင်သလဲလို့ ကျွန်တော်ကို အမြဲတမ်းမေးနေပါတယ်၊ သူတို့က ဒီရထားလမ်းဖွင့်ဖို့ စောင့်မျှော်နေကြတယ်။ ရထားပေါ်မှ ထိုင်ရတာက သက်တောင့်သက်တာရှိပြီး ငြိမ်ပါတယ်၊ တခြားမြေအောက်ရထားထက်လဲ မြန်ပါတယ်” ဟု Nosir က ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အရှေ့ပိုင်း၌ စမ်းသပ်ပြေးဆွဲမည့် အပေါ့စားရထားတစ်စင်း၏ အတွင်းပိုင်းမြင်ကွင်းကို ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ် 10th of Ramadan City အပေါ့စားရထားလမ်းသည် အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုအရှေ့ပိုင်းတွင် တည်ရှိပြီး ကိုင်ရိုမြို့တွင်းနှင့် အုပ်ချုပ်ရေးမြို့တော်သစ်၊ 10th of Ramadan City နှင့်ရထားလမ်းတစ်လျှောက် အရှေ့ပိုင်းဂြိုလ်တုမြို့ကို ချိတ်ဆက်ပေးသည့် အရေးကြီးသော ရထားလမ်းဖြစ်သလို တရုတ်-အီဂျစ် “ရပ်ဝန်းနှင့်ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံကိန်းများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ စီမံကိန်း၏ အထွေထွေကန်ထရိုက်တာဖြစ်သည့် China Railway Engineering Corporation and AVIC International Holding Corporation (CREC-AVIC INTL Consortium) ၏ ပြောကြားချက်အရ ယင်းစီမံကိန်း၏ ပထမနှင့် ဒုတိယအဆင့် စုစုပေါင်း အရှည်သည် ကီလိုမီတာ ၇၀ ခန့်ရှိပြီး၊ ဘူတာရုံ ၁၂ ရုံ၊ ပြုပြင်ထိန်းသိမ်းရေးရုံ ၁ ရုံ နှင့် ဓာတ်အားပေးရုံ ၂ ရုံ ရှိကြောင်း သိရသည်။ ရထားသည် ပုံသေသတ်မှတ်ထားသည့် ရထားတွဲ ၆ တွဲရှိပြီး အမြင့်ဆုံး ပြေးဆွဲနိုင်သည့်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ ဖြစ်ကြောင်း သိရသည်။ ရထားသည် ဘူတာအစဖြစ်သည့် Adly mansour တွင် ကိုင်ရို မြေအောက်ရထားလိုင်း အမှတ် ၃ နှင့် ချိတ်ဆက်ပြီး လမ်းတစ်လျှောက် Abur မြို့ ၊ Shuluq မြို့၊ Badr မြို့စသည်တို့ကို ဖြတ်သန်းကာ နောက်ဆုံးတွင် အုပ်ချုပ်ရေးမြို့တော် အနုပညာနှင့် ယဉ်ကျေးမှု ဘူတာရုံသို့ ရောက်ရှိကြောင်း သိရသည်။(Xinhua)

…………………………………………
(Chinese Version)
中企承建埃及首条轻轨铁路通车试运行
新华社开罗7月3日电(记者姚兵)由中国企业承建的埃及斋月十日城轻轨铁路3日通车试运行,这是埃及第一条电气化铁路。
埃及总统塞西、总理马德布利等埃方官员,以及中国驻埃及大使廖力强出席当天的通车试运行活动,并从起点站阿德利·曼苏尔站乘坐轻轨前往巴德尔站。
埃及交通部长瓦齐尔在活动现场介绍说,目前通车试运行的项目一期工程将由22辆列车运行,预计每天运送乘客36万人。
廖力强表示,斋月十日城轻轨铁路项目由中方提供融资,采用中国技术和装备,由中埃两国企业共同实施。自项目开工以来,面对新冠疫情带来的挑战,项目实施企业疫情防控和生产建设“两手抓、两手硬”。同时,中方企业还注重培训埃及青年技术人员,为项目建设及维保团队提供人才支持。
当天试运行的列车司机穆罕默德·努希尔曾于2018年到中国南京铁道职业技术学院参加培训。他对新华社记者说:“我身边很多朋友总问我什么时候能乘坐轻轨上班,他们很期待这条铁路通车。”他表示,坐在车厢里很舒适,很平稳,车速也比地铁要快。
埃及斋月十日城轻轨铁路位于埃及首都开罗东部,是连接开罗市区与新行政首都、斋月十日城和东部沿线卫星城的重要纽带,也是中埃“一带一路”合作旗舰项目之一。据项目总承包方中国中铁-中航国际联合体介绍,该项目一二期线路总长约70公里,共设12座车站、1个车辆段和2座牵引变电所。列车采用6辆固定编组,最高运行时速为120公里。列车在起点站阿德利·曼苏尔站与开罗地铁三号线接驳,沿途经过阿布尔市、舒鲁克城、巴德尔城等,最终抵达新行政首都艺术文化站。(完)
图说1-这是7月3日在埃及开罗东部拍摄的一列试运行的轻轨列车。新华社记者 隋先凯 摄
图说2-7月3日,在埃及开罗东部,中方工作人员监看由中国培训的埃及轻轨列车驾驶员驾驶一辆试运行的轻轨列车。新华社记者 隋先凯 摄
图说3-7月3日,埃及总统塞西(右一)和总理马德布利(右二)在开罗出席斋月十日城轻轨铁路通车试运行活动。新华社发(埃及总统府供图)
图说4-这是7月3日在埃及开罗东部拍摄的一辆试运行的轻轨列车内部。新华社记者 隋先凯 摄