Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Xiomara Castro တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်ရောက်ရှိလာသော ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Xiomara Castroအား ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင် အရှေ့ရင်ပြင်တွင် အခမ်းအနားဖြင့် ကြိုဆိုနေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၁၂ ရက် က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်ရောက်ရှိလာသော ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Xiomara Castroနှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဇွန် ၁၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတ ရှီကျင့်ဖိန်က သမ္မတ Xiomara Castroသည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သော ပထမဆုံး ဟွန်ဒူးရပ်စ်နိုင်ငံသမ္မတ ဖြစ်ကြောင်း၊ ယခုခရီးစဉ်သည် တရုတ်-ဟွန်ဒူးရပ်စ် ဆက်ဆံရေး၏ သမိုင်းကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ် မတ်လတွင် တရုတ်-ဟွန်ဒူးရပ်စ် သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး လျင်မြန်စွာ စတင်ခဲ့ရာ အားမာန်အပြည့်နှင့်ကျယ်ပြန့်သော အနာဂတ်အလားအလာကို ဖော်ဆောင်နိုင်သော အစပျိုးမှု ကောင်းမွန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Xiomara Castro တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင် ၂၀၂၃ ခုနှစ် ဇွန် ၁၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

တရုတ်-ဟွန်ဒူးရပ်စ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း မျက်မှောက်ခေတ်ကြိုးပမ်းမှုသည် ရေရှည်အတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်အောင် ခိုင်မာစွာ ဆောင်ရွက်သွားမည် ဖြစ်သလို ဟွန်ဒူးရပ်စ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ခိုင်မာစွာ အားပေးထောက်ခံသွားမည် ဖြစ်ကြောင်း ၊ ဟွန်ဒူးရပ်စ်နိုင်ငံနှင့်အတူ အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှ အပြန်အလှန်အကျိုးဖြစ်မှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှုရှိသော မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း အဖြစ် ဆောင်ရွက်သွားလိုကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က နှစ်နိုင်ငံအနေဖြင့် မှန်ကန်သော ဦးတည်ချက်ကို ခိုင်မာစွာ ထားရှိ၍ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် တရုတ်-ဟွန်ဒူးရပ်စ် သံတမန် ဆက်ဆံရေး ထူထောင်မှုနှင့် နှစ်ဘက်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှု၏ ပထမဦးဆုံး လိုအပ်ချက်နှင့် နိုင်ငံရေးအခြေခံဖြစ်ရာ ဟွန်ဒူးရပ်စ်နိုင်ငံအနေဖြင့် အပြည့်အဝ လက်တွေ့ဖော်ဆောင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်ရောက်ရှိလာသော ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Xiomara Castroအား ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင် အရှေ့ရင်ပြင်တွင် အခမ်းအနားဖြင့် ကြိုဆိုနေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၁၂ ရက် က တွေ့ရစဉ်(ဆင်ဟွာ)

ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Xiomara Castroက တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခြင်းသည် ဟွန်ဒူးရပ်စ်အစိုးရ၏ သမိုင်းဝင်ရွေးချယ်မှုဖြစ်ရာ သမိုင်းမှတ်တမ်းတင်ထားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟွန်ဒူးရပ်စ်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ ထောက်ခံသလို လိုက်နာဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံအစိုးရ၏ နိုင်ငံပေါင်းစည်းရေး ကြိုးပမ်းမှုများကို အခိုင်အမာ ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ၊ သမ္မတ ရှီကျင့်ဖိန်၏ အားကောင်းသော ဦးဆောင်မှုတွင် တရုတ်နိုင်ငံက ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့သည့်အပေါ် လေးစားမိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Xiomara Castro တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင် ၂၀၂၃ ခုနှစ် ဇွန် ၁၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

သမ္မတ ရှီကျင့်ဖိန် ၏ “ရပ်ဝန်းနှင့်ပိုးလမ်းမ”အတူလက်တွဲ တည်ဆောက်ရေး အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်(GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်(GCI)တို့သည် ကမ္ဘာ့ပြည်သူများ အတူတကွ မျှော်လင့်တောင့်တကြသော ပို၍ ငြိမ်းချမ်း၊ လုံခြုံသော ကမ္ဘာကြီး တည်ဆောက်ရေးအတွက် အထောက်အကူ ဖြစ်စေရာ ဟွန်ဒူးရပ်စ်နိုင်ငံအနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် ဟွန်ဒူးရပ်စ်နိုင်ငံအတွက် ပို၍ များပြားပြီး ပို၍ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ပွင့်လန်းလာမည်ဟု ယုံကြည်ကြောင်း သမ္မတ Xiomara Castroက ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံ ခေါင်းဆောင်များက “ရပ်ဝန်းနှင့်ပိုးလမ်းမ”အတူတည်ဆောက်ရေး၊ အရည်အသွေးစစ်ဆေးမှု၊ ကုန်သွယ်စီးပွား၊ လယ်ယာစိုက်ပျိုးရေး၊ သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှုနှင့်ပညာရေး စသည့်ကဏ္ဍများအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှုကို သက်သေပြုခဲ့ပြီး 《တရုတ်-ဟွန်ဒူးရပ်စ် နှစ်နိုင်ငံ ပူးတွဲကြေညာချက်》ကို ထုတ်ပြန်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

—————————-

习近平同洪都拉斯总统卡斯特罗举行会谈
新华社北京6月12日电(记者郑明达)6月12日下午,国家主席习近平在人民大会堂同来华进行国事访问的洪都拉斯总统卡斯特罗举行会谈。
习近平指出,卡斯特罗总统是首位对中国进行国事访问的洪都拉斯总统,你的访问开启了中洪关系新的历史篇章。今年3月中国同洪都拉斯建立外交关系以来,两国关系快速起步,开局良好,呈现出蓬勃活力和广阔前景。中洪建交功在当今,利在长远。中方将坚定不移发展中洪友好关系,坚定支持洪都拉斯经济社会发展,愿同洪都拉斯做相互尊重、平等互利、共同发展的好朋友、好伙伴。
习近平强调,双方要把牢正确方向,深化政治互信。一个中国原则是中洪建交和发展双边关系的首要前提和政治基础,相信洪方将不折不扣落到实处
卡斯特罗表示,同中国建交是洪都拉斯政府作出的历史性抉择,必将载入史册。洪方坚定支持并遵守一个中国原则,坚定支持中国政府为实现国家统一所作的努力。在习近平主席坚强有力领导下,中国取得了伟大发展成就,洪方深感钦佩。习近平主席提出的共建“一带一路”倡议和全球发展倡议、全球安全倡议、全球文明倡议,有助于建设一个符合世界人民共同期盼的更加和平、安全的世界,洪方高度评价并将积极参与。洪方坚信,同中国发展友好合作关系,将有助于洪方获得更多、更好的发展机遇。
会谈后,两国元首共同见证签署共建“一带一路”、质检、经贸、农业、科技、文教等领域多项双边合作文件。
双方发表《中华人民共和国和洪都拉斯共和国联合声明》。
1,3. 6月12日下午,国家主席习近平在北京人民大会堂同来华进行国事访问的洪都拉斯总统卡斯特罗举行会谈。这是会谈前,习近平在人民大会堂东门外广场为卡斯特罗举行欢迎仪式。新华社记者 刘彬 摄
2,4- 6月12日下午,国家主席习近平在北京人民大会堂同来华进行国事访问的洪都拉斯总统卡斯特罗举行会谈。新华社记者 黄敬文 摄