Connect with us

Europe

ယူကရိန်းကို အနောက်နိုင်ငံများက တင့်ကားပံ့ပိုးပေးမည်ဆိုလျှင် အနောက်နိုင်ငံများနှင့် ထိပ်တိုက်ရင်ဆိုင်မှု အဆင့်သစ်တိုးမြင့်သွားနိုင်သည်ဟု ရုရှား ပြောကြား

နေတိုးစစ်အခြေစိုက်စခန်းတွင် ဘယ်လ်ဂျီယမ်နိုင်ငံ ကြည်းတပ်၏ Leopard တင့်ကားတစ်စီး ကျည်ဆန်ထည့်နေသည်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ယူကရိန်းကို အနောက်နိုင်ငံများက တင့်ကားပံ့ပိုးပေးမည်ဆိုလျှင် အနောက်နိုင်ငံများနှင့် ထိပ်တိုက်ရင်ဆိုင်မှု အဆင့်သစ်တိုးမြင့်သွားနိုင်သည်ဟု ရုရှား ပြောကြား၊ Vuhledar မြို့တွင် ရုရှား-ယူကရိန်း အကြား တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ယူကရိန်း ပြောကြားခဲ့သည်။

မာရီယူပိုလ်မြို့ရှိ ပျက်စီးနေသော အဆောက်အဦများရှေ့တွင် ဖြတ်သန်းသွားလာနေသော ဒေသခံများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မာရီယူပိုလ်မြို့ရှိ ပျက်စီးနေသော အဆောက်အဦများရှေ့တွင် ဖြတ်သန်းသွားလာနေသော ဒေသခံများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒွန်းနက်စ်ဒေသ အနောက်တောင်ပိုင်းရှိ Vuhledar မြို့တွင် ဖြစ်ပွားသည့် ရုရှားနှင့်ယူကရိန်း ပဋိပက္ခသည် လပေါင်းများစွာ ရှိပြီဖြစ်ရာ လက်ရှိတွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်း စစ်တပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Serhiy Cherevatyi က ယင်းနေ့၌ ပြောကြားခဲ့သည်။

__ ယူကရိန်းကို အနောက်နိုင်ငံများက တင့်ကားပံ့ပိုးပေးမည်ဆိုလျှင် အခြေအနေက ယူကရိန်းအတွက် အကျိုးမရှိနိုင်သော ပြောင်းလဲမှု ဖြစ်လာနိုင်ပြီး အနောက်နိုင်ငံများနှင့်ရုရှား၏ ထိပ်တိုက်ရင်ဆိုင်မှုမှာလည်း အဆင့်သစ် တိုးမြင့်သွားနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharovaက ဇန်နဝါရီ ၂၇ ရက် ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

__ ယူကရိန်းအခြေအနေ လက်တွေ့ကျကျ ထိရောက်စွာ ဆွေးနွေးရေး အခြေခံမှာ အထူးစစ်ရေးလှုပ်ရှားမှု အောင်မြင်မှသာ ဖြစ်နိုင်တော့ကြောင်း ရုရှားဖက်ဒရေးရှင်းကောင်စီ(အထက်လွှတ်တော်) ကာကွယ်ရေးနှင့်လုံခြုံရေးကော်မတီ ပထမ ဒုတိယဥက္ကဋ္ဌ Chizhovက ဇန်နဝါရီ ၂၇ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ လက်ရှိ ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေး မည်သည့် ဆွေးနွေးပွဲမျှ ကျင်းပထားခြင်း မရှိသေးသလို ရုရှား_ အမေရိကန် _ ဥရောပသမဂ္ဂ အကြား ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းမည့် အခွင့်အလမ်း မမြင်ရသေးကြောင်း၊ အနောက်နိုင်ငံများက ယူကရိန်းကို တင့်ကားထောက်ပံ့ခြင်းသည် “နိုင်ငံရေးသဘောထား” တစ်မျိုးဖြစ်ရာ အခြေအနေတင်းမာမှုအရှိန်မြင့်လာစေမည့် အရေးကြီး အချက်ပြမှု ဖြစ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။

__ ဒွန်းနက်စ်ဒေသ အနောက်တောင်ပိုင်းရှိ Vuhledar မြို့တွင် ရုရှား-ယူကရိန်း နှစ်ဘက်ပဋိပက္ခ လပေါင်းများစွာ ဖြစ်ပွားနေရာ လက်ရှိ တိုက်ပွဲများမှာလည်း ပြင်းထန်လျက်ရှိကြောင်း ၊ ရုရှားတပ်များ၏ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းမှုကို ယူကရိန်းတပ်များက နောက်ဆုတ်အောင် တိုက်ထုတ်နိုင်ခဲ့ကြောင်း ယူကရိန်း အရှေ့ပိုင်း တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Serhiy Cherevatyiက ဇန်နဝါရီ ၂၇ ရက် ရုပ်မြင်သံကြားတိုက်ရိုက် ထုတ်လွှင့်မှုတွင် ပြောကြားခဲ့သည်။

—— အထူးစစ်ဆင်ရေးတွင် ရုရှားစစ်တပ်က ကျည်ဆန်၊ အမြောက်ကျည်ဆန်နှင့် ဒုံးကျည်စသည့် ကျည်ဆန်အမျိုးမျိုး အသုံးချမှု အလွန်များပြားသော်လည်း ရုရှားတပ်များ ကျည်ဆန်ကုန်နေပြီဟူသော အနောက်တိုင်းမီဒီယာများ၏ မဟုတ်မမှန်ပြောဆိုချက်များက ရယ်စရာ ဖြစ်နေကြောင်း၊ ရုရှားတပ် စစ်ဘက်စက်မှုလုပ်ငန်းများက ကျည်ဆန်ပမာဏကို ဆတိုးထုတ်လုပ်နေကြောင်း Rostec State Corporation ဥက္ကဋ္ဌ Sergei Chemezov၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားသတင်းအေဂျင်စီ Rossiya Segodnyaက ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ အထူးစစ်ဆင်ရေး၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ကုမ္ပဏီအနေဖြင့် အုပ်စုလိုက်တိုက်ခိုက်နိုင်သော မောင်းသူမဲ့လေယာဉ်များကို သုတေသနပြု ထုတ်လုပ်နေကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။

အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကို ခံရသော်လည်း Rostec State Corporation၏ ပြီးခဲ့သည့်နှစ် စုစုပေါင်း ဝင်ငွေသည် ခန့်မှန်းခြေ ရူဘယ် ၂.၁ ထရီလီယံ (ကန်ဒေါ်လာ ဘီလီယံ ၃၀ ခန့်)ရှိခဲ့ပြီး ခန့်မှန်းထားသည့်ထက် လျော့နည်းသော်လည်း ယမန်နှစ်ကထက် တိုးတက်မှုရှိသည်ဟု Sergei Chemezovက ပြောကြားခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီ Rossiya Segodnya၏ ဇန်နဝါရီ ၂၇ ရက် ဖော်ပြချက်များအရသိရသည်။

—— လက်နက်ထိန်းချုပ်ရေး အမေရိကန်နှင့် ဆွေးနွေးရန် ရုရှားက မငြင်းပယ်သော်လည်း အမေရိကန်နှင့်အပြုသဘော ဆွေးနွေးရန် ခက်ခဲလာကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က Kommersant သတင်းစာ၌ ထည့်သွင်းဖော်ပြသော အင်တာဗျူးဆောင်းပါးတစ်ခုတွင် ပြောကြားခဲ့သည်။ ရုရှားနှင့်အမေရိကန်အကြား လက်နက်ထိန်းချုပ်ရေး ဆွေးနွေးမှုက အမေရိကန်၏ ယူကရိန်းအကျပ်အတည်း နောက်ကွယ်က လှုပ်ရှားမှုပေါ်တွင် မူတည်ကြောင်း Sergei Ryabkov က ပြောကြားခဲ့သည်။

__ လက်ရှိ ထားရှိသော Leopard 2 တင့်ကား ၁၄ စီးအပြင် ပိုလန်အနေဖြင့် ယူကရိန်းကို ခေတ်မီတင့်ကား အစီး ၆၀ ကျော် ပံ့ပိုးပေးမည် ဖြစ်ရာ ၎င်းတို့တွင် အစီး ၃၀ က အဓိကတိုက်ပွဲဝင် PT-91 Twardy တင့်ကားများ ဖြစ်ကြောင်း ပိုလန်ဝန်ကြီးချုပ် Mateusz Morawieckiက ကနေဒါ CTV ရုပ်မြင်သံကြား၏ ဇန်နဝါရီ ၂၆ ရက်၌ ထုတ်လွှင့်သော သီးသန့်တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့သည်။

__ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ရုရှားဘဏ်အသီးသီးက ငွေကြေးအမြောက်အမြား နစ်နာမှုရှိခဲ့သော်လည်း ဒုတိယနှစ်ဝက်တွင်မူ ကောင်းမွန်သည့်အခြေအနေများကြောင့် တစ်နှစ်ပတ်လုံး၏အမြတ်အစွန်း ရူဘယ် ၂၀၃ ဘီလီယံ (ကန်ဒေါ်လာ ၂.၉ ဘီလီယံ) ရှိခဲ့ကြောင်း ရုရှား ဗဟိုဘဏ်၏ ဇန်နဝါရီ ၂၇ ရက် ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)

……………………………………
(Chinese Version)

(乌克兰局势)最新动态:俄方说西方向乌克兰提供坦克会将对抗推向新高度 乌方说俄乌在武赫莱达尔争夺激烈
新华社北京1月27日电综合新华社驻外记者报道:俄罗斯外交部发言人扎哈罗娃27日说,西方向乌克兰提供坦克会将西方与俄罗斯的对抗推向新高度。乌克兰东部集团军发言人谢尔盖•切列瓦季当天说,在顿涅茨克地区西南部的武赫莱达尔,俄乌双方在该地区的冲突已经持续数月,目前激烈冲突仍在进行。
——扎哈罗娃27日在例行记者会上说,西方向乌克兰提供坦克不会使局势向有利于乌方的方向转变,而会将西方与俄罗斯的对抗推向新高度。她强调,北约完全卷入了与俄罗斯的对抗,而且这种对抗正在升级。俄罗斯总统新闻秘书佩斯科夫当天说,西方决定向乌克兰提供坦克等武器,这使得乌克兰局势的紧张程度正在加剧。
——俄罗斯联邦委员会(议会上院)国防与安全委员会第一副主席奇若夫27日在一场记者会上表示,就乌克兰局势进行实质性有效谈判的基础只能是特别军事行动的成功。目前没有就解决乌克兰危机举行任何谈判,且尚看不到莫斯科与华盛顿及布鲁塞尔之间就此问题举行会谈的机会。他还强调,西方向乌援助坦克是一种“政治姿态”,是局势升级的重要信号。
——乌克兰东部集团军发言人谢尔盖•切列瓦季27日在电视直播中说,在顿涅茨克地区西南部的武赫莱达尔,俄乌双方在该地区的冲突已经持续数月。切列瓦季说,目前激烈冲突仍在进行,俄军试图取得突破但被乌军击退。
——今日俄罗斯通讯社27日援引俄罗斯国家技术集团公司总裁切梅佐夫的话报道说,特别军事行动中俄军子弹、炮弹和导弹等各类弹药的消耗确实很大,但西方媒体炒作俄军弹药耗尽,纯属无稽之谈,俄军工综合体已将弹药产量增加数倍。他同时透露,为满足特别军事行动需要,该公司正在研制可以进行集群攻击的无人机。
——据今日俄罗斯通讯社27日报道,切梅佐夫说,尽管遭受西方制裁,但俄罗斯国家技术集团公司去年总收入预计达2.1万亿卢布(约合300亿美元),虽低于预期,但同比仍有所增长。切梅佐夫指出,公司当前的主要目标是完成国防采购任务。据俄媒报道,俄罗斯过去10年每年武器和军事装备出口额约150亿美元,其中130亿美元由俄罗斯国家技术集团公司下属的俄罗斯国防出口公司完成。
——俄罗斯外交部副部长里亚布科夫在俄《生意人报》26日发表的一篇采访中表示,俄罗斯并不拒绝与美国讨论军备控制问题,但美国使建设性对话变得困难。里亚布科夫指出,俄罗斯与美国之间有关军备控制的对话取决于美国在乌克兰危机背景下的行动。
——波兰总理莫拉维茨基在加拿大CTV电视台26日播出的专访中说,除14辆库存的“豹2”坦克外,波兰还将向乌克兰提供60辆现代化坦克,其中30辆是PT-91主战坦克。
——俄罗斯央行27日公布的数据显示,2022年俄罗斯各银行在上半年巨额亏损情况下,依靠下半年良好表现获得全年利润2030亿卢布(约合29亿美元)。(参与记者:刘恺、黄河、陈琛、李东旭)(完)

1. 2014年9月10日,比利时陆军一辆“豹”式坦克在北约塞尔军事基地装弹。(新华社记者王晓郡摄)
2, 3- 1月27日,在马里乌波尔,当地居民走过被损坏的建筑。新华社发(维克托摄)