Connect with us

Politics, Law & Military

“တစ်နိုင်ငံ စနစ်နှစ်မျိုး”၏ကဏ္ဍသစ်ဆီသို့ အားမာန်အပြည့်နှင့် တူစုံလက်ညီ တက်လှမ်းချီ

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ Golden Bauhinia ရင်ပြင်၏ မြင်ကွင်းအား ၂၀၂၀ပြည့်နှစ် ဇူလိုင် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၉ ရက်(ဆင်ဟွာ)

မဲအရေအတွက် ၁,၄၁၆ မဲ ဖြင့် ရွေးကောက်ပွဲတွင် လီကျားချောင်း အနိုင်ရရှိခဲ့သည်။ မေ ၈ ရက် နေ့လယ်ပိုင်းက ဟောင်ကောင် ကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာတွင် လက်ခုပ်ဩဘာသံများကြား ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူး ထွက်ပေါ်လာသည်။ မီဒီယာများရှေ့တွင် လီကျားချောင်းက “ဤသမိုင်းပေးတာဝန်ကို ကျွန်တော် သစ္စာတရားတည် ခိုင်မြဲစွာ ပခုံးထက်တင်ကာ ဟောင်ကောင်ဒေသနေပြည်သူ ၇.၄ သန်းကို စည်းလုံးညီညွတ်စွာ ဦးဆောင်ပြီး ဟောင်ကောင်၏ကဏ္ဍသစ်ကို အတူလက်တွဲ ဖွင့်လှစ်သွားမယ်”ဟု အလေးထား ကတိကဝတ်ပြု ပြောကြားခဲ့သည်။

၎င်းမှာ ဟောင်ကောင်ရွေးကောက်ပွဲစနစ် ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ပြီးနောက် ပထမဆုံးအကြိမ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ကျင်းပခြင်း ဖြစ်သလို “နိုင်ငံကို ချစ်မြတ်နိုးသူ ဟောင်ကောင်ကို စီမံအုပ်ချုပ်ခြင်း”ဟူသော မူကို ခိုင်မာစွာ အကောင်အထည်ဖော်သော အရေးကြီးဆောင်ရွက်ချက်ဖြစ်ရာ ဟောင်ကောင်ဒေသ စည်ပင်သာယာဝပျောရေး၊ တည်ငြိမ်ရေးနှင့် “တစ်နိုင်ငံ စနစ်နှစ်မျိုး” အကောင်အထည်ဖော်ဆောင်ရွက်မှု တည်ငြိမ်စွာ ရေရှည်ဆောင်ရွက်နိုင်ရန်အတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်အတွက် အာမခံမှု ဖြစ်စေသည်။

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ မြင်ကွင်းတစ်နေရာအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“နိုင်ငံကို ချစ်မြတ်နိုးသူ ဟောင်ကောင်ကို စီမံအုပ်ချုပ်ခြင်း”အတွက် အားကောင်းသော ဆောင်ရွက်ချက်

“အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ခြင်းက ‘နိုင်ငံကို ချစ်မြတ်နိုးသူ ၊ ဟောင်ကောင်ကို စီမံအုပ်ချုပ်ခြင်း’မူရဲ့ နောက်တစ်ဆင့် အခြေစိုက် ဖော်ဆောင်သော အနက်အဓိပ္ပါယ်ရှိတယ်”ဟု တရုတ်နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဝင် ထန်ရောက်ကျုံးက ဆိုသည်။

၂၀၂၁ ခုနှစ်တွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသည် တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်၏ သက်ဆိုင်ရာဆုံးဖြတ်ချက်နှင့် တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ သက်ဆိုင်ရာ ဥပဒေပြုမှုများအရ ရွေးကောက်ပွဲစနစ်ကို ပြည့်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲပြီး ရွေးကောက်ပွဲကော်မတီ၏ ရွေးကောက်ပွဲနှင့် သတ္တမအကြိမ်မြောက် ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ရာ ဟောင်ကောင်နှင့်လက်တွေ့ ကိုက်ညီသော ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး ခိုင်မာသော ခြေလှမ်းတစ်ရပ် လျှောက်လှမ်းရာအတွက် တွန်းအားဖြစ်စေခဲ့သည်။ ရွေးကောက်ပွဲစနစ် ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ပြီးသည့် တတိယအကြိမ်မြောက်ရွေးကောက်ပွဲအနေဖြင့် ဟောင်ကောင် အထူးဒေသ ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ၏ အနက်အဓိပ္ပါယ်က လေးနက်လှသည်။

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ဆဋ္ဌမအကြိမ်မြောက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ရွေးကောက်ခံကိုယ်စားလှယ် လီကျားချောင်း၏ နိုင်ငံရေးမူဘောင် မိတ်ဆက်ပွဲအား ဧပြီ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရွေးကောက်ပွဲ အစီအစဉ်ရေးဆွဲမှုက လွန်စွာ သိပ္ပံနည်းကျရှိသည်ဟု ထန်ရောက်ကျုံးက ဆိုသည်။ အမည်စာရင်းတင်သွင်းခြင်းနှင့် အုပ်ချုပ်ရေးမှူးရွေးချယ်သည့် ရွေးကောက်ပွဲကော်မတီက နယ်ပယ်အဆင့် ၅ ခု၊ လူပေါင်း ၁,၅၀၀ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကော်မတီ အနည်းဆုံး ၁၈၈ ဦး၏ အမည်စာရင်းတင်သွင်းမှုနှင့် နယ်ပယ်အဆင့်သီးသီး အနည်းဆုံး ၁၅ ဦး၏ အမည်စာရင်း တင်သွင်းမှု ရှိရမည်ဖြစ်သည်။ ဤသတ်မှတ်ချက်များက ရွေးကောက်ခံကိုယ်စားလှယ်လောင်းများ ကျယ်ကျယ်ပြန့်ပြန့် အားပေးထောက်ခံမှုကို ရရှိစေပြီး ရွေးကောက်ပွဲ ဒီမိုကရေစီပါဝင်မှုကို အပြည့်အဝ မြှင့်တင်ပေးခြင်း ဖြစ်ရာ “ရွေးကောက်ပွဲစနစ်ကောင်းဖြင့် ခေါင်းဆောင်ကောင်း ရွေးချယ်ရေး”အတွက် ထိရောက်သည့် အာမခံမှု ဖြစ်စေသည်။

ရွေးကောက်ပွဲကော်မတီသည် နိုင်ငံကို ချစ်မြတ်နိုးသောအင်အား၏ အလွှာအသီးသီး၊ နယ်ပယ်အသီးသီးရှိ ရပ်တည်ချက်နှင့်အကျိုးစီးပွား မပြတ်တောင့်တင်းလာခြင်းကို အပြည့်အဝ ကိုယ်စားပြုကြောင်း ဟောင်ကောင်နှင့်မကာအို လေ့လာရေးအဖွဲ့ ဒုဥက္ကဋ္ဌ လျိုကျောက်ကျားက ယူဆသည်။

“အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ ဥပဒေနဲ့အညီ စနစ်တကျ ကျင်းပခြင်းက ဥပဒေနှင့်အညီ ဟောင်ကောင်အုပ်ချုပ်ရေးကို အကောင်အထည်ဖော်ခြင်း ဖြစ်သလို ဟောင်ကောင်အုပ်ချုပ်ရေးအာဏာ ပြည့်စုံကောင်းမွန်အောင် တည်ဆောက်ရေးရဲ့ အောင်မြင်မှု အမှတ်သင်္ကေတ တစ်ခု ဖြစ်တယ် ” ဟု တရုတ်လူမှုသိပ္ပံအကယ်ဒမီ ဥပဒေဌာန၏ သုတေသီလည်းဖြစ်၊ ထိုင်ဝမ်-ဟောင်ကောင်-မကာအို သုတေသနစင်တာ သုတေသီဖြစ်သူ ကျိကျန့်ဖုန်းက ယူဆသည်။
ဟောင်ကောင်ဒေသတွင် စွမ်းရည်ပြည့်ဝသည့် နိုင်ငံကို ချစ်မြတ်နိုးသူ အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခြင်းက “တစ်နိုင်ငံ စနစ်နှစ်မျိုး”အောင်မြင်စွာ အကောင်အထည်ဖော်ရေးနှင့်ဟောင်ကောင်ဒေသ စည်ပင်ဝပျောတည်ငြိမ်ရေး၊ ကာလများစွာ ဟောင်ကောင်ဒေသတွင် နက်ရှိုင်းစွာ တည်ရှိနေသော ပဋိပက္ခပြဿနာရပ်များအား ဖြေရှင်းရေးအတွက် အလွန်အဓိကကျကြောင်း ၎င်းက ဆိုသည်။

ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ရွေးကောက်ပွဲတွင် အခြေအနေသစ်၊အခက်အခဲသစ်များ ဖြစ်ပေါ်ခဲ့သော်လည်း အထူးဒေသအစိုးရ၏ အစွမ်းကုန် စီမံဆောင်ရွက်မှုများဖြင့် ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာ၊ ဥပဒေအရ စည်းကမ်းတင်းကျပ်စွာ ၊ တရားမျှတပြီးပွင့်လင်းမှုရှိစွာ ကျင်းပနိုင်ခဲ့သည်။

ရွေးကောက်ပွဲ အမည်စာရင်းတင်သွင်းခြင်းသည် ဧပြီ ၃ ရက်က စတင်ခဲ့ခြင်း ဖြစ်သည်။ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ အုပ်ချုပ်ရေးဆိုင်ရာဌာန ညွှန်ကြားရေးမှူးချုပ်တာဝန်မှ နုတ်ထွက်ပြီးဖြစ်သည့် လီကျားချောင်းသည် ဧပြီ ၉ ရက်တွင် ရွေးကောက်ပွဲ၌ ပါဝင်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲကော်မတီဝင် ၇၈၆ ဦးက ၎င်းအား အမည်စာရင်းတင်သွင်းရန် ထောက်ခံခဲ့ရာ အထူးဒေသရွေးကောက်ခံကိုယ်စားလှယ် စိစစ်ရေး ကော်မတီမှ အဆိုပြုချက်ကို အတည်ပြုခဲ့သည်။ မေ ၈ ရက်တွင် ထောက်ခံမဲ ၁,၄၁၆ မဲရရှိခဲ့ရာ လီကျားချောင်း မဲအမြောက်အမြားဖြင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးနေရာကို ရရှိခဲ့သည်။

ဗဟိုအစိုးရ၏ ယုံကြည်ခြင်း၊ နိုင်ငံနှင့်ဟောင်ကောင်ကို ချစ်မြတ်နိုးခြင်း၊ စီမံအုပ်ချုပ်မှုအရည်အသွေးမြင့်မားခြင်း၊ ဟောင်ကောင်လူထု၏ အားပေးထောက်ခံမှုရှိခြင်းသည် အထူးဒေသအုပ်ချုပ်ရေးမှူးရာထူးကို တိုင်းတာသည့် အဓိက စံနှုန်းဖြစ်သည်။ အမည်စာရင်းတင်သွင်းမှုနှင့်မဲပေးမှုတွင်ပါဝင်သည့် ရွေးကောက်ပွဲကော်မတီဝင်များ၏ပခုံးထက်တွင် ကြီးမားသည့် တာဝန်ဝတ္တရား ရှိကြသည်။

“ရွေးကောက်ပွဲကော်မတီတာဝန်က ‘တစ်နိုင်ငံ စနစ်နှစ်မျိုး’ဦးတည်ချက်ကို ဘက်စုံ တိကျစွာ အကောင်အထည်ဖော်မည့်၊ ဟောင်ကောင်ဒေသကို ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဦးဆောင်မည့် အုပ်ချုပ်ရေးမှူးအား ရွေးချယ်ခြင်း ဖြစ်တယ်”ဟု ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲ ကော်မတီဝင် ရှဲ့ရှောင်ဟုန်က ဆိုသည်။

ဟောင်ကောင် ယနေ့ အလိုအပ်ဆုံးမှာ လက်တွေ့တာဝန်ယူမှုရှိစွာ အကျိုးဆောင်နိုင်မည့် ခေါင်းဆောင်၊ အထူးဒေသအစိုးရအဖွဲ့ကို ဦးဆောင်၍ လူမှုနယ်ပယ်အသီးသီး တောင့်တင်းအားကောင်းလာအောင် ကြိုးပမ်းအားထုတ်ရေး တာထွက်ရန် လမ်းညွှန်မှု ဖြစ်သည်။
ဟောင်ကောင်အထူးဒေသ ရွေးကောက်ပွဲကော်မတီဝင် တိန်ဖေးက ယခင်လုပ်ငန်းစွမ်းရည်ကိုကြည့်မည်ဆိုလျှင် လီကျားချောင်းသည် တာဝန်ယူမှု၊တာဝန်ခံမှုရှိပြီး ကျယ်ပြန့်သည့် အမျှော်အမြင်ရှိသူဖြစ်သည်ကို တွေ့ရကြောင်း၊ “ဒါက လက်ရှိ ဟောင်ကောင်အတွက် အထူး အရေးကြီးတယ်”ဟု ဆိုသည်။

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင် ကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာအား မေ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အတူတကွ ဟောင်ကောင်ဒေသ၏ ကဏ္ဍသစ်အား ဖွင့်လှစ်မည်

ပန်းတိုင်ရလဒ်ကို ရည်မှန်းချက်အဖြစ်ထားရှိကာ မတူညီသည့်ပြဿနာရပ်များကို ဖြေရှင်းခြင်း၊ ဟောင်ကောင်၏ယှဉ်ပြိုင်မှုစွမ်းရည်ကို ဘက်စုံမြှင့်တင်ခြင်း၊ ဟောင်ကောင်ဖွံ့ဖြိုးတိုးတက်ရေး တည်ငြိမ်ခိုင်မာသော အခြေခံအုတ်မြစ်ချခြင်းသည် ရွေးကောက်ပွဲတွင် လီကျားချောင်း အဆိုပြုသည့် အနာဂတ် စီမံအုပ်ချုပ်ရေး ဦးတည်ချက်ကြီး ၃ ရပ် ဖြစ်သည်။

လီကျားချောင်း မဲဆွယ်စည်းရုံးရေးရုံး ဒုတိယညွှန်ကြားရေးမှူး၊ ဟောင်ကောင်အထူးဒေသ အမျိုးသားပြည့်သူကွန်ဂရက် ကိုယ်စားလှယ်၊ ဟောင်ကောင်အထူးဒေသ ဥပဒေပြုလွှတ်တော်အမတ် ချန်ရုံက ဤ ဦးတည်ချက်ကြီး ၃ ရပ်သည် ဟောင်ကောင်၏မျက်မှောက်လက်တွေ့အခြေအနေနှင့် လျော်ညီပြီး အနာဂတ်ဖွံ့ဖြိုးရေးကို မှန်ကန်တိကျစွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရေး၏ အချက်အချာဖြစ်ကြောင်း ယူဆသည်။ “ဗဟိုအစိုးရရဲ့ အားပေးထောက်ခံမှု၊ ဟောင်ကောင် လူမှုအဖွဲ့အစည်းရဲ့ အတူတကွ ကြိုးပမ်းမှုနှင့်အတူ အနာဂတ် ၅ နှစ်တာကာလ ဟောင်ကောင်တွင် အခင်းအကျင်းသစ်များ မုချ ပေါ်ပေါက်လာမယ်လို့ ယုံကြည်တယ်”ဟု ၎င်းက ဆိုသည်။

ခေတ်ကာလအပြောင်းအလဲနှင့် ရာစုကပ်ရောဂါ ထပ်လောင်း ရှုပ်ထွေးနေသည့် ပတ်ဝန်းကျင်တွင် ဟောင်ကောင်သည် မည်သည့်အချိန်ကထက်မဆို ထူးချွန်သည့် ဦးဆောင်သူတစ်ဦး လိုအပ်သည်။

ရပ်တည်ချက်ခိုင်မာပြီး ဟောင်ကောင်အုပ်ချုပ်ရေးအကောင်အထည်ဖော်ရာတွင် “တစ်နိုင်ငံ စနစ်နှစ်မျိုး”ဦးတည်ချက်ကို ဘက်စုံတိကျမှန်ကန်စွာ ဖော်ဆောင်ရာ၌ လိမ္မာကျွမ်းကျင်သူ၊ စွမ်းရည်ပြည့်ဝ တာဝန်ယူမှုတာဝန်ခံမှုရှိစွာ ဟောင်ကောင်ဒေသဖွံ့ဖြိုးရေးတွင် ကြုံတွေ့နေရသော ပဋိပက္ခနှင့်ပြဿနာများကို ဖြေရှင်းရာတွင် လိမ္မာပါးနပ်သူ၊ မူလပင်ကို ရည်ရွယ်ချက်ကို မမေ့အပ်ဘဲ ပြည်သူလူထုအတွက် လက်တွေ့အကျိုးဖော်ဆောင်ပေးရာ၌ ကျွမ်းကျင်သူ၊ ဘက်ပေါင်းစုံ၏အင်အားကို စည်းလုံးစွာဖြင့် တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်သူကို လိုအပ်ပေသည်။

အမှန်ကိုအမှန်အတိုင်း လက်တွေ့ကို လက်တွေ့အတိုင်း ဆောင်ရွက်ခြင်း၊ ပြောင်းလဲရေးအတွက် ကြိုးပမ်းရာ၌ ဆန်းသစ်မှုကို ဖန်တီးခြင်း ရှိရမည်ဖြစ်သည်။

ရွေးကောက်ပွဲကာလတွင် လီကျားချောင်းသည် နိုင်ငံရေးအဖွဲ့အစည်း၊ အစုအဖွဲ့ နှင့် အခြေခံမိသားစု အသီးသီးသို့ သွားရောက် လေ့လာခဲ့ရာ တစ်ရက်အတွင်း နေရာ ၁၀ ခုပင် သွားရောက်ကာ အုပ်ချုပ်ရေးအတွေးအခေါ်အယူအဆများကို ရှင်းပြသည့်အပြင် တစ်ချိန်တည်းတွင်ပင် နယ်ပယ်အသီးသီးက အမြင်သဘောထားများကိုလည်း အပြည့်အဝ ကြားနာခဲ့သည်။ သူသည် အွန်လိုင်းတွင်လည်း “ချောင်းကော၏ အများအသံ နားဆင်ခြင်း” ပလက်ဖောင်း ဖွင့်လှစ်ပြီး လူမှုအသိုက်အဝန်း အလွှာအသီးသီးက လူမှုရေးပြဿနာနှင့်အနာဂတ်ဖွံ့ဖြိုးရေး အမြင်သဘောထား၊အကြံပြုချက်များကို ကျယ်ကျယ်ပြန့်ပြန့် ကြားနာခဲ့သည်။ ရွေးကောက်ပွဲမဲဆွယ်ရေးရုံးတွင် နေ့စဉ်လိုလို ကဏ္ဍအသီးသီးမှ နိုင်ငံရေးအကြုံပြုလွှာများ လက်ခံရရှိခဲ့သည်။

ကောင်းမွန်သည့် အပြန်အလှန်တုန့်ပြန်ဖလှယ်မှုများတွင် လူမှုအသိုက်အဝန်းနယ်ပယ်အသီးသီး၏ အမြင်သဘောထားများကို အပြည့်အဝ လက်ခံသိရှိရသည်။ စုပေါင်းအိမ်ရာတိုက်ခန်းနေထိုင်သူများက “စုပေါင်းအိမ်ရာတိုက်ခန်းတွေက တစ်ရက်ကို ငွေမနည်းရတယ်”၊ ဟောင်ကောင်ဒေသအထူးအစိုးရအနေဖြင့် အိမ်ရာပြဿနာကို ကောင်းမွန်စွာ ဖြေရှင်းပေးရန် ပြောကြားလာကြောင်း ဟောင်ကောင်မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

လီကျားချောင်း ထုတ်ပြန်သည့် ရွေးကောက်ပွဲပါဝင်ရသော နိုင်ငံရေး မူဘောင်တွင် မြေယာအိမ်ရာများကို “လျင်မြန်၊ ထိရောက်၊ ပမာဏတိုး”ဆောင်ရွက်မှုကို အဓိကနေရာတွင် ထားရှိသည်။

“အနာဂတ် ၅ နှစ်ကာလတွင် ဟောင်ကောင်ကို စီမံအုပ်ချုပ်ရာမှ စည်ပင်ဖွံ့ဖြိုးတိုးတက်လာသည့်ကဏ္ဍသစ်ကို ဖွင့်လှစ်ဖို့ ကျွန်တော်မျှော်လင့်ထားတယ်”ဟု လီကျားချောင်းက ဆိုသည်။ ရွေးကောက်ပွဲ မဲဆွယ်ရေးတွင် လီကျားချောင်း အဆိုပြုသည့် နိုင်ငံရေးမူဘောင် မူဝါဒ ၄ ရပ် ရှိရာ ၎င်းတို့တွင် အစိုးရ၏စီမံအုပ်ချုပ်နိုင်စွမ်းကို အားကောင်းအောင် ဆောင်ရွက်၍ တစ်သားတည်း စည်းလုံးညီညွတ်စွာဖြင့် ပြည်သူ့အခက်အခဲအကျပ်အတည်းများကို ဖြေရှင်းပေးရန်၊ ကောင်းမွန်ကျစ်လစ်၍ရိုးရှင်းသော လုပ်ငန်းစဉ် ဘက်စုံစီမံအုပ်ချုပ်ရေးဖြင့် စိတ်အေးချမ်းသာစွာ နေထိုင်ရေးနေရာများကို ပိုမိုပံ့ပိုးပေးရန်၊ ယှဉ်ပြိုင်မှုစွမ်းရည် ဘက်စုံမြှင့်တင်၍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအလားအလာကို ဖန်တီးရန်၊ ချစ်ကြည်သင့်မြတ်မှုရှိသော လူမှုအသိုက်အဝန်းကို အတူတကွ တည်ဆောက်၍ လူငယ်လူရွယ်များ မြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ရေးအခွင့်အလမ်းများ ထပ်တိုးပေးရန်တို့ ပါဝင်ကြောင်း သိရသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရွေးကောက်ပွဲကော်မတီဝင်၊လျင်နန်တက္ကသိုလ်(ဟောင်ကောင်)တရုတ်စီးပွားရေးသုတေသနဌာန ဒု-ညွှန်ကြားရေးမှူး ကျိုးဝန်ကန်က အစိုးရ၏စီမံအုပ်ချုပ်မှုစွမ်းရည်ကို အားကောင်းအောင် ဆောင်ရွက်ခြင်းသည် ဟောင်ကောင်ဒေသပြည်သူ့အုပ်ချုပ်ရေးစနစ် စွမ်းရည်ကို မြှင့်တင်ပေးခြင်း၊ အထူးဒေသ အဖွဲ့အစည်းများ စီမံခန့်ခွဲခြင်းနှင့် လူမှုအဖွဲ့အစည်း အလုံးစုံစည်းရုံးနိုင်ခြင်းကို မြှင့်တင်ရာ၌ အထောက်အပံ့ဖြစ်စေသည်ဟု ယူဆသည်။

လီကျားချောင်းသည် လူငယ်လူရွယ်ရေးရာမူဝါဒကဏ္ဍတွင် နိုင်ငံကို ချစ်မြတ်နိုးမှု ပညာရေးကို အားဖြည့်ရန်၊ ဟောင်ကောင်လူငယ်လူရွယ်များ ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမိုကောင်းမွန်စွာ ပေါင်းစည်းပါဝင်ကာ နိုင်ငံနှင့်ဟောင်ကောင်ဒေသအတွက် အကျိုးပြုရေး၊ အိမ်ရာမူဝါဒကို မှန်ကန်စွာချမှတ်ရန် အဆိုပြုခဲ့ကြောင်း ၊ “ဒါက ပိုမိုများပြားတဲ့ လူငယ်လူရွယ်များအတွက် အေးချမ်းသာရာစွာ အလုပ်လုပ်ကိုင်နေထိုင်ရေး ဦးတည်ချက်ကို ရှင်းလင်းတိကျစေတယ်”ဟု ဟောင်ကောင်အထူးဒေသ ရွေးကောက်ပွဲကော်မတီဝင်၊ ဟောင်ကောင်လူငယ်များအသင်း ဥက္ကဋ္ဌ ချန်ခိုင်ရုံက ဆိုသည်။

“ဖွံ့ဖြိုးတိုးတက်ရေးက ဟောင်ကောင် အစဉ်တစိုက် ဂရုပြုအလေးထားရမယ့် ပထမအရေးကြီးတာဝန်ဖြစ်တယ်။ နိုင်ငံရေးမူဘောင်မှာ ဘဏ္ဍာရေးဗဟို ခိုင်မာစေရန်၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ မြောက်ပိုင်းမြို့ပြဧရိယာ တိုးချဲ့ရန်၊ တီထွင်ဖန်တီးမှုရှိသော စီးပွားရေးကို တွန်းအားပေးရန်၊ ဦးတည်ချက်ဖြင့်အရှေ့သို့မျှော်မှန်းမှုရှိစေရန် အဆိုပြုခဲ့တယ်” ဟု ကျိကျန့်ဖုန်းက ဆိုသည်။
၎င်းမှာ ဟောင်ကောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ် တစ်ဆင့်တိုးကျယ်ပြန့်ရေး၊ စက်မှုလုပ်ငန်းအခင်းအကျင်း ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ စီးပွားရေးကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရေး၊ နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းမြှင့်တင်ရေးအတွက် အကြံဉာဏ်လမ်းစ အထောက်အပံ့ဖြစ်စေကြောင်း ပြောကြားခဲ့သည်။

ခေတ်သစ်၊ စမှတ်သစ်၊ စီမံကိန်းသစ်များနှင့်အတူ “ဟောင်ကောင်၏အနာဂတ်အပေါ် ကျွန်တော် ယုံကြည်ချက် အပြည့်အဝ ရှိတယ်။ ကျွန်တော်တို့ကသာ စိတ်တူကိုယ်တူ အားမာန်အပြည့်နဲ့ ရှေ့သို့ လှမ်းချီမယ်ဆိုရင် ဟောင်ကောင်ဟာ ‘တစ်နိုင်ငံ စနစ်နှစ်မျိုး’ တစ်မူထူးခြားတဲ့ အားသာချက်များကို ဘက်စုံပြောင်မြောက်အောင် ဆောင်ရွက်နိုင်ပြီး ကဏ္ဍသစ်ထပ်မံဖွင့်လှစ်နိုင်မှာ ဖြစ်တယ်”ဟု လီကျားချောင်းက ဆိုသည်။

 

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ Golden Bauhinia ရင်ပြင်၏ မြင်ကွင်းအား မေ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“တစ်နိုင်ငံ စနစ်နှစ်မျိုး” အနာဂတ်သို့ လျှောက်လှမ်းခြင်း၏ အားဖြည့်တွန်းအား

အားမာန်အပြည့်ဖြင့် ကြိုးပမ်းမှု ၂၅ နှစ်ကြာကာလတွင် ခရီးစဉ်သစ်ကို လက်တွဲကာ ထပ်မံလျှောက်လှမ်းနေပြီ ဖြစ်သည်။ အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်ပြည့် အရေးကြီးအချိန်အခါတွင် “တစ်နိုင်ငံ စနစ်နှစ်မျိုး” ဟောင်ကောင်၌ အကောင်အထည်ဖော်ဆောင်နေခြင်း မယိမ်းယိုင်၊ မပြောင်းမလဲသွားစေရန် ဆက်လက်အာမခံရေးသည် စီမံအုပ်ချုပ်ရေးအဖွဲ့သစ်၏ ပခုံးထက်တွင် ထမ်းဆောင်ထားသော ကြီးလေးသည့် တာဝန်ဖြစ်သည်။

တည်ငြိမ်ရေးနှင့်လုံခြုံရေးသည် “တစ်နိုင်ငံ စနစ်နှစ်မျိုး”ဖွံ့ဖြိုးတိုးတက်ရေး၏ မရှိမဖြစ် ပြည်စုံရမည့် အကြောင်းအရာ ဖြစ်သည်။ အိမ်ထောင်ရှင်မ တစ်ဦးဖြစ်သည့် ချိန်ယွဲ့လန်၏အမြင်တွင် ဟောင်ကောင်သည် ယခု ၂ နှစ်တာကာလအတွင်း အများကြီး ပြောင်းလဲ၊ ရင့်ကျက်သွားကြောင်း ဆိုသည်။
“ကျွန်မတို့ သာမန်ပြည်သူတွေက ‘အရေပြားမီးလောင်ကျွမ်းရင် ၊ အရေပြားပေါ်ကမွှေးညှင်း ရှင်သန်ဖို့ရာ ဖြစ်နိုင်မလား’ဆိုတဲ့ သဘောတရားကို နားလည်လာတယ်။ လူမှုအသိုက်အဝန်းဆိုတဲ့ ပတ်ဝန်းကျင်ကြီးက သဟဇာတဖြစ် တည်ငြိမ်မှသာ ကျွန်မတို့မိသားစုတွေလည်း အေးချမ်းသာယာစွာနေထိုင်နိုင်မှာ”ဟု ၎င်းက ပြောကြားခဲ့သည်။

ရှန်ဟိုင်း နိုင်ငံတကာရေးရာ သုတေသနဌာန ဟောင်ကောင်-မကာအို သုတေသနရုံး ညွှန်ကြားရေးမှူး ကျန်းကျန့်က တစ်နေ့တစ်ခြား ရှုပ်ထွေးလာသည့် နိုင်ငံတကာအခြေအနေတွင် ဟောင်ကောင်သည် ဘက်စုံလုံခြုံရေးခြိမ်းခြောက်မှုများ ရင်ဆိုင်နေရရာ နိုင်ငံ၏အချုပ်အခြာအာဏာ ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားကို အစွမ်းကုန် ကာကွယ်ထိန်းသိမ်းခြင်းသည် ဟောင်ကောင်အုပ်ချုပ်သူတို့၏ အစဉ် ထိပ်တန်း တာဝန်ဝတ္တရား ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲစနစ်သစ် ဘက်စုံအကောင်အထည် ဖော်ခြင်းသည် “နိုင်ငံကို ချစ်မြတ်နိုးသူ ၊ ဟောင်ကောင်ကို အုပ်ချုပ်ခြင်း”အတွက် စနစ်နှင့်မူဝါဒ အာမခံချက်ရှိစေပြီး ပြည်သူလူထု၏ မျှော်မှန်းရာသည် နိုင်ငံစီမံအုပ်ချုပ်ရေးကောင်းမွန်ရာသို့ ပြောင်းလဲစေခဲ့သည်။ စီမံအုပ်ချုပ်ရေးထိရောက်နိုင်စွမ်းကို မြှင့်တင်ခြင်း၊ အထူးဒေသစီမံမှုစနစ်ကို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ခြင်းသည်လည်း အနာဂတ်၏ အရေးကြီးတာဝန်ဖြစ်လာမည် ဖြစ်သည်။

“ဘက်ပေါင်းစုံရှိခြင်း၊ ပါဝင်လက်ခံမှုရှိခြင်း၊ ပွင့်လင်းမှုရှိခြင်း”က ဟောင်ကောင် သမိုင်းရဲ့ကဏ္ဍရပ်ဖြစ်တယ်၊ အနာဂတ်မှာ ‘စူပါ ဆက်သွယ်ချိတ်ဆက်သူ’ဟူသော ကဏ္ဍကို တစ်ဆင့်တိုး ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံတကာ ဘဏ္ဍာရေးဗဟိုနေရာကို ခိုင်မာစွာ မြှင့်တင် ဆောင်ရွက်သွားမယ်”ဟု China Construction Bank Corporation(CCB) အာရှရေးရာ စီးပွားရေးပညာရှင် ချန်စစ်ယွမ်က ဆိုသည်။

ဟောင်ကောင်တွင် ပြည်ပထွက်ခွာ တရုတ်ယွမ်ငွေ ဝန်ဆောင်မှုစင်တာ(Offshore RMB Business Center)၊ နိုင်ငံတကာပိုင်ဆိုင်မှုစီမံခန့်ခွဲရေးစင်တာ(International Asset Management Center)၊ အန္တရာယ်စီမံခန့်ခွဲမှုစင်တာ(Risk Management Center)၊ အစိမ်းရောင်ဘဏ္ဍာရေးစင်တာ(Green Finance Center)၊ ဘဏ္ဍာရေးနည်းပညာစင်တာ(FinTech Center)များကို တည်ဆောက်လျက်ရှိရာ နိုင်ငံတကာအရင်းအနှီးဈေးကွက်နှင့်ဘဏ်လုပ်ငန်း အင်တိုက်အားတိုက် ဖွံ့ဖြိုးတိုးတက်လာရေးစသည့်ကဏ္ဍများအတွက် အလားအလာများစွာရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟောင်ကောင်အထူးဒေသ ရွေးကောက်ပွဲကော်မတီဝင်၊ ဟောင်ကောင်လူငယ်စွမ်းအားရှင်များအသင်း ဥက္ကဋ္ဌ လျင်ကျွင့်ကျယ်က နိုင်ငံ၏ (၁၄)ကြိမ်မြောက် (၅)နှစ်တာ စီမံကိန်းနှင့် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ဒေသ၊ ရပ်ဝန်းနှင့်ပိုးလမ်းမ တည်ဆောက်မှုတို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အခင်းအကျင်းကြီးတွင် ဟောင်ကောင်ပါဝင်နိုင်ရေးအတွက် ရခဲလှသော အခွင့်အလမ်း ဖြစ်ကြောင်း ဆိုသည်။

နည်းပညာဆန်းသစ်တီထွင်မှုနှင့် နိုင်ငံတကာအသွင်ပေါင်းစည်းမှုအားသာချက်ကို ဟောင်ကောင်က အပြည့်အဝ အသုံးချကာ ပင်လယ်ကွေ့ဒေသတွင် လုပ်ငန်းအများအပြားအခြေချရေး၊ ဟောင်ကောင်လူငယ်များ ပင်လယ်ကွေ့ဒေသ တည်ဆောက်ရေးတွင် ပိုမိုပါဝင်ရေးအတွက် ဝန်ဆောင်မှုပေးရမည်ဖြစ်သလို ပြည်တွင်းလုပ်ငန်းများ ပြည်ပဈေးကွက်သို့ တိုးချဲ့လျှောက်လှမ်းရေးကိုလည်း ကူညီထောက်ပံ့ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ပြည်သူကို ဗဟိုပြုခြင်း”သည် ဟောင်ကောင်ဒေသ စီမံခန့်ခွဲရေးအယူဝါဒ၏ အခြေခံမူဖြစ်သည်။ ဟောင်ကောင်၏ အုပ်ချုပ်ရေးအဖွဲသစ်သည် ပြည်သူကို ချစ်မြတ်နိုး၍ ပြည်သူ့အတွက်ဟူသော အယူဝါဒနှင့်သန္နိဋ္ဌာန် တည်ဆောက်ရမည်ဖြစ်ပြီး ဘက်ပေါင်းစုံ အင်အားဖြင့် ဟောင်ကောင်တွင် အရိုးစွဲနေသော နက်ရှိုင်းစွာ တည်ရှိနေသည့်ပဋိပက္ခအသွယ်သွယ်ကို လျင်မြန်စွာ ဖြေရှင်းရမည် ဖြစ်ကြောင်း လျိုကျောက်ကျားက ယူဆသည်။ “အထူးသဖြင့် အိမ်ရာကိစ္စ၊ ဆင်းရဲနွမ်းပါးခြင်းနှင့် ကျန်းမာရေးကဏ္ဍများတွင် ဟောင်ကောင်သားတွေ အထူးသဖြင့် လူငယ်တွေအတွက် မျှော်လင့်ချက်ပေးရမှာ ဖြစ်တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

“အနာဂတ် ၅ နှစ်တာကာလမှာ ဟောင်ကောင်သည် စီမံအုပ်ချုပ်မှုမှသည် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ တက်လှမ်းမယ့် အရေးကြီးအချိန်အခါဖြစ်တယ်၊ အခွင့်အလမ်းနဲ့စိန်ခေါ်မှုတွေ ပြည့်နှက်နေတယ်”ဟု မေ ၈ ရက် သတင်းစာရှင်းလင်းပွဲတွင် လီကျားချောင်းက အလေးထား ပြောကြားခဲ့သည်။ အစိုးရသစ်အနေဖြင့် လက်တွေ့လုပ်ဆောင်မှုဖြင့် ယုံကြည်ချက်ကို တည်ဆောက်သွားမည် ဖြစ်သလို ရလဒ်များဖြင့် ကွာခြားမှုများကို ကျဉ်းမြောင်းအောင်၊ အောင်မြင်မှုများဖြင့် အပြန်အလှန်ယုံကြည်မှုရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး စိတ်တူကိုယ်တူ ညီညွတ်သည့်အင်အားဖြင့် နေထိုင်ရန် သင့်တော်သော၊ ပွင့်လင်း၍ သဟဇာတဖြစ် သင့်မြတ်သော၊ မျှော်လင့်ချက်အခွင့်အလမ်းနှင့်အားမာန်တက်ကြွနေသော ဟောင်ကောင်ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း လီကျားချောင်းက ပြောကြားခဲ့သည်။

အားမာန်ပြည့်ဝနေသည့် ဟောင်ကောင်၊ လူတိုင်း ရွှင်လန်းအေးချမ်းစွာနေထိုင်သည့် ဟောင်ကောင်၊ ပွင့်လင်းမှုမြင့်မားသော ဟောင်ကောင်၊ ကျယ်ကျယ်ပြန့်ပြန့် စည်းလုံညီညွတ်စွာ ရှိနေသည့် ဟောင်ကောင်၊ တည်ငြိမ်အေးချမ်းသည့်ဟောင်ကောင်သည် တောက်ပသည့် အနာဂတ်အသွင်ဖြစ်ပြီး ဟောင်ကောင်မြို့နေပြည်သူအများအပြား၏ မျှော်မှန်းချက်လည်း ဖြစ်သည်။

“စည်းစနစ် ပြည့်စုံကောင်းမွန်မှု မပြတ်နက်ရှိုင်းလာတာနဲ့အမျှ ‘တစ်နိုင်ငံ၊ စနစ်နှစ်မျိုး’ရဲ့အားသာချက်က ပိုပြီး ပေါ်လွင်လာတယ်လို ကျွန်တော်တို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဟောင်ကောင်မွေးချင်းများကလည်း နိုင်ငံကို ချစ်မြတ်နိုးသော၊ ဟောင်ကောင်ကို ချစ်မြတ်နိုးသော ဂုဏ်ယူဖွယ်အစဉ်အလာကို ထွန်းတောက်အောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံတစ်ဝန်း တိုင်းရင်းသားပြည်သူများနှင့်အညီ လက်ချင်းချိတ်ဆက် တူယှဉ်တွဲကာ တရုတ်နိုင်ငံ ကြီးမားစွာ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ကို အတူကြိုးပမ်းအကောင်အထည်ဖော်ဆောင်သွားမှာ ဖြစ်တယ် ”ဟု ပြောကြားခဲ့သည်။

၎င်းမှာ “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး”ရေရှည်တည်ငြိမ်စွာ အကောင်အထည်ဖော်ဆောင်ရေး သမ္မတရှီကျင့်ဖိန်၏ မျှော်မှန်းချက် ဖြစ်သလို ဟောင်ကောင်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံဦးတည်ချက် ပို၍ပင် ဖြစ်သည်။

အားမာန်အပြည့်နှင့် တူစုံလက်ညီ ရှေ့သို့ လျှောက်လှမ်းမည့် ဟောင်ကောင်သည် ရှုပ်ထွေးရာမှ စီမံအုပ်ချုပ်သည့်အခြေအနေ၊ ထိုမှတစ်ဆင့် စီမံအုပ်ချုပ်ရာမှ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ လျှောက်လှမ်းနေသည့် အရေးကြီးလမ်းဆုံကို ရောက်ရှိနေရာ ဗဟိုအစိုးရ၏ အစဉ်အမြဲ ခိုင်မာစွာ ထောက်ခံအားပေးမှု၊ ကြီးမြတ်သည့် အမိမြေ၏ ပံ့ပိုးအားပေးမှု၊ အုပ်ချုပ်ရေးအဖွဲ့သစ်၏ ကြိုးပမ်းမှု၊ လူမှုအသိုက်အဝန်း အဖွဲ့အစည်းအသီးသီး၏ ကြိုးစားအားထုတ်မှု အထောက်အပံ့များ ရှိသည်။ ခက်ခဲကြမ်းတမ်းသည့် လေဒဏ်မိုးဒဏ်အပြီး ဟောင်ကောင်ဒေသသည် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး”အကောင်အထည်ဖော်ဆောင်ခြင်း ခရီးစဉ်သစ်ကို စတင်လျှောက်လှမ်းပြီး တောက်ပသည့်ကဏ္ဍသစ်ကို ဆက်လက်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ (Xinhua)

—————————-

(Chinese Version)
(新华全媒头条)踔厉奋发 和衷共济——在新起点谱写“一国两制”新篇章
2022-05-08 17:59:57 分类: 社会
新华社香港5月8日电题:踔厉奋发 和衷共济——在新起点谱写“一国两制”新篇章
新华社记者牛琪、赵博、苏晓、陈舒
1416票,候选人李家超当选!8日中午,香港会议展览中心响起阵阵掌声,香港特别行政区第六任行政长官人选在这里诞生。面对传媒,李家超郑重许下诺言:“我将忠诚坚毅地承担这个历史使命,肩负重大责任,团结带领740万香港居民,同为香港开新篇。”
这是香港完善选举制度后的首次行政长官选举,是巩固落实“爱国者治港”原则的一场重要选举,为确保香港繁荣稳定和“一国两制”实践行稳致远进一步夯实根基。
(小标题)“爱国者治港”写下浓墨重彩一笔
“行政长官选举顺利举行,标志着‘爱国者治港’原则进一步落地生根。”全国人大常委会委员谭耀宗说。
2021年,香港特别行政区依照全国人大有关决定和全国人大常委会有关立法,对选举制度作出系统性修改完善,并成功举办选举委员会选举和第七届立法会选举,推动符合香港实际的民主发展迈出坚实步伐。作为完善选举制度后第三场选举,香港特区第六任行政长官选举的意义尤为深远。
谭耀宗指出,选举在规划设计上十分科学。负责提名并选出行政长官人选的选举委员会由五个界别、1500人组成,候选人要在选委会获得至少188个提名且每个界别至少15个提名。这些规定使得候选人获得更广泛支持,充分提升了选举的民主参与度,有效确保了“好选制选出好特首”。
全国港澳研究会副会长刘兆佳认为,选举委员会充分代表了不断壮大的爱国力量不同阶层和界别的立场和利益。此次选举让爱国力量的团结性进一步提升,让“爱国者治港”原则得以进一步落实。
“行政长官选举的依法有序举行,是落实依法治港,完善香港政权建设的一个标志性成就。”中国社会科学院法学研究所研究员、台港澳研究中心研究员支振锋说,香港有一个贤能的爱国者担任行政长官,对“一国两制”成功实践和保持香港繁荣稳定,对解决长期困扰香港的深层次矛盾和问题非常关键。
尽管受疫情影响,这次选举面对不少新情况新问题,但在特区政府全力组织保障下,选举平稳有序,严格依法依规进行,过程公平、公正、公开。
4月3日,选举提名期开始;9日,已辞去特区政府政务司司长职务的李家超宣布参选。随后,他获得786名选委提名支持,并经特区候选人资格审查委员会裁定提名有效。5月8日,李家超获得1416票支持,高票当选。
中央信任、爱国爱港、有较高管治能力、港人拥护,是衡量新任行政长官的重要标尺。参与提名和投票的所有选委会委员身上,都肩负着沉甸甸的责任。
“选委的责任就是选出能够全面准确贯彻落实‘一国两制’方针,带领香港更好发展的行政长官。”香港特区选举委员会委员谢晓虹说,香港如今最需要真抓实干、担当作为的领导者,带领特区政府、引领社会各界奋发自强、重新出发。
香港特区选举委员会委员邓飞表示,从过往业绩可以看出,李家超是一个有担当和大局观的人,“这对现在的香港特别重要”。
(小标题)同为香港开新篇
以结果为目标解决不同问题,全面提升香港竞争力,奠定香港发展的稳固基石——这是李家超宣布参选时提出的未来施政三大方向。
担任李家超竞选办公室副主任的港区全国人大代表、香港特区立法会议员陈勇认为,这三大方向契合香港当下实际,准确抓住了未来发展的关键。“相信在中央支持和香港社会的共同努力下,香港未来五年必将呈现新的局面。”
身处时代之变和世纪疫情叠加的复杂环境中,香港比任何时候都需要一位优秀的领导者,既要立场坚定,善于在治港实践中全面准确贯彻“一国两制”方针;也要担当作为,善于破解香港发展面临的各种矛盾和问题;更要不忘初心,善于为民众办实事,团结方方面面的力量,履职尽责。
求实求是,求变求新。
参选期间,李家超走访不同政团、组织以及基层家庭,甚至一日“连跑十场”,解释施政理念的同时充分聆听各界意见。他开设了网上平台“超哥听你讲”,广泛听取社会不同阶层对社会问题及未来发展的意见及建议,竞选办几乎每天都接到来自不同方面的施政建言书。
在良性互动中,社会各界意见得到充分吸纳。据港媒报道,有劏房户反映“劏房的日子一日也嫌多”,希望新一届特区政府好好解决房屋问题。在李家超公布的参选政纲里,土地房屋“提速、提效、提量”占据显著位置。
“未来五年,我期望能带领香港开启由治及兴新篇章。”李家超在竞选政纲中提出四大政策纲要,包括:强化政府治理能力,团结一致为民解困;精简程序多管齐下,提供更多安居之所;全面提升竞争实力,创造持续发展空间;同建关爱共融社会,增加青年上流机会。
香港特区选举委员会委员、岭南大学(香港)中国经济研究部副总监周文港认为,强化政府治理能力有助于提升香港公共行政体系的施政效率,提高特区管治团队的管治水平和社会整体动员能力。
香港特区选举委员会委员、香港青年会主席陈凯荣表示,李家超在青年政策方面提出加强爱国主义教育,促进香港青年更好融入粤港澳大湾区发展,为国家和香港作贡献,房屋政策上也对症下药。“这让更多青年能够安居乐业,方向清晰且明确。”
“发展始终是香港必须聚焦的第一要务。政纲提出巩固金融中心、发展创科中心、开发北部都会区、推动创意经济等,具有针对性和前瞻性。”支振锋说,这为香港进一步拓展发展空间,优化产业布局,实现经济多元发展,保持和提升国际竞争力提供了思路和路径。
新时代、新起点、新蓝图。“我对香港的未来充满信心。只要我们同心协力、砥砺前行,香港定能在‘一国两制’下,全面发挥独特优势,再开新篇!”李家超说。
(小标题)助推“一国两制”向未来
砥砺奋进廿五载,携手再踏新征程。站在香港回归祖国25周年的重要节点,如何继续确保“一国两制”在港实践不动摇、不走样、不变形,新的管治团队重任在肩。
稳定和安全是“一国两制”事业发展的前提。在家庭主妇陈月兰眼里,香港这两年经历了很多,也成长了许多。“我们普通市民也懂得了‘皮之不存,毛将焉附’的道理。”她说,“只有社会大环境稳定和谐,我们的家庭才能幸福安康。”
上海国际问题研究院港澳研究室主任张建认为,在日趋复杂的国际形势下,香港面临多方面安全威胁,全力维护国家主权、安全、发展利益,维护香港利益,始终是治港者的首要职责。新选举制度全面落实,“爱国者治港”有了制度和政策保障,民众期待转向良政善治。提高管治效能、完善特区治理体系,也将是未来的重要任务。
“多元、包容、开放是香港的历史底蕴,未来将进一步发挥‘超级联系人’作用,巩固和提升国际金融中心地位。”中国建设银行(亚洲)经济学家陈世渊说,香港在打造离岸人民币业务中心、国际资产管理中心、风险管理中心、绿色金融中心、金融科技中心,在大力发展国际资本市场和银行业等方面,大有可为。
香港特区选举委员会委员、香港菁英会主席凌俊杰表示,国家“十四五”规划和粤港澳大湾区、“一带一路”建设等都为香港更好融入国家发展大局提供难得机遇。香港应充分发挥科创及国际化优势,帮助更多企业落地大湾区,服务更多香港青年参与大湾区建设,同时协助内地企业走出国门拓展海外市场。
“以人民为中心”正在成为治港理念的基本原则。刘兆佳认为,香港新的管治团队必须树立为民爱民的理念和决心,团结各方力量,尽快破解为患香港已久的各种深层次矛盾,“特别在处理房屋、贫困和医疗等问题上,让香港人尤其是年轻人看到希望”。
“未来五年,香港进入由治到兴的关键时刻,充满机遇和挑战。”在8日的记者会上,李家超强调,新一届政府会以行动争取信心、以结果收窄分歧、以成绩凝聚互信,齐心协力建设更宜居、开放、和谐,充满希望、机遇和活力的香港。
一个充满活力的香港,一个人人都有幸福感的香港,一个高度开放的香港,一个广泛团结的香港,一个社会安宁的香港;这是美好未来的模样,更是广大香港市民的心声。
“我们坚信,随着实践不断深入和制度体系不断完善,‘一国两制’的优越性将进一步彰显。广大香港同胞一定能弘扬爱国爱港的光荣传统,同全国各族人民携手并肩,为实现中华民族伟大复兴共同奋斗。”
这是习近平总书记对“一国两制”行稳致远的殷切期许,更是香港未来发展的根本方向。
踔厉奋发,和衷共济。站在从由乱到治走向由治及兴的重要关口,有中央始终如一的坚定支持,有伟大祖国作坚强后盾,有新的管治团队励精图治,有社会各界团结奋斗,栉风沐雨后的香港终将踏上新的征程,为“一国两制”实践续写新的光辉篇章!(完)

图说1:香港金紫荆广场(2020年7月14日摄)。 新华社记者 吴晓初 摄
图说2:这是香港景色(2021年11月24日摄)。 新华社记者 王申 摄
图说3:香港特区第六届行政长官选举候选人李家超举行政纲简介会(4月29日摄)。 新华社记者 吕小炜 摄
图说4: 香港会议展览中心(5月8日摄)。 新华社记者 卢炳辉 摄
图说5:香港金紫荆广场(5月8日摄)。 新华社记者 卢炳辉 摄