Connect with us

China

G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း တက်ရောက်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်နေသော တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းအား ၂၀၂၃ ခုနှစ် မတ် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ မတ် ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက မတ်လ၂ ရက်တွင် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက လက်ရှိ ရှုပ်ထွေးနေသောနိုင်ငံတကာ အခြေအနေနှင့် အဆက်မပြတ် ဖြစ်ပွားနေသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ကမ္ဘာ့ဖွံ့ဖြိုးရေးကိုမြှင့်တင်ရန်အတွက် G20 အနေဖြင့် တာဝန်ယူ၍ တာဝန်သိစွာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ၊ တန်းတူညီတူ တွေ့ဆုံဆွေးနွေးမှု၊ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် သဘောတူညီမှုရရှိသော ပူးပေါင်းဆောင်ရွက်ရေးမူကို ဖော်ဆောင်ရမည် ဖြစ်ပြီး အာဏာနိုင်ငံရေး(Power politics)လုပ်ဆောင်ခြင်း၊ အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းများ ပြုလုပ်၍မရကြောင်း၊ ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းခြင်းကို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ပြီး တစ်ဖက်သတ် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် ကွင်းဆက်ဖြုတ်ဖြတ်တောက်မှုများကို ဆန့်ကျင်ရမည်ဖြစ်ရာ ပို၍ အများပါဝင်နိုင်သော၊ ပို၍ အများအကျိုးဖြစ်ထွန်းနိုင်သော၊ ပို၍ ခံနိုင်ရည်ရှိသော ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချင်ကန်းက အကြံပြုချက် ၃ ရပ်ကို ပြောကြားခဲ့ရာတွင် ပထမအနေဖြင့် မက်ခရိုစီးပွားရေးမူဝါဒညှိနှိုင်းမှုကို အားဖြည့်ပြီး စားနပ်ရိက္ခာနှင့်စွမ်းအင်ဖူလုံရေးကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ရာ နိုင်ငံစုံ ဘဏ္ဍာရေးအဖွဲ့အစည်းနှင့် စီးပွားရေး မြီရှင်များက ဖွံ့ဖြိုးဆဲနိုင်ငံများ ကြွေးမြီအရေးဖြေရှင်းရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သင့်ကြောင်း၊ ဒုတိယအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှုကို ကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ရာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ ၁၆ ကြိမ်မြောက် ခွဲတမ်းပြန်လည်သုံးသပ်မှု၊ ကမ္ဘာ့ဘဏ်၏ ရှယ်ယာပြန်လည်သုံးသပ်မှုများကို သတ်မှတ်ကာလတွင် ပြီးမြောက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် G20 တွင် အာဖရိကသမဂ္ဂ (AU)ပါဝင်လာရေးအတွက် ထောက်ခံရာ G20 အနေဖြင့် ဆုံးဖြတ်ချက် လျင်မြန်စွာ ချမှတ်သင့်ပါကြောင်း၊ တတိယအနေဖြင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရမည် ဖြစ်ရာ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ထိပ်သီးအစည်းအဝေးများကို ထောက်ခံအားပေးရန် ၊ ရာသီဥတုပြောင်းလဲခြင်း စိန်ခေါ်မှုများကို ရင်ဆိုင်ရန်၊ “ကူမင်း-မွန်ထရီယို ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံ မျိုးစိတ်ကွဲဆိုင်ရာ မူဘောင်”နှင့် စွန့်ပစ်ပစ္စည်းများ တရားမဝင်နယ်စပ်ဖြတ်ကျော်လွှဲပြောင်းခြင်းကို တားဆီးရေး ဘာလီကျွန်းထိပ်သီးအစည်းအဝေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးသည် တည်ငြိမ်အေးချမ်းသော နိုင်ငံတကာပတ်ဝန်းကျင်နှင့် ကင်းကွာ၍မရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်ကို အဆိုပြုခဲ့ပြီး နိုင်ငံရေးဖြင့် ယူကရိန်းအကျပ်အတည်းဖြေရှင်းရေး ရပ်တည်ချက်စာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဘက်မှ အစဉ်အမြဲရပ်တည်သွားမည် ဖြစ်ပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ရာ အပြုသဘောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက အလေးထားပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံသည် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်း ဆုံးဖြတ်ချက်ကို တွန်းအားပေးခဲ့ကြောင်း ချင်ကန်းက မိတ်ဆက်ပြောကြားခဲ့သည်။ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်းသည် တရုတ်နိုင်ငံ၏အကောင်အထည်ဖော်ဆောင်မှုတွင် အခြေခံထားသလို ကမ္ဘာ့အခြေအနေနှင့်လည်း ကိုက်ညီမှု ရှိရာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်၊ လူနှင့်သဘာဝပတ်ဝန်းကျင်၏ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်သော ခေတ်မီအသွင်ပြောင်းခြင်း ဖြစ်သောကြောင့် တရုတ်နိုင်ငံနှင့် ကမ္ဘာနိုင်ငံအသီးသီး ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များ ပံ့ပိုးပေးမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးရာတွင် ပိုမိုအကျိုးဆောင်နိုင်ရန်အတွက် G20 အစီအစဉ်များကို တရုတ်နိုင်ငံက ဆက်လက် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ၊ စားနပ်ရိက္ခာနှင့်စွမ်းအင်ဖူလုံရေး၊ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်တိုက်ဖျက်ရေး စသည့် ကဏ္ဍများကို နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။ နိုင်ငံအသီးသီးက လက်ရှိနိုင်ငံတကာ အခြေအနေကို စိုးရိမ်ကြောင်း ပြောကြားခဲ့ကြပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုတွင် ပြည့်စုံကောင်းမွန်ရန် လိုအပ်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတွန်းလျော့နည်းခြင်းကြောင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ရန်မှာ မည်သည့်အချိန်အခါထက်မဆို ပို၍ အရေးကြီးကြောင်း ယူဆကြသည်။ G20အနေဖြင့် တမူထူးခြားသော အခန်းကဏ္ဍမှ ပါဝင်သင့်ရာ နိုင်ငံစုံအနေဖြင့် နိုင်ငံရေးဆန္ဒများကို ဖော်ပြပြီး အကျယ်ပြန့်ဆုံး သဘောတူညီမှုရရှိအောင် ကြိုးပမ်းသင့်ကြောင်း ၊ အများပါဝင်သော ပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးခံနိုင်ရည်စွမ်းကို တိုးမြှင့်ရန် လက်တွေ့ဆောင်ရွက်ရာတွင် လက်ချင်းတွဲ၍ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်သင့်ပါကြောင်း ပြောကြားခဲ့ကြသည်။

အစည်းအဝေးကျင်းပစဉ် ကာလတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် အိမ်ရှင်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jaishankar နှင့်အတူ အခြားနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………………
(Chinese Version)
秦刚出席二十国集团外长会

新华社新德里3月2日电(记者胡晓明)当地时间3月2日,外交部长秦刚在新德里出席二十国集团外长会。
秦刚说,面对当前动荡不安的国际形势和层出不穷的全球性挑战,二十国集团应负起责任,体现担当合作,为促进全球发展繁荣作出贡献。要践行真正的多边主义,坚持平等对话、协商一致的合作原则,不能搞强权政治、甚至阵营对抗。要推动全球化健康发展,反对单边主义、保护主义和脱钩断链,推动更包容、更普惠、更有韧性的全球发展。
秦刚提出三项建议。一是加强宏观经济政策协调,维护粮食和能源安全。多边金融机构和商业债权人应积极参与对发展中国家的债务处置。二是完善全球经济治理,如期完成国际货币基金组织第16轮份额总检查,开展世界银行股权审议。中方支持非盟加入二十国集团,二十国集团应尽早作出决定。三是加强国际发展合作。支持联合国可持续发展目标峰会,应对气候变化挑战,落实“昆明-蒙特利尔全球生物多样性框架”和巴厘岛峰会阻止非法跨境转移废弃物共识。
秦刚强调,全球发展繁荣离不开和平稳定的国际环境,中方提出了全球安全倡议,就政治解决乌克兰危机发布了立场文件,将始终站在和平一边,积极劝和促谈,愿发挥建设性作用。
秦刚介绍了中共二十大推进中国式现代化的决定,强调中国式现代化基于中国实践,又同世界大势高度契合,是走和平发展道路、人与自然和谐共生的现代化,将为中国同世界各国合作提供新的机遇。中国将继续积极参与二十国集团各项议程,为促进世界和平与发展、推动构建人类命运共同体作出更大贡献。
会议围绕多边主义、粮食和能源安全、发展合作、反恐等议题进行了深入讨论。各方普遍对当前国际局势表示担忧,认为全球治理亟待完善,可持续发展动力不足,加强多边主义比以往任何时候都更加重要。二十国集团应发挥关键特殊作用,各方应展现政治意愿,寻求最大共识,就促进包容性合作、增强经济韧性采取切实行动,携手应对全球性挑战。
会议期间,秦刚还会见了东道国印度外长苏杰生及其他国家外长。(完)
1. 当地时间3月2日,外交部长秦刚在新德里出席二十国集团外长会。新华社发(贾韦德•达尔摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.