Connect with us

China

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဂျာမနီ ဝန်ကြီးချုပ်၏ နိုင်ငံခြားရေးရာ အကြံပေး Jens Plotner တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဂျာမနီ ဝန်ကြီးချုပ်၏ နိုင်ငံခြားရေးရာ အကြံပေး Jens Plotner တို့ ပေကျင်းမြို့တွင် မေ ၃၁ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ ဇွန် ၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ဂျာမနီ ဝန်ကြီးချုပ်၏ နိုင်ငံခြားရေးရာ အကြံပေး Jens Plotnerနှင့် ပေကျင်းမြို့တွင် မေ ၃၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်အနေဖြင့် တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံသည် နှစ်ဘက်ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်သာမက ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ရာတွင် အကျိုးဆောင်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိ နိုင်ငံတကာ အခြေအနေ မတည်ငြိမ်မှု ၊ မသေချာမရေရာမှုများ တိုးပွားလာခြင်းကို ရင်ဆိုင်ရာတွင် တရုတ်-ဂျာမနီ အတူလက်တွဲ၍ ၇ ကြိမ်မြောက် တရုတ်-ဂျာမနီ နှစ်နိုင်ငံ အစိုးရ ဆွေးနွေးပွဲကို ကောင်းမွန်စွာ ကျင်းပကာ ဥရောပနှင့်ကမ္ဘာအတွက် အပြုသဘောသတင်းစကားပါးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဂျာမနီ ဝန်ကြီးချုပ်၏ နိုင်ငံခြားရေးရာ အကြံပေး Jens Plotner တို့ ပေကျင်းမြို့တွင် မေ ၃၁ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ကြွယ်ဝစုံလင်မှုရှိသော ကမ္ဘာတွင် အပြန်အလှန် လေးစားခြင်း၊ တန်းတူညီတူ ဆက်ဆံခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းသည် နိုင်ငံကြီးများဆက်ဆံရေး၏လမ်းစဉ် ဖြစ်သင့်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ခိုင်မာစွာ လျှောက်လှမ်းသွားမည် ဖြစ်ပြီး ပြည်တွင်းပြည်ပ မူဝါဒ များကို မြင့်မားသော တည်ငြိမ်မှု၊ အဆက်မပြတ်မှု၊ ပွင့်လင်းမြင်သာမှုများ ထားရှိသွားမည် ဖြစ်ကြောင်း၊ တရုတ်စီးပွားရေးသည် ကမ္ဘာနှင့် နီးကပ်စွာ ပေါင်းစည်းသွားမည်ဖြစ်ပြီး တရုတ်ပုံစံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို ဘက်စုံ တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှု၊ အဆင့်မြင့် တံခါးဖွင့်လှစ်မှုများကို ခိုင်မာစွာ ဆောင်ရွက်သွားကာ နိုင်ငံ အသီးသီးနှင့် အခွင့်အလမ်းများကို မျှဝေပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ခဲ့ရာ လူဦးရေ သန်းပေါင်း ၁၄၀၀ ကျော်က ခေတ်မီအသွင်ပြောင်းရေးသို့ လျှောက်လှမ်းနေပြီဖြစ်ကြောင်း၊ ကမ္ဘာ့ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို၍ ကြီးမားသော အကျိုးကို ဆောင်ကြဉ်းပေးမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

Jens Plotnerက ဂျာမနီ-တရုတ် ဆက်ဆံရေး အခြေခံသည် တည်ငြိမ်ခိုင်မာမှု ရှိကြောင်း၊ ဂျာမနီအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ခိုင်မာစွာ ကျင့်သုံးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် မကြာမီ ကျင်းပတော့မည့် ဂျာမနီ-တရုတ် နှစ်နိုင်ငံ အစိုးရ ဆွေးနွေးပွဲကို အပြည့်အဝ မျှော်လင့်ရာ ကဏ္ဍစုံ အကြိုပြင်ဆင်မှုလုပ်ငန်းဆောင်တာများကို အတူတွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာ၏ ဗဟုအသွင်ပြောင်းမှုသည် ရှောင်လွှဲ၍မရသော အခြေအနေဖြစ်ကြောင်း၊ ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို ချီးကျူးသလို တရုတ်နိုင်ငံ၏ နိုင်ငံတကာဩဇာလွှမ်းမိုးမှုကို အထူး အလေးထားကြောင်း၊ တွေ့ဆုံဆွေးနွေးပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ကာ မတည်မငြိမ်ဖြစ်နေသော စိန်ခေါ်မှုများကို အတူ ရင်ဆိုင်သွားလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဘက်အနေဖြင့် ယူကရိန်းအရေး စသည့် အတူဂရုပြုကြသော နိုင်ငံတကာဒေသတွင်းပြဿနာများအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………….
(Chinese Version)
王毅会见德国总理外事顾问普吕特纳
新华社北京5月31日电5月31日,中共中央政治局委员、中央外办主任王毅在北京会见德国总理外事顾问普吕特纳。
王毅说,作为全方位战略伙伴,中德不仅要稳定好发展好双边关系,也要为共同应对全球挑战作出贡献。面对当前国际局势不稳定、不确定因素增多,中德要携手努力,举办好第七轮中德政府磋商,向欧洲和世界发出积极信号。
王毅强调,世界是丰富多彩的,相互尊重、平等相待、和平共处应成为大国交往之道。中国坚持走和平发展道路,内外政策保持高度稳定性、连续性,高度公开透明。中国经济同世界紧密融合,我们将全面推进中国式现代化,坚持高质量发展、高水平对外开放,同各国共享机遇、合作共赢。中国实现稳定发展,14亿多人口整体迈入现代化,将为世界和平稳定、发展繁荣作出更大贡献。
普吕特纳表示,德中关系基础稳固,德方将继续坚定奉行一个中国政策。我们对即将举行的新一轮德中政府磋商充满期待,将共同加紧推进各项筹备工作。世界多极化是必然趋势,德方高度评价中国发展成就,高度重视中国的国际影响,愿加强对话合作,共同应对动荡不定局势的挑战。
双方还就乌克兰等共同关心的国际地区问题交换了看法。