Connect with us

Politics, Law & Military

ဝံပုလွေ၏ အတားအဆီးနှင့်အတိုက်အခိုက်ကို ခံရသည့်အခါတွင် တရုတ်သံတမန်များက “ဝံပုလွေနှင့် စီးချင်းထိုး”ပြီး တိုင်းပြည်ကို ကာကွယ်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း ပြောကြား

တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ကျင်းပသော (၁၄)ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ပထမအကြိမ်အစည်းအဝေးကာလတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးမူဝါဒနှင့်နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း တက်ရောက်နေသည်ကို ၂၀၂၃ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

“ကျွန်တော် အမေရိကန်မှာ သံအမတ်ကြီးတာဝန်ထမ်းဆောင်စဉ်က တရုတ်ဝံပုလွေ လာပြီလို့ အမေရိကန် မီဒီယာတွေက ပြောကြပါတယ်။ အခု ကျွန်တော်ပြန်လာပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်တဲ့အခါမှာ ဒီနာမည်ကို မခေါ်တော့လို့ တစ်ခုခုလိုနေတယ်လို့တောင် ထင်ရပါတယ်။ တကယ်တော့ ‘ဝံပုလွေ သံခင်းတမန်ခင်း’ဆိုတာ စကားထောင်ချောက်တစ်ခုပါ။ ဒီစကားထောင်ချောက်ဆင်တဲ့သူက တရုတ်နိုင်ငံနဲ့တရုတ်နိုင်ငံရဲ့ သံတမန်ရေးကို နားမလည်လို့ ဒါမှမဟုတ် အဖြစ်မှန်ကို မျက်ကွယ်ပြုပြီး အခြားရည်ရွယ်ချက် ရှိလို့ဖြစ်တယ်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက မတ် ၇ ရက် သတင်းစာရှင်းလင်းပွဲတွင် “ဝံပုလွေ သံခင်းတမန်ခင်း”ဟူသောအမြင်အပေါ် တုန့်ပြန်ပြောကြားခဲ့သည်။လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ကျော်က ကွန်ဖြူးရှပ် ပြောကြားခဲ့သော ကျေးဇူးတရားကို ကျေးဇူးဖြင့် တုံ့ပြန်ရမည်၊ အမုန်းနှင့်အာဃတကို တရားမျှတစွာဖြင့် တုံ့ပြန်ရမည် ၊ အမုန်းနှင့်အာဃတရားကို ကျေးဇူးတရားဖြင့် တုံ့ပြန်မည်ဆိုလျှင် ကျေးဇူးတရားကို အဘယ်သို့ တုံ့ပြန်ရမည်နည်း ဟူသော အဆိုရှိကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏သံတမန်ရေးက အကြင်နာတရားနှင့်စိတ်ကောင်းစေတနာ အပြည့်ရှိသော်လည်း ဝံပုလွေ၏ အတားအဆီးနှင့်အတိုက်အခိုက်ကို ခံရသည့်အခါတွင် တရုတ်သံတမန်များက “ဝံပုလွေနှင့် စီးချင်းထိုး”ပြီး တိုင်းပြည်ကို ကာကွယ်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း ပြောကြားခဲ့သည်။ (Xinhua)
—————————————-
(两会•外长记者会)秦刚:当豺狼挡道、恶狼来袭,中国外交官必须“与狼共舞”,保家卫国
新华社北京3月7日电 外交部长秦刚7日在两会记者会上回应对“战狼外交”的看法时说,记得我刚到美国任大使时,美国的媒体惊呼,“中国战狼”来了。现在我回来当外长,又不给我这个称号了,我还真若有所失。其实,所谓“战狼外交”就是一个话语陷阱,制造这个话语陷阱的人,要么不懂中国和中国外交,要么无视事实,别有用心。
秦刚表示,两千多年前,孔夫子就说过,以德报德,以直报怨。以德报怨,何以报德?中国外交有足够的厚道与善意,但当豺狼挡道、恶狼来袭,中国的外交官必须“与狼共舞”,保家卫国。(完)
1. Chinese Foreign Minister Qin Gang attends a press conference on China’s foreign policy and foreign relations on the sidelines of the first session of the 14th National People’s Congress (NPC) in Beijing, capital of China, March 7, 2023. (Xinhua/Wang Yuguo)