Connect with us

North America

အမေရိကန်က မျောက်ကျောက်ရောဂါကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်ကြေညာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ မျောက်ကျောက်ရောဂါကာကွယ်ဆေးထိုးရန် တန်းစီနေသူများအား ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

အမေရိကန် ကျန်းမာရေးနှင့် လူသားအကျိုးပြုဝန်ဆောင်မှုဌာန (HHS) က မျောက်ကျောက်ရောဂါကို နိုင်ငံ၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သြဂုတ် ၄ ရက်တွင် ကြေညာခဲ့သည်။

ယင်းသို့လုပ်ဆောင်ခြင်းက အမေရိကန်၏ ကူးစက်ရောဂါကိုင်တွယ်မှုအဆင့်ကို မြှင့်တင်ပေးနိုင်ကြောင်း ၎င်းတို့က ဆိုသည်။ သို့သော် ကျွမ်းကျင်ပညာရှင်အချို့ကမူ အလားအလာကောင်းမည်မဟုတ်ကြောင်း သတိပေးထားသည်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ သြဂုတ် ၄ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ မျောက်ကျောက်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ကမ္ဘာတစ်ဝန်း၌ မျောက်ကျောက်ရောဂါဖြစ်ပွားသူ စုစုပေါင်း ၂၆,၈၀၀ ခန့်ရှိပြီး အမေရိကန်တွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၇,၁၀၀ ရှိကြောင်းနှင့် ကမ္ဘာပေါ်တွင် မျောက်ကျောက်ရောဂါအတည်ပြုလူနာ အများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။ အမေရိကန်တွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုများသောဒေသမှာ နယူးယောက်ပြည်နယ်၊ ကယ်လီဖိုးနီးယားပြည်နယ်နှင့် အီလီနွိုက်ပြည်နယ်တို့ ဖြစ်ပြီး ယင်းပြည်နယ် ၃ ခုက မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီးကြောင်း သိရသည်။ (Xinhua)

………………………….
(Chinese Version)
美国宣布猴痘疫情为公共卫生紧急事件
新华社洛杉矶8月4日电(记者黄恒)美国卫生与公共服务部4日宣布猴痘疫情为该国公共卫生紧急事件,称此举将提升全美对这一传染病的应对水平,但不少专家警告说前景恐怕不乐观。
据美国疾病控制和预防中心4日发布的最新数据,本次猴痘疫情以来,全球已累计报告猴痘病例约2.68万例,美国已报告超过7100例,是目前全球确诊猴痘病例最多的国家。美国猴痘病例较多的州有纽约州、加利福尼亚州和伊利诺伊州等,这三个州此前已分别宣布进入猴痘疫情紧急状态。
图说- 7月30日,人们在美国纽约一处猴痘疫苗接种点排队。新华社发(郭克摄)