Connect with us

Politics, Law & Military

သမိုင်းအခြေအနေကို ဆန့်ကျင်၍ ကိုယ့်အင်အားနှင့်မတန်မရာ လုပ်နေခြင်းက မုချကျရှုံးမည်ဖြစ်

ပေကျင်း၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ တရုတ်ဆန့်ကျင်ရေး နိုင်ငံရေးသမား နန်စီ ပီလိုစီ က တရုတ်နိုင်ငံ၏ အပြင်းအထန်ကန့်ကွက်မှုနှင့် အလေးအနက်ထား ညှိနှိုင်းဖြေရှင်းမှုများကို ဂရုမစိုက်ဘဲ သြဂုတ် ၂ ရက်က တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်ခဲ့သည်။ ယခုရက်များတွင် တရုတ်နိုင်ငံက ယင်းအပေါ် တန်ပြန်အရေးယူသည့် အနေဖြင့် အားကောင်းသော စီမံချက်များ ဆက်တိုက်လုပ်ဆောင်ကာ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” လုပ်ရပ်နှင့် ပြင်ပအင်အားစု ဝင်ရောက်စွက်ဖက်မှုများကို ပြင်းပြင်းထန်ထန် ဟန့်တားခဲ့ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်မည့် ခိုင်မာသောစိတ်ဓာတ်၊ မြဲမြံသောသန္နိဋ္ဌာန်နှင့် အင်အားကြီးမားသော စွမ်းရည်ကို ပြသခဲ့သည်။

ပီလိုစီ၏ သူ့နည်းသူ့ဟန်ဖြင့် သွားရောက်ခဲ့သော တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသခရီးစဉ်သည် ၎င်း၏ကိုယ်ပိုင်နိုင်ငံရေး အရင်းအနှီးရယူရန်၊ “နိုင်ငံရေးအမွေ” ကို ဖန်တီးရန်၊ လူအများအာရုံစိုက်သည့် ၎င်း၏မိသားစု သတင်းဆိုးမှ အာရုံလွှဲရန်ဖြစ်သလို အမေရိကန်၏ တရုတ်နိုင်ငံဆန့်ကျင်ရေး နိုင်ငံ‌ရေးသမားများက ထိုင်ဝမ်ကို အသုံးချကာ ထိုင်ဝမ်အရေးဖြင့် တရုတ်နိုင်ငံအား မဟာဗျူဟာမြောက် ချုပ်ကိုင်ခြင်းနှင့် အချင်းချင်း နစ်နာစေရန် လုပ်ဆောင်နေခြင်းလည်းဖြစ်ကြောင်း ပေါ်လွင်နေသည်။ ပီလိုစီအင်အားစု၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်များကို တရုတ်နိုင်ငံ ပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝန်းမှ ယခင်ကတည်းက ရှင်းရှင်းလင်းလင်း သိရှိထားပြီးဖြစ်သည်။
ပီလိုစီအင်အားစု၏ မျှော်မှန်းထားသည့် ရည်ရွယ်ချက်မှာ အောင်မြင်မည်မဟုတ်သည့်အပြင် သွေးထွက်သံယို ထိခိုက်မှုသာ ဖြစ်မည်ဖြစ်သည်။

တရုတ်နိုင်ငံပြည်သူများ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်လိုသော စိတ်ဓာတ်နှင့် သန္နိဋ္ဌာန်သည် ကျောက်သားသဖွယ်ခိုင်မာကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်သည့် နှစ်ပေါင်း ၁၀၀ ကို နောက်ပြန်ကြည့်လျှင် တရုတ်ပြည်သူများက အင်အားကြီးနိုင်ငံများ၏ ဖိနှိပ်အနိုင်ကျင့်မှုအား ရင်ဆိုင်ရာတွင် မည်သည့်အချိန်က တွန့်ဆုတ်ခဲ့ဖူးသနည်း။ ပြင်ပအင်အားစုများက ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်စွက်ဖက်ခြင်းအပေါ် မည်သည့်အချိန်က အရှုံးပေးခဲ့ဖူးသနည်း။ တရုတ်ပြည်သူလူထုများက မည်သည့်အချိန်မှ အယူမသီးကြောင်း၊ ဖိနှိပ်မှုကို ကြောက်ရွံ့ခြင်းမရှိ၊ တစ္ဆေသရဲများကိုလည်း ကြောက်ရွံ့ခြင်းမရှိ၊ အမျိုးသားရေးမျက်နှာစာတွင် တရုတ်နိုင်ငံ၏ လုံးဝပြည့်စုံသော ပေါင်းစည်းမှုကို ဟန့်တားရန်၊ နှောင့်နှေးစေရန် လုပ်ဆောင်သော ကြံစည်မှု မှန်သမျှက တရုတ်ပြည်သူများကို ပိုမိုစည်းလုံးစေမည်သာဖြစ်သည်။ ရှေ့ဆက်ခရီးစဉ်တွင် ကြုံတွေ့လာနိုင်မည့် လှိုင်းဒဏ်လေဒဏ်မှန်သမျှအပေါ် အပြည့်အဝပြင်ဆင်ထားကြောင်း၊ ကြီးမားသော သန္နိဋ္ဌာန်၊ ယုံကြည်ချက်နှင့် စိတ်ရှည်ရှည်ဖြင့် ၎င်းတို့နှင့် အဆုံးတိုင် တိုက်ခိုက်သွားမည်ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ပြီး အင်အားကြီးမားလာသည့် တရုတ်နိုင်ငံက ပြင်ပအင်အားစု ဝင်ရောက်စွက်ဖက်မှုကို တန်ပြန်တုံ့ပြန်နိုင်သည့် ကြီးမားသည့် အင်အားရှိသည်။ ပီလိုစီ၏ ဆိုးဝါးသော ရန်စသည့်လုပ်ရပ်ကို တုံ့ပြန်သောအားဖြင့် ပီလိုစီ၏ မိသားစုဝင်များအပေါ် ပိတ်ဆို့အရေးယူပြီး အမေရိကန်အပေါ် တန်ပြန်အ‌‌ရေးယူမှု ၈ ချက် ချမှတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးမီတွင် ကြေညာခဲ့သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက် ရေပြင်နှင့် ဝေဟင်၌ မကြုံစဖူး လက်တွေ့စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ အကောင်းဆုံးသော တုံ့ပြန်မှုက လုပ်ဆောင်ချက်များပင်ဖြစ်ကြောင်း၊ တိကျသော ပစ်မှတ်ရှိသည့် စနစ်တကျ အဆင့်ဆင့်လုပ်ဆောင်သည့် ခိုင်မာသော လုပ်ရပ်များက အမေရိကန်ရှိ တရုတ်ဆန့်ကျင်ရေး နိုင်ငံရေးသမားနှင့် “ထိုင်ဝမ် သီးခြားရပ်တည်ရေး” တက်ကြွသူများ၏ “အဓိကနာကျင်သည့်နေရာ” ကို တိုက်ရိုက် တိုက်ခိုက်ကာ တရုတ်ပြည်သူလူထုများ၏ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်ရန် နည်းလမ်းနှင့် စွမ်းရည်အပြည့်အဝရှိကြောင်း ပြသလိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ပြန်လည်ပေါင်းစည်းရမည်ဖြစ်သလို၊ ပြန်လည်ပေါင်းစည်းသွားမည်လည်း ဖြစ်သည်။ သမိုင်းနောက်ကြောင်း ပြန်ကြည့်လျှင် ထိုင်ဝမ်အရေးသည် အမျိုးသားရေး ရှုပ်ထွေးအားနည်းမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အနာဂတ်ကို ကြည့်ပါက ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ ကြီးမားစွာပြန်လည်ဖွံ့ဖြိုးတိုတက်မှုဖြင့် ဖြေရှင်းနိုင်မည်မှာ သေချာကြောင်း၊ ထိုင်ဝမ်ရှိ ညီအစ်ကိုမောင်နှမများသည်လည်း အမိမြေ ပြည်မကြီးရှိ ပြည်သူများနှင့်အတူ တရုတ်နိုင်ငံ၏ ကြီးမားစွာ ပြန်လည်ဖွံ့ဖြိုးတိုးတက်မှုဂုဏ်ကို မျှဝေခံစားရမည်ဖြစ်သည်။ ၎င်းကို မည်သူ၊ မည်သည့်အင်အားစုမှ ဟန့်တား၍မရကြောင်း၊ တရုတ်ဆန့်ကျင်ရေး နိုင်ငံ‌ရေးသမားများ၏ “ထိုင်ဝမ်ဖြင့် တရုတ်ဆန့်ကျင်ရေး”၊ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” အင်အားစု၊ “လွတ်လပ်ရေးအတွက် အမေရိကန်ကို အားကိုးခြင်း” စသည့် ဆိုးဝါးသောလုပ်ရပ်များက သမိုင်းအခြေအနေကို ဆန့်ကျင်၍ ကိုယ့်အင်အားနှင့်မတန်မရာ လုပ်နေခြင်းမှာ မုချကျရှုံးမည်ဖြစ်ကြောင်းကို သမိုင်းက သက်သေပြထားမည်ဖြစ်သည်။ (Xinhua)

#China #US #Xinhua #Myanmar #XinhuaMyanmar #တရုတ် #အမေရိကန် #ဆင်ဟွာ
…………………………………………
逆历史大势而动,无异于螳臂当车
新华社记者杨依军
8月2日,美国反华政客佩洛西不顾中方强烈反对和严正交涉,执意窜访中国台湾地区。连日来,中方采取一系列坚决有力措施予以反制,严正震慑了“台独”分裂行径和外部势力干涉,彰显了捍卫国家主权和领土完整的坚强决心、坚定意志、强大能力。
佩洛西一意孤行窜访中国台湾地区,是要捞取个人政治资本,打造其所谓“政治遗产”,转移公众对其家族丑闻的注意力;也是美国反华政客把台湾当作一枚棋子、企图借台湾问题对中国进行战略牵制和消耗的最新表现。对佩洛西之流的险恶用心,中国人民和国际社会早就看得清清楚楚。
佩洛西之流的如意算盘非但不会得逞,而且一定会碰得头破血流。
中国人民捍卫国家主权和领土完整的决心和意志坚如磐石。回望百年,在中国共产党领导下,面对列强的压迫欺凌,我们什么时候退缩过?面对外部势力的种种干涉,我们什么时候屈服过?中国人历来不信邪、不惧压、不怕鬼。在民族大义面前,任何妄图阻挠中国完全统一、迟滞乃至阻断中华民族伟大复兴历史进程的行径,都只会让中国人民更加万众一心、众志成城。对前进航程中的一切险滩暗礁、惊涛骇浪,我们都做好了充分准备,将以最大的决心、信心与耐力与之斗争到底。
发展壮大起来的中国有反制外部势力干涉的强大能力。针对佩洛西的恶劣挑衅行径,中国外交部日前宣布,对佩洛西及其直系亲属采取制裁措施,对美方采取八条反制措施。中国人民解放军在台岛周边海空域开展了规模空前的实战化联合演训。行动是最有力的语言。一系列有目标、有章法、有步骤的坚决行动,直击美国反华政客和“台独”分子的痛处,充分证明我们完全有办法、有能力捍卫国家利益和民族尊严。
中国必须统一,也必然统一,这是中华民族历史演进大势所决定的。回首过去,台湾问题因民族弱乱而产生;眺望未来,台湾问题必将随着民族复兴而解决。广大台湾同胞定会同祖国大陆同胞一道,共享中华民族伟大复兴的荣光。这是任何人、任何势力都阻挡不了的。历史终将证明,反华政客“以台制华”、“台独”分子“倚美谋独”的卑劣行径都是逆历史大势而动,无异于螳臂当车。(完)