Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ Minya ပြည်နယ်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃,၄၀၀ ခန့်က ဂူသင်္ချိုင်း တွေ့ရှိ

အီဂျစ်နိုင်ငံ Minya ပြည်နယ် ရှေးဟောင်းသုတေသနနေရာတွင် ရောင်စုံ မမ်မီခေါင်းတလားအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ရှေးအီဂျစ်ပြည်သစ်ခေတ်ကာလက သင်္ချိုင်းဂူတစ်ခုကို အီဂျစ်ရှေးဟောင်းသုတေသီများ တွေ့ရှိရကြောင်း အီဂျစ်ခရီးသွားနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ သင်္ချိုင်းဂူသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃,၄၀၀ မတိုင်မီက ဖြစ်ပြီး ရှေးအီဂျစ်ပြည်သစ်ခေတ်ကာလက အဆင့်မြင့်မင်းမှုထမ်းများနှင့်ယဇ်ဆရာများကို မြှုပ်နှံရာတွင် အသုံးပြုခြင်း ဖြစ်ကြောင်း အီဂျစ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများဆိုင်ရာ ထိပ်တန်း ကောင်စီ အထွေထွေအတွင်းရေးမှူး Mostafa Waziri က ရှေးဟောင်းသုတေသန တူးဖော်ရေးနေရာတွင် ပြောကြားခဲ့သည်။

ယခုတွေ့ရှိသည့်နေရာမှာ Minya ပြည်နယ် Tuna El-Gebel သင်္ချိုင်းသုသာန်အနီးတွင် တွေ့ရှိခြင်းဖြစ်ပြီး ရှေးဟောင်းသုတေသီများက ယင်းနေရာတွင် ကျောက်ထွင်းအုတ်ဂူ အများအပြားနှင့် ရောင်စုံခေါင်းတလားများ၊ မမ်မီရုပ်ကလာပ်၊ ကျူစက္ကူ၊ နတ်ရုပ်တု စသည့် ရှေးဟောင်းအမွေအနှစ်ပစ္စည်း ရာနှင့်ချီတွေ့ရှိခဲ့ကြောင်း Mostafa Waziri က ပြောကြားခဲ့သည်။

အဆိုပါ ရှေးဟောင်းအမွေအနှစ် တူးဖော်ရေးလုပ်ငန်းကို ၂၀၁၇ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်ပြီး အီဂျစ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများဆိုင်ရာ ထိပ်တန်း ကောင်စီ၏ ရှေးဟောင်းသုတေသီအဖွဲ့က တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

အီဂျစ်နိုင်ငံ Minya ပြည်နယ် ရှေးဟောင်းသုတေသနနေရာတွင် တူးဖော်တွေ့ရှိရသော ရှေးဟောင်းအမွေအနှစ်ပစ္စည်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ Minya ပြည်နယ် ရှေးဟောင်းသုတေသနနေရာတွင် ရောင်စုံ မမ်မီခေါင်းတလားအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………..
(Chinese Version)
埃及明亚省考古发现距今约3400年墓地
新华社开罗10月15日电(记者姚兵)埃及旅游和文物部15日宣布,埃及考古学家在明亚省发现一座古埃及新王国时期墓地。
埃及最高文物委员会秘书长穆斯塔法•瓦齐里在考古发掘现场说,该墓地的历史可追溯到约3400年前,属古埃及新王国时期,用于埋葬高官和祭司。
瓦齐里说,此次考古发掘地位于明亚省图纳山大墓地附近地区,考古学家在墓地发掘出大量石凿墓,并出土彩绘棺椁、木乃伊、纸莎草、神像等数百件文物。
本次考古发掘工作于2017年启动,由埃及最高文物委员会领导的一个考古团队负责。
1. 这是10月15日在埃及明亚省考古现场拍摄的彩绘木乃伊棺椁。
2. 这是10月15日在埃及明亚省考古现场拍摄的出土文物。
3. 这是10月15日在埃及明亚省考古现场拍摄的彩绘木乃伊棺椁。