Connect with us

Social, Education & Health

ခရီးသွားလုပ်ငန်းဖြင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ပေးသော တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကျေးရွာလေး

ဝန်ဆန်း၊ မေ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝန်ဆန်း ကျွမ့်လူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ချိုးပေ ခရိုင် ရှန်းရန်တုန့် ကျေးရွာသည် ဖူကျယ်ဟေး ရှုခင်းသာ နေရာတွင် တည်ရှိရာ ယီလူမျိုး ဆာနီလူမျိုးခွဲများ စုစည်းနေထိုင်ရာ ကျေးရွာ ဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များက အဆိုပါကျေးရွာလေး၏ နှစ်စဉ် တစ်ဦးချင်း ပျမ်းမျှဝင်ငွေသည် ယွမ် ၃၀၀ သာ ရှိခဲ့သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူကျယ်ဟေး ရှုခင်းသာနေရာ ၊ ရှန်းရန်တုန့် ကျေးရွာလေးရှိ စားသောက်ဆိုင်တစ်ခုတွင် နံနက်စာ ပြင်ဆင်နေသော ဝန်ထမ်းတစ်ဦးအား ၂၀၂၃ ခုနှစ် မေ ၃၁ ရက် က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူကျယ်ဟေး ရှုခင်းသာနေရာရှိ ရှန်းရန်တုန့် ကျေးရွာလေး၏ မြင်ကွင်းများအား ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူကျယ်ဟေး ရှုခင်းသာနေရာ ရှန်းရန်တုန့် ကျေးရွာလေးရှိ နေအိမ်တည်းခိုခန်းတစ်ခု၌ ခရီးသွားများ နားယူနေသည်ကို ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူကျယ်ဟေး ရှုခင်းသာနေရာ ရှန်းရန်တုန့် ကျေးရွာလေးရှိ ဒေသထွက်ကုန်ပစ္စည်း အရောင်းဆိုင်လေးအား ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူကျယ်ဟေး ရှုခင်းသာနေရာ ရှန်းရန်တုန့် ကျေးရွာလေးရှိ နေအိမ်တည်းခိုခန်းတစ်ခုအား ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူကျယ်ဟေး ရှုခင်းသာနေရာရှိ ရှန်းရန်တုန့် ကျေးရွာလေး၏ မြင်ကွင်းများအား ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရေးအတွက် ရှန်းရန်တုန့်ကျေးရွာလေးသည် ကောင်းမွန်လှသော သဘာဝပတ်ဝန်းကျင် အားသာချက်ကို အသုံးချပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ “တစ်အိမ်လျှင် နည်းလမ်းတစ်မျိုး”၊ “တစ်အိမ်လျှင် ဒီဇိုင်းတစ်မျိုး” တည်ဆောက်ခြင်း စီမံချက်အတိုင်း ကျေးရွာ၏အငွေ့အသက်ကို အတတ်နိုင်ဆုံး ရှေးမူမပျက်ထိန်းသိမ်းကာ တိုင်းရင်းသားများ၏ထူးခြားချက်များကို ပြသခဲ့သည်။ ယခုအခါ ရှန်းရန်တုန့်ကျေးရွာလေးသည် “အွန်လိုင်း နာမည်ကြီး ကျေးရွာ”လေးဖြစ်လာခဲ့သလို ကျေးရွာသူ ကျေးရွာသားများက နေအိမ်တည်းခိုခန်း၊ စားသောက်ဆိုင်စသည်တို့ ဖွင့်လှစ်ခြင်းဖြင့် မိမိ၏နေအိမ်နေရာတွင်ပင် အလုပ်အကိုင်ရရှိရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ရာ လက်ရှိတွင်မူ နှစ်စဉ် တစ်ဦးချင်း ပျမ်းမျှဝင်ငွေသည် ယွမ် ၅ သောင်းကျော် ရှိလာခဲ့သည်။ (Xinhua)
——————————-

云南普者黑:发展旅游产业 助力乡村振兴
云南省文山壮族苗族自治州丘北县仙人洞村位于普者黑景区内,是个彝族撒尼人聚居村寨。20世纪90年代,村里人均年收入只有300多元。为摆脱贫困,仙人洞村利用优良的自然环境优势,发展旅游业,按照“一户一方案,一户一设计”的建设规划,最大限度保留乡土气息,展现民族特色。如今,仙人洞村已成为“网红村”,村民通过开办民宿、餐馆等实现在家门口就业,目前人均年收入突破5万元。
1. 5月30日,游客乘船在普者黑景区仙人洞村游览。
2. 5月31日,普者黑景区仙人洞村一家餐馆的工作人员在准备早餐。
3,7. 这是5月30日拍摄的普者黑景区仙人洞村景色。
4. 5月30日,游客在普者黑景区仙人洞村一家民宿休闲。
5. 5月30日,在普者黑景区仙人洞村一家特产店,工作人员在介绍商品。
6. 这是5月30日在普者黑景区仙人洞村拍摄的一家民宿。