Connect with us

Social

CITIC Group မှ မြန်မာနိုင်ငံ ကျောက်ဖြူဒေသအတွက် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ခဲ့သော မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူဒေသ ပြည်သူများအတွက် တရုတ်နိုင်ငံ CITIC Group မှ ယွမ် ၁ သိန်း တန်ဖိုးရှိသော သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများအား မေ ၂၂ ရက်က ပေးအပ်လှူဒါန်းခဲ့သည်။ ယင်းသို့ လှူဒါန်းသော ပစ္စည်းများတွင် မိုးရေခံဖျင်(တာပေါ်လင်)၊ သွပ်ပြား ၊ သံမှို စသည်တို့ ပါဝင်ကြောင်း သိရသည်။အဆိုပါ လှူဒါန်းပွဲ အခမ်းအနားကို CITIC Myanmar မန်နေဂျင်းဒါရိုက်တာ Liang Chuanxin ၊ ကျောက်ဖြူ ဒေသအစိုးရ အရာရှိများ၊ ဒေသခံ လူထု ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် CITIC Myanmar မန်နေဂျင်းဒါရိုက်တာ Liang Chuanxinက CITICအနေဖြင့် ကျောက်ဖြူရှိ ပြည်သူများနှင့် အမြဲတမ်း စိတ်ချင်းဆက်နွယ်လျက်ရှိရာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပွားပြီးစအချိန်တွင်ပင် လေဘေးကြောင့် ဖြစ်ပွားသည့် ပျက်စီးဆုံးရှုံးမှုများအား သိရှိရန် ကြိုးပမ်းခဲ့ပြီး သဘာဝကပ်ဘေးကယ်ဆယ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို တစ်တပ်တစ်အား စီမံဆောင်ရွက် ခဲ့ပါကြောင်း၊ သဘာဝဘေးဒဏ်သင့် ပြည်သူလူထုအနေဖြင့် စိန်ခေါ်မှုအခက်အခဲများကို မုချမသွေ ကျော်လွှားနိုင်ပြီး ပုံမှန်နေထိုင်မှုဘဝသို့ အမြန်ဆုံး ပြန်လည် ရရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ လှူဒါန်းမှုအပေါ် ကျောက်ဖြူ ဒေသအစိုးရနှင့် သဘာဝ ဘေးဒဏ်သင့်ပြည်သူများက ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ပြီး CITIC Groupအား ကျေးဇူးတင်မှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

လေဘေးဖြစ်ပွားပြီးနောက် CITIC Group အနေဖြင့် ဦးဆုံးပင် ကူညီလှူဒါန်းပေးရန် ဆုံးဖြတ်ခဲ့ပြီး တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၊ ကျောက်ဖြူ ဒေသန္တရ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့်အတူ ပူးတွဲ၍ “မိုခါ” လေဘေး အရေးပေါ်ကယ်ဆယ်ရေး စီမံကိန်းကို စတင်ခဲ့ရာ ဒေသ၏လိုအပ်ချက်များနှင့်ချိတ်ဆက်၍ အထောက်အပံ့ပစ္စည်းများကို ဝယ်ယူခဲ့ကြောင်း သိရသည်။ ယခုအကြိမ် လှူဒါန်းမှုမှာ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့ကြောင်း သိရသည်။

CITIC Group သည် လူမှုတာဝန်များကို အစဉ်အလေးထား ဆောင်ရွက်လျက်ရှိပြီး “လူကိုအခြေခံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး”ဟူသော ခံယူချက်ဖြင့် ကျောက်ဖြူ စီမံကိန်းများကို ဖော်ဆောင်လျက်ရှိသည်။

တစ်ချိန်တည်းတွင်ပင် ဒေသ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူများ၏ အကျိုးစီးပွား မြှင့်တင်ရေးကို အဓိက သမိုင်းတာဝန်အနေဖြင့် ကျောက်ဖြူဒေသ၌ ကျေးလက်ရန်ပုံငွေ စီမံကိန်း၊ သဘာဝ ရေဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး၊ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ် သင်ကြားခြင်း၊ မေတ္တာအိတ်ထုတ်ကျောပိုးအိတ်များ ပို့ဆောင်ဖြန့်ဝေခြင်း ၊ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်း၊ ကျောက်ဖြူ အနာဂတ် ရွေ့လျားဆေးခန်း စီမံကိန်း၊ ကျောက်ဖြူအနာဂတ် Trash Star ကမ်းခြေသန့်ရှင်းရေးစီမံကိန်း များစွာ ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုအကြိမ် ကူညီလှူဒါန်းမှုသည် CITIC Groupနှင့်ဒေသခံပြည်သူများအကြား အပြန်အလှန်ကူညီဖေးမခြင်း၏ ဆက်ခံမှုဖြစ်သလို CITIC Group မြန်မာတွင် တည်ရှိခြင်း ၊ ကျောက်ဖြူစီမံကိန်းဖော်ဆောင်ခြင်းဖြင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို အတူဖော်ဆောင်မည့် သန္နိဋ္ဌာန်နှင့် စိတ်ရင်းစေတနာအမှန်ကို ထင်ဟပ်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————-
中信集团向缅甸皎漂地区捐赠救灾物资
5月22日,中信集团向”穆查”风暴缅甸若开邦皎漂地区受灾民众捐赠了价值10万元人民币救灾物资,包括防雨布、压型钢瓦、铁钉等。中信缅甸总经理梁传新等以及皎漂地方官员和当地民众代表出席了捐赠仪式。
梁传新表示,中信集团一直心系皎漂人民,风暴伊始就立即向当地了解风灾损失,积极组织救灾物资。相信受灾民众一定能战胜困难,度过难关,尽快恢复正常生产生活。当地政府代表和受灾民众感谢中信集团的慷慨援助,并向中信集团颁发了感谢函。
风灾发生后,中信集团第一时间做出捐赠决定,联合中国乡村发展基金会和皎漂当地民间社会组织启动“穆查”风灾紧急救援项目,积极对接当地需求,完成物资采购。此次捐赠反应迅速、组织有力,得到了中国驻缅甸大使馆、皎漂特区管委会的高度肯定。
中信集团一贯重视积极履行企业社会责任,在秉承“人本、繁荣、环保”理念推进皎漂项目的同时,还将带动地区经济社会发展、增进当地民生福祉视为重要使命,已先后在皎漂地区开展了乡村公益基金、抗洪救灾、发放爱心书包、青少年能力建设技能培训、捐赠防疫物资、“皎漂未来”移动诊所、“皎漂未来”垃圾之星海滩净化等一系列公益项目。此次捐赠进一步延续了中信与当地民众间守望相助的精神,展示了中信扎根缅甸、积极推进皎漂项目,共谱中缅“胞波”情谊佳话的决心与诚意。(完)