Connect with us

Africa & Middle East

“အမေရိကန်၏ အရှေ့အလယ်ပိုင်းဒေသ၌ ကျူးလွန်ခဲ့သည့် ဆိုးဝါးသော လူ့အခွင့်အရေး ရာဇဝတ်မှုများ” သုတေသနအစီရင်ခံစာကို တရုတ်နိုင်ငံ လူ့အခွင့်အရေး သုတေသနအဖွဲ့ထုတ်ပြန်

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးရှေ့၌ ဆန္ဒပြသူများအား ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်( ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ လူ့အခွင့်အရေး သုတေသနအဖွဲ့က “အမေရိကန်၏ အရှေ့အလယ်ပိုင်းဒေသ၌ ကျူးလွန်ခဲ့သည့် ဆိုးဝါးသော လူ့အခွင့်အရေး ရာဇဝတ်မှုများ” သုတေသနအစီရင်ခံစာကို သြဂုတ် ၉ ရက်က ထုတ်ပြန်ခဲ့သည်။ အမေရိကန်နိုင်ငံ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများက အရှေ့အလယ်ပိုင်းဒေသများအား ပဋိပက္ခနှင့် လုံခြုံရေး အကျပ်အတည်းများအတွင်း နစ်မြုပ်စေမည့် စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားစေသည့်အပြင် ဒေသခံပြည်သူများ၏ အသက်၊ ကျန်းမာရေး၊ ဂုဏ်သိက္ခာ၊ ဘာသာရေးလွတ်လပ်မှုနှင့် အသက်ရှင်နေထိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှု စသည့် အခွင့်အရေးများကိုပါ ဆိုးဝါးစွာ ထိခိုက်ခဲ့ရကြောင်း အဆိုပါအစီအရင်ခံစာတွင် ဖော်ပြထားသည်။အစီရင်ခံစာတွင် စစ်ပွဲများဆင်နွှဲပြီး အရပ်သားများအား သတ်ဖြတ်ခြင်းဖြင့် အသက်ရှင်နေထိုင်ခွင့်ကို ချိုးဖောက်ခြင်း၊ အတင်းအကျပ်အသွင်ပြောင်းပြီး တစ်ဖက်သတ် ပိတ်ဆို့အ‌ရေးယူမှုများ ပြုလုပ်ကာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျန်းမာရေး အခွင့်အ‌ရေးများ ချိုးဖောက်ခြင်း၊ “ယဉ်ကျေးမှု ပဋိပက္ခ” ဖန်တီးပြီး အကျဉ်းချထိန်းသိမ်းခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းဖြင့် ဘာသာရေး လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ဂုဏ်သိက္ခာကို ချိုးဖောက်ခြင်းဟူသော အဓိက ကဏ္ဍ ၃ ခုပါဝင်‌ကြောင်း သိရသည်။ အစီရင်ခံစာတွင် အမေရိကန်၏ အရှေ့အလယ်ပိုင်းနှင့် အနီးတဝိုက်ဒေသ၌ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု၊ လူသားအပေါ် အန္တရာယ်ရှိသည့် အပြစ်များ ကျူးလွန်ခြင်း၊ မတရားဖမ်းဆီးထိန်းသိမ်းမှု၊ အကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်မှု၊ တစ်ဖက်သတ် ပိတ်ဆို့အ‌ရေးယူမှုစသည့် ပြစ်မှုများက နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ရာရောက်ကြောင်းနှင့် ယင်းရာဇဝတ်မှုများက လူ့အခွင့်အရေးစနစ်အပေါ် ကြီးမားကျယ်ပြန့်သော အကျိုးဆက်များဖြင့် ကာလကြာရှည်စွာ သက်ရောက်မှုရှိနိုင်ကြောင်း ထောက်ပြထားသည်။

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးရှေ့၌ ဆန္ဒပြသူများအား ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်( ဆင်ဟွာ)

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးရှေ့၌ ဆန္ဒပြသူများအား ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်( ဆင်ဟွာ)

အမေရိကန်က အရှေ့အလယ်ပိုင်းဒေသများရှိ ဒေသခံပြည်သူများ၏ အခြေခံလူ့အခွင့်အရေးကို အပြင်းအထန် ချိုးဖောက်ခဲ့ပြီး ဒေသတွင်းနိုင်ငံနှင့် ပြည်သူလူထုများအပေါ် တစ်သက်တာ ပျက်စီးထိခိုက်မှုနှင့် ပြန်လည်ကုစား၍ မရသော နစ်နာမှုများ ဖြစ်ပေါ်စေခဲ့သည်ကို လက်တွေ့ပြသနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမေရိကန်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးမှုသဘာဝနှင့် အာဏာနိုင်ငံရေး၏ ရက်စက်ကြမ်းကြုတ်မှု၊ အန္တရာယ်ရှိမှုများကို အကြွင်းမဲ့ ဖော်ထုတ်နိုင်ခဲ့သည့်အပြင် ကမ္ဘာ့ပြည်သူများအနေဖြင့် “အမေရိကန်အသွင် ဒီမိုကရေစီ” နှင့် “အမေရိကန်အသွင် လူ့အခွင့်အရေး” ၏ အတုအယောင်နှင့် လိမ်လည်လှည့်ဖြားမှုများကို အစီရင်ခံစာမှတစ်ဆင့် ပိုမိုသိရှိစေနိုင်မည်ဖြစ်သည်။ (Xinhua)

…………………………………………
中国人权研究会发布《美国在中东等地犯下严重侵犯人权罪行》研究报告
新华社北京8月9日电中国人权研究会9日发布《美国在中东等地犯下严重侵犯人权罪行》研究报告。报告揭示出美国的罪行不仅导致中东等地战火连连,战乱频仍,深陷冲突泥潭和安全困境,而且导致当地人民的生命权、健康权、人格尊严和宗教信仰自由以及生存权、发展权等遭受严重损害。
报告主要内容包括三部分:发动战争,屠杀平民,损害生命权和生存权;强制改造,单边制裁,侵害发展权和健康权;制造“文明冲突”,滥用监禁和酷刑,侵犯宗教信仰自由和人格尊严。报告系统论述美国在中东及其周边地区犯下包括战争罪、危害人类罪、任意拘押、滥用酷刑、虐囚和滥施单边制裁等一系列严重违背国际法的罪行,指出这些罪行构成对人权的系统性侵犯,危害持久而深远。
报告指出,事实表明,美国在中东等地严重侵犯当地人民的基本人权,给地区国家和人民造成了永久性伤害和无法弥补的损失。美国的霸权本质和强权政治的野蛮性、残酷性、危害性暴露无遗,也让世界人民更加认清了“美式民主”与“美式人权”的虚伪性和欺骗性。(完)