Connect with us

North America

ယခုနှစ် တရုတ်နိုင်ငံ၏ စီးပွားရေး ၅.၂ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းထား

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ သတင်းစာရှင်းလင်းပွဲတွင် IMF စီးပွားရေးအကြံပေးနှင့် သုတေသန ဒါရိုက်တာ Pierre-Olivier Gourinchas (နောက်တန်း ဝဲဘက် ဒုတိယမြောက်) အား ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က 《ကမ္ဘာ့စီးပွားရေး အလားအလာ အစီရင်ခံစာ》 ကို ဧပြီ ၁၁ ရက်တွင် ထုတ်ပြန်ဖော်ပြခဲ့ရာ ၂၀၂၃ ခုနှစ်၌ တရုတ်နိုင်ငံ၏ စီးပွားရေး ၅.၂ ရာခိုင်နှုန်းတိုးတက်လာမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအတွက် အပြုသဘော တွန်းအားဖြစ်လိမ့်မည်ဟု ခန့်မှန်းထားသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ သတင်းစာရှင်းလင်းပွဲတွင် IMF စီးပွားရေးအကြံပေးနှင့် သုတေသန ဒါရိုက်တာ Pierre-Olivier Gourinchas(ဝဲဘက် ဒုတိယမြောက်)အား ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ သတင်းစာရှင်းလင်းပွဲတွင် IMF စီးပွားရေးအကြံပေးနှင့် သုတေသန ဒါရိုက်တာ Pierre-Olivier Gourinchas အား ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံက ရောဂါကာကွယ်ရေးမူဝါဒများ ကောင်းမွန်အောင် ချိန်ညှိပြီးနောက် တရုတ်စီးပွားရေးက အားကောင်းစွာ ပြန်လည်တွန်းကန်လာနိုင်ခဲ့ကြောင်း၊ ၎င်းမှာ ကမ္ဘာ့စီးပွားရေးအတွက် အရေးကြီးသော အကျိုးအမြတ်ကောင်းများ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာစီးပွားရေးတိုးတက်မှု၏ အဓိက မောင်းနှင်အား ဖြစ်လာမည် ဖြစ်ကြောင်း IMF စီးပွားရေးအကြံပေးနှင့် သုတေသန ဒါရိုက်တာ Pierre-Olivier Gourinchas က ယင်းနေ့တွင် ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာစီးပွားရေးသည် ၂.၈ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ပြီး ၎င်းမှာ ထိုမတိုင်မီ ခန့်မှန်းချက်ထက် ၀.၁ ရာခိုင်နှုန်း လျော့နည်းမည်ဖြစ်ကြောင်း အစီရင်ခံစာက ခန့်မှန်းထားသည်။ (Xinhua)

……………………………………………..
(Chinese Version)
IMF预计今年中国经济增长5.2%
新华社华盛顿4月11日电国际货币基金组织(IMF)11日发布最新《世界经济展望报告》,预计2023年中国经济增速为5.2%,对全球经济将产生积极助推作用。
IMF经济顾问兼研究部主任皮埃尔-奥利维耶•古兰沙当天表示,中国优化调整防疫政策,助力中国经济强劲反弹,这对全球经济来说是重大利好,中国将成为全球经济增长关键引擎。报告预计,2023年全球经济将增长2.8%,较此前预测下调0.1个百分点。(完)
1. 4月11日,在美国华盛顿,国际货币基金组织(IMF)经济顾问兼研究部主任皮埃尔-奥利维耶•古兰沙(后左二)出席新闻发布会。新华社记者刘杰摄
2. 4月11日,在美国华盛顿,国际货币基金组织(IMF)经济顾问兼研究部主任皮埃尔-奥利维耶•古兰沙(左二)出席新闻发布会。
3. 4月11日,在美国华盛顿,国际货币基金组织(IMF)经济顾问兼研究部主任皮埃尔-奥利维耶•古兰沙出席新闻发布会。新华社记者刘杰摄