Connect with us

Africa & Middle East

တူရကီနိုင်ငံ တောင်ပိုင်း၌ လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် တူရကီနှင့်ဆီးရီးယားတွင် သေဆုံးသူ ၄,၀၀၀ ကျော် ရှိလာ

တူရကီနိုင်ငံ တောင်ပိုင်း ငလျင်ဒဏ်အပြင်းအထန်ခံခဲ့ရသော Kahramanmaraşပြည်နယ်ရှိ ပျက်စီးနေသောအဆောက်အဦများတွင် အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေကယ်ဆယ်နေသည်ကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကတ်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ တောင်ပိုင်း ဆီးရီယားနှင့်ကပ်လျက်ဒေသတွင် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ယင်းနှစ်နိုင်ငံတွင် သေဆုံးသူ ၄,၀၀၀ ကျော်၊ ဒဏ်ရာရရှိသူ ၂၀,၀၀၀ နီးပါး ရှိပြီ ဖြစ်ကြောင်း တူရကီနှင့်ဆီးရီယား သတင်းမီဒီယာများ၏နောက်ဆုံးသတင်းဖော်ပြချက်များအရ သိရသည်။ငလျင်ဒဏ်ကြောင့် တူရကီတွင် သေဆုံးသူ ၂,၉၂၁ ဦး၊ ဒဏ်ရာရသူ ၁၅,၈၃၄ ဦး ရှိခဲ့ကြောင်း တူရကီ သဘာဝကပ်ဘေးနှင့်အရေးပေါ် စီမံခန့်ခွဲရေးဌာန၏ သတင်းများကို ကိုးကား၍ Anadolu သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၇ ရက်တွင် ဖော်ပြထားသည်။

တူရကီနိုင်ငံ တောင်ပိုင်း ငလျင်ဒဏ်အပြင်းအထန်ခံခဲ့ရသော Kahramanmaraşပြည်နယ်ရှိ ပျက်စီးနေသောအဆောက်အဦများတွင် အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေကယ်ဆယ်နေသည်ကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆီးရီးယားကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၆ ရက် သတင်းများအရ ဆီးရီးယားနယ်နိမိတ် အစိုးရထိန်းချုပ်သော နယ်မြေများ ဖြစ်သည့် Aleppo၊ Latakia၊ Hama၊Tartus စသည့် ပြည်နယ်များတွင် ငလျင်ကြောင့် သေဆုံးသူ ၇၁၁ ဦး ၊ ဒဏ်ရာသူ ၁,၄၃၁ ဦးရှိကြောင်း သိရသည်။ ထို့အပြင် ဆီးရီးယားအစိုးရအတိုက်အခံလက်နက်ကိုင်များ ထိန်းချုပ်သော ဒေသတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၇၃၃ ဦး ၊ ဒဏ်ရာရသူ ၂,၁၀၀ ဦးရှိသည်ဟု ကူညီကယ်ဆယ်ရေးသမားတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ Latakiaပြည်နယ်ရှိ ပျက်စီးနေသောအဆောက်အဦများတွင် ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ Hamaပြည်နယ်ရှိ ပျက်စီးနေသောအဆောက်အဦများတွင် ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ Latakiaပြည်နယ်ရှိ ပျက်စီးနေသောအဆောက်အဦများတွင် ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တူရကီနိုင်ငံ Kahramanmaras ပြည်နယ်တွင် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်း ၄ နာရီ ၁၇ မိနစ်က အင်အား ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခဲ့ပြီးနောက် ယင်းအနီးတစ်ဝိုက်ဒေသများတွင် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

——————————-
土耳其南部强震已造成土、叙两国逾4000人丧生

新华社大马士革2月7日电综合土耳其和叙利亚媒体最新报道,6日凌晨发生在土耳其南部靠近叙边境地区的强烈地震已致两国超过4000人死亡、近两万人受伤。
土耳其阿纳多卢通讯社7日援引土耳其灾难和应急管理署消息报道,地震已造成土耳其2921人死亡、15834人受伤。
另据叙利亚卫生部6日消息,在叙利亚境内政府控制的阿勒颇、拉塔基亚、哈马、塔尔图斯等省,地震已造成711人死亡,1431人受伤。此外,救援人员当天表示,在叙利亚反政府武装控制地区,地震已造成733人死亡、2100多人受伤。
土耳其卡赫拉曼马拉什省当地时间6日凌晨4时17分(北京时间9时17分)发生7.7级地震,随后附近地区又发生多次余震。(完)
1. 2月6日,救援人员在土耳其南部地震重灾区卡赫拉曼马拉什省帕扎尔哲克倒塌的建筑中搜寻幸存者。新华社发(穆斯塔法•卡亚摄)
2. 2月6日,救援人员在土耳其南部地震重灾区卡赫拉曼马拉什省帕扎尔哲克倒塌的建筑中搜寻幸存者。新华社发(穆斯塔法•卡亚摄)
3. 2月6日,在叙利亚拉塔基亚省杰卜莱,人们在一处倒塌的建筑现场进行救援。新华社发
4. 2月6日,在叙利亚哈马省,人们在一处倒塌的建筑现场进行救援。新华社发
5. 2月6日,在叙利亚拉塔基亚省杰卜莱,人们在一处倒塌的建筑现场进行救援。新华社发