Connect with us

Asia

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ပူးတွဲစမ်းသပ်စစ်ဆေးမှုများ စတင်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း ရထားလမ်းတစ်လျှောက်တွင် မောင်းနှင်နေသော ဘက်စုံစစ်ဆေးရေး ရထားကို ၂၀၂၃ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ၊ မေ ၂၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ပူးတွဲစမ်းသပ်စစ်ဆေးမှုများကို မေ ၂၂ ရက်က စတင်ခဲ့သည်။ ၎င်းမှာ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းတည်ဆောက်မှု၏ ကြီးမားသော တိုးတက်မှုဖြစ်သလို ရထားလမ်းကြောင်းပြည့် လည်ပတ်နိုင်ရေးအတွက် အခြေခံ ဖြစ်သည်။

ပူးတွဲစမ်းသပ်စစ်ဆေးခြင်းက EMU လျှပ်စစ်ရထား လုံခြုံဘေးကင်းစွာ လည်ပတ်နိုင်ရေးအတွက် ရထားလမ်း ဖွင့်လှစ်ခြင်းမပြုမီ စေ့စပ်သေချာစွာ စမ်းသပ်ခြင်းနှင့် စက်ပစ္စည်းကိရိယာများကို ပို၍ကောင်းမွန်အောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း China Railway International Group(CRIG) တာဝန်ခံတစ်ဦး၏ မိတ်ဆက်ပြောကြားချက်များအရ သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း ရထားလမ်းတစ်လျှောက်တွင် ယာဉ်မောင်းများက ဘက်စုံစစ်ဆေးရေး ရထားမောင်းနှင်နေသည်ကို ၂၀၂၃ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် ဇွန်လတွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းတည်ဆောက်မှုကို ဘက်စုံစတင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ လုပ်ငန်းတည်ဆောက်မှုများ အဆင်ပြေချောမွေ့လျက်ရှိရာ လမ်းအောက်ခံမြေလွှာ၊ တံတားနှင့်ရေမြောင်း၊ ဥမင်လိုဏ်ခေါင်းစသည့် မြို့ပြအင်ဂျင်နီယာလုပ်ငန်းများအားလုံး ပြီးစီး၍ သံလမ်းခင်းခြင်း၊ လျှပ်စစ်ဓါတ်အား အင်ဂျင်နီယာလုပ်ငန်းများ အခြေခံအားဖြင့် ပြီးစီးသွားပြီဖြစ်ရာ လမ်းကြောင်းဖွင့်လှစ်လည်ပတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။ ပူးတွဲစမ်းသပ်စစ်ဆေးမှုလုပ်ငန်းများ ပြီးဆုံးပါက စမ်းသပ်လည်ပတ်ခြင်းနှင့်ဘေးကင်းလုံခြုံမှုဆိုင်ရာ သုံးသပ်ခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါအဆင့်အလိုက်လုပ်ငန်းဆောင်တာများပြီးဆုံးပါက ရထားလမ်းအား တရားဝင်ဖွင့်လှစ်အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ Halim ဘူတာတွင် ပထမအကြိမ် ပူးတွဲစမ်းသပ်စစ်ဆေးမှုများအပြီး ရပ်နားထားသော ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ဘက်စုံစစ်ဆေးရေး ရထားအား ၂၀၂၃ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာနှင့် နာမည်ကျော် ခရီးသွားမြို့ ဖြစ်သည့် ဘန်ဒေါင်းကို ချိတ်ဆက်ပေးထားခြင်း ဖြစ်ရာ စုစုပေါင်း အရှည် ၁၄၂ ကီလိုမီတာ အမြင့်ဆုံး မြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ နှုန်းဖြင့် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ ယင်းစီမံကိန်းသည် “ရပ်ဝန်းနှင့်ပိုးလမ်းမ” တည်ဆောက်မှုနှင့် တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု၏ ပြယုဂ်ဖြစ်သလို တရုတ် မြန်နှုန်းမြင့်ရထားလမ်းများ၏ ပြည်ပတွင် ပထမဆုံး စနစ်အပြည့်၊ ပါဝင်မှုအပြည့်၊ လုပ်ငန်းကွင်းဆက်အပြည့် ဆောင်ရွက်ခြင်းလည်းဖြစ်ရာ ရထားလမ်းကြောင်းတစ်ခုလုံးကို တရုတ်နည်းပညာ၊ တရုတ်စံချိန်စံညွှန်းများဖြင့် ဖော်ဆောင်ခြင်း ဖြစ်သည်။ အဆိုပါရထားလမ်းဖွင့်လှစ်ပြေးဆွဲနိုင်ပါက ဂျကာတာနှင့်ဘန်ဒေါင်း၏ သွားလာမှုကြာချိန်မှာ ၃ နာရီကျော်ရှိမှ မိနစ် ၄၀ အထိ လျော့နည်းသွားမည် ဖြစ်သည်။ (Xinhua)

——————————

雅万高铁开始联调联试
新华社雅加达5月22日电(记者余谦梁 汪奥娜)印度尼西亚雅万高铁22日开始联调联试,标志着雅万高铁建设取得新的重大进展,为全线开通运营奠定基础。
雅万高铁联调联试工作由中国国家铁路集团有限公司所属中国铁路国际有限公司牵头,组织中国铁路北京局集团有限公司、中国铁道科学研究院集团公司及中印尼两国设计、施工、监理、运维等单位共同参与,对工程质量和联调联试必需条件进行检查、验收和确认。
据中国铁路国际有限公司相关负责人介绍,联调联试是在高速铁路开通前进行的严格试验检测和设备调整优化,以确保动车组列车安全平稳运行。
雅万高铁2018年6月全面开工建设。目前,工程建设进展顺利,路基、桥涵、隧道等土建工程全部完成,轨道、四电工程基本完成,运营准备工作有序开展。联调联试结束后,还要进行运行试验和安全评估,以上环节完成后将开通运营。
雅万高铁连接印尼首都雅加达和旅游名城万隆,全长约142公里,最高设计时速350公里。这是“一带一路”建设和中印尼两国务实合作的标志性项目,也是中国高铁首次全系统、全要素、全产业链在海外建设项目,全线采用中国技术、中国标准。建成通车后,两地间的旅行时间将由现在的3个多小时缩短至40分钟。
1. 这是5月22日拍摄的行驶在印度尼西亚雅万高铁沿线的雅万高铁综合检测列车(无人机照片)。新华社发(中国铁路国际有限公司供图)
2. 5月22日,在印度尼西亚,动车组司机驾驶雅万高铁综合检测列车行驶在雅万高铁沿线(手机照片)。新华社记者 徐钦 摄
3. 5月22日,在印度尼西亚雅加达哈利姆车站,结束首次联调联试的雅万高铁综合检测列车停靠在站台上。新华社记者 徐钦 摄