Connect with us

Politics, Law & Military

ဂျာမနီဝန်ကြီးချုပ် Olaf Scholz နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းတို့ တွေ့ဆုံဆွေးနွေး

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz နှင့် တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းတို့ ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ၂၀၂၃ ခုနှစ် မေ ၁၀ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ဘာလင်၊ မေ ၁၁ ရက် (ဆင်ဟွာ)

ဂျာမနီဝန်ကြီးချုပ် Olaf Scholzသည် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် မေ ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဂျာမနီဝန်ကြီးချုပ် Olaf Scholzက တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းမှတစ်ဆင့် တရုတ်နိုင်ငံခေါင်းဆောင်များသို့ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ဂျာမနီတွင် ၇ ကြိမ်မြောက် ဂျာမနီ-တရုတ် နှစ်နိုင်ငံအစိုးရများ တွေ့ဆုံဆွေးနွေးပွဲကျင်းပရန် မျှော်လင့်လျက်ရှိကြောင်း၊ ၎င်းမှာ အရေးကြီးသော ဆွေးနွေးပွဲဖြစ်ရာ ဂျာမနီနိုင်ငံသည် အိမ်ရှင်နိုင်ငံအနေဖြင့် တက်ကြွစွာ ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်သလို အပြုသဘောရလဒ်များ ရရှိစေရန် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ဗဟုအသွင်ပြောင်းလဲမှုအခြေအနေအောက်တွင် ဘက်ပေါင်းစုံတန်းတူညီမျှရေးကို ခိုင်မာစွာ လက်ကိုင်ထား၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားသင့်ကြောင်း ၊ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍနှင့် ဩဇာလွှမ်းမိုးမှုကို ဂျာမနီနိုင်ငံက အလေးထားရာ ယူကရိန်းအကျပ်အတည်း စသည့် အရေးကြီးကဏ္ဍရပ်များတွင် တရုတ်နိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများ အားဖြည့်ဆောင်ရွက်သွားလို ကြောင်း Olaf Scholzက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ဂျာမနီဝန်ကြီးချုပ် Olaf Scholzသို့ တရုတ်နိုင်ငံ ခေါင်းဆောင်များ၏ ခင်မင်ရင်းနှီးသော နှုတ်ခွန်းဆက်စကားအား ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်၏ “နှစ်တစ်ရာ အပြောင်းအလဲ” မဟာဗျူဟာ စီမံမှုနှင့် ဝန်ကြီးချုပ် Olaf Scholz၏ “Zeitenwende(ရာဇဝင်အချိုးအကွေ့)”တွင် တူညီမှုများရှိကြောင်း၊ ရှုပ်ထွေးပြောင်းလဲနေသော ကမ္ဘာ့အခြေအနေတွင် နိုင်ငံတကာ အသိုက်အဝန်းက ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြီး စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်သွားသင့်ကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။ မိမိအနေဖြင့် ယခုအကြိမ် ဂျာမနီသို့ လာရောက်ရသော အဓိက ရည်ရွယ်ချက်မှာ ၇ ကြိမ်မြောက် နှစ်နိုင်ငံအစိုးရဆွေးနွေးပွဲအတွက် ပြင်ဆင်ရန် ဖြစ်ပါကြောင်း၊ အရေးပါ၍ လွှမ်းမိုးမှုရှိသော နိုင်ငံနှင့် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်အနေဖြင့် တရုတ်-ဂျာမနီ တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ခြင်းသည် ကမ္ဘာအတွက် ပို၍ တည်ငြိမ်သော၊ သေချာရေရာမှုရှိသော ၊ အပြုသဘော စွမ်းအင်ကို အားသစ်လောင်းပေးခြင်း ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ဂျာမနီနိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများမှ ရလဒ်များစွာ ရရှိလာစေရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

ယူကရိန်းအရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်က ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးသာ ဖြစ်ကြောင်း၊ စစ်မက်တာရှည်နေခြင်းသည် ဒုက္ခအကျပ်အတည်းများကို ပို၍တိုးစေမည်သာ ဖြစ်ရာ အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရေးကို အကောင်အထည်ဖော်ကာ ဥရောပ ရေရည် တည်ငြိမ်အေးချမ်းရေးနည်းလမ်းကို ရှာဖွေသင့်ကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

အလည်အပတ်ခရီးစဉ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ဂျာမနီ ဝန်ကြီးချုပ်၏ နိုင်ငံခြားရေးရာ အကြံပေး Jens Ploetner ၊ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)
——————————-

德国总理朔尔茨会见秦刚
新华社柏林5月10日电当地时间5月10日,德国总理朔尔茨在柏林会见国务委员兼外长秦刚。
朔尔茨请秦刚转达对中国领导人的诚挚问候。朔尔茨表示,非常期待在德国举行德中第七轮政府磋商。这是一次重要的磋商,作为东道国,德方正积极筹备,愿同中方共同努力,确保取得积极成果。在世界多极化背景下,应坚持各方平等,共同维护世界和平。德方重视中国的作用和影响力,愿就乌克兰危机等重大问题同中方加强沟通。
秦刚向朔尔茨转达中国领导人的亲切问候。秦刚表示,习近平主席作出“百年未有之大变局”的战略判断,朔尔茨总理提出“全球时代转折”,两者有契合之处。面对变乱交织的世界,国际社会应加强合作,携手应对挑战。我此次访德主要目的是为两国第七轮政府磋商做准备。作为具有重要影响力的国家和全方位战略伙伴,中德加强对话合作,有利于为世界注入更多稳定性、确定性和正能量。中方期待与德方一道,推动磋商取得丰硕成果。
秦刚说,在乌克兰问题上,中方的立场就是劝和促谈。战事延宕只会造成更多苦难,应尽快停火止战,通过对话实现政治解决,寻找欧洲长治久安之道。
访问期间,秦刚还会见了德国总理外事顾问普吕特纳,并同德国外长贝尔伯克举行会谈。(完)
1. 5月10日,在德国柏林,德国总理朔尔茨(右)会见中国国务委员兼外长秦刚。新华社记者 任鹏飞 摄