Connect with us

Culture

၂၀၂၃ ခုနှစ် ကမ္ဘာ့ တက္ကသိုလ်၊ အထက်တန်းနှင့် အလယ်တန်း ကျောင်းသား၊ကျောင်းသူများ “တရုတ်စာပေ ပေါင်းကူးတံတား” တရုတ်စာပြိုင်ပွဲ (ရန်ကုန်) နောက်ဆုံးအဆင့် ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

ရန်ကုန်မြို့၌ ကျင်းပသော “တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသော ကျောင်းသူ တစ်ဦးအား ၂၀၂၃ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

၂၂ ကြိမ်မြောက် ကမ္ဘာ့ တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများ “တရုတ်စာပေ ပေါင်းကူးတံတား”တရုတ်စာပြိုင်ပွဲ(ရန်ကုန်) နှင့် ၁၆ ကြိမ်မြောက်   ကမ္ဘာ့ အထက်တန်းနှင့်အလယ်တန်းကျောင်းသား၊ကျောင်းသူများ တရုတ်စာပြိုင်ပွဲ(ရန်ကုန်) နောက်ဆုံးအဆင့် ပြိုင်ပွဲများကို ဇွန် ၂၄ ရက်၌ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

ရန်ကုန်မြို့၌ ကျင်းပသော “တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသော ကျောင်းသား တစ်ဦးအား ၂၀၂၃ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၌ ကျင်းပသော “တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသော ကျောင်းသူ တစ်ဦးအား ၂၀၂၃ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၌ ကျင်းပသော “တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသော ကျောင်းသူ တစ်ဦးအား ၂၀၂၃ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၌ ကျင်းပသော “တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသော ကျောင်းသား၊ကျောင်းသူများအား ၂၀၂၃ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့၌ ကျင်းပသော “တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသော ကျောင်းသား၊ကျောင်းသူများအား ၂၀၂၃ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ခေါင်းစဉ်အလိုက်ဟောပြောခြင်း၊ အနုပညာစွမ်းရည်ပြသခြင်းနှင့် တရုတ်ယဉ်ကျေးမှု ဗဟုသုတ အမေးအဖြေ ပြုလုပ်ခြင်းဟူသော ကဏ္ဍသုံးခု ပါဝင်သည့် ယင်းပြိုင်ပွဲများတွင် ပထမဆု ၁ ဦး ၊ ဒုတိယဆု ၂ ဦး ၊ တတိယဆု ၃ ဦး စသဖြင့် အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။ တက္ကသိုလ်၊ အထက်တန်းနှင့်အလယ်တန်း ကျောင်းသား၊ကျောင်းသူ ၂၈ ဦးသည် “ကမ္ဘာ့မိသားစု ဥယျာဉ်” ၊ “လူငယ်လူရွယ်များ၏ တရုတ်စာပေအိပ်မက်”ဟူ၍ ခေါင်းစဉ်အလိုက် ဟောပြောပွဲများ ပြုလုပ်ခဲ့သလို တရုတ်သီချင်း သီဆိုခြင်း၊ ကဗျာ ရွတ်ဆိုခြင်း၊ တရုတ်ရိုးရာအက ကပြဖျော်ဖြေခြင်း၊ တရုတ်ရိုးရာ တူရိယာ Guzheng တီးခတ်ခြင်း စသည့် အနုပညာစွမ်းရည်များကို ပြသခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ တရုတ်စာပြိုင်ပွဲ၌ မောင်မင်းခန့်အောင်(ဟွမ်လိရွှမ်)က လည်းကောင်း၊ အထက်တန်းနှင့်အလယ်တန်း ကျောင်းသား၊ကျောင်းသူများ တရုတ်စာပြိုင်ပွဲ၌ မသင်းကြူလှိုင် (ချိုးရိုအန်း)က လည်းကောင်း ပထမဆု အသီးသီး ဆွတ်ခူးခဲ့ကြသည်။ ပထမဆု ရရှိသော ကျောင်းသား၊ကျောင်းသူ နှစ်ဦးသည် မြန်မာနိုင်ငံ (ရန်ကုန်) ကိုယ်စား တရုတ်နိုင်ငံသို့ သွားရောက်၍ “တရုတ်စာပေ ပေါင်းကူးတံတား” နောက်ဆုံးအဆင့်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြရမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ ကျင်းပသော “တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသော ကျောင်းသား၊ကျောင်းသူများ အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့၌ ကျင်းပသော “တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသော ကျောင်းသား၊ကျောင်းသူများ အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့၌ ကျင်းပသော “တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲ မြင်ကွင်းများအား ၂၀၂၃ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့၌ ကျင်းပသော “တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲ မြင်ကွင်းများအား ၂၀၂၃ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယဉ်ကျေးမှု သံမှူး ဖန်းဖုန်းက ဘာသာစကားသည် မတူညီသောယဉ်ကျေးမှုများ အပြန်အလှန်ကူးလူးဖလှယ်၊ လေ့လာသင်ယူရာတွင် ပေါင်းကူးတံတားနှင့်အချက်အချာ ဖြစ်ကြောင်း ၊ တရုတ်ဘာသာစကားသည် ကုလသမဂ္ဂသုံး ဘာသာစကား ၆ မျိုးတွင် တစ်ခု အပါအဝင် ဖြစ်ရာ ကမ္ဘာပေါ်တွင်လည်း အသုံးပြုသူ အများဆုံးနှင့် ရှေးအကျဆုံး ဘာသာစကားတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပသည့် “တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲသည် ကမ္ဘာတွင် လွှမ်းခြုံသက်ရောက်မှုအကြီးဆုံး တရုတ်စာပြိုင်ပွဲများအနက် တစ်ခု ဖြစ်သလို တရုတ်စာသင်ယူသူများက မိမိ၏စွမ်းရည်ကို ပြသရာ စင်မြင့်လည်း ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများ အနေဖြင့် တရုတ်စာကို ပေါင်းကူးတံတားအဖြစ်၊ အိမ်မက်များကို ဖော်ဆောင်ရာအဖြစ် သင်ယူအသုံးချနိုင်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတွင် အပြုသဘောဆောင် တက်ကြွစွာ ပါဝင်ကြမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ယခုကျင်းပသော ပြိုင်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဖူရှင်းကွန်ဖြူးရှပ်စာသင်ကျောင်း(Fuxing Confucius Classroom)မှ တာဝန်ယူ၍ Joy Chinese Language Centre၊ Bright Success Chinese Language Center ၊ YuDe Education Center တို့မှ ပူးတွဲ စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………………………..
(Chinese Version)
2023“汉语桥”世界大中学生中文比赛缅甸仰光赛区决赛落幕
第22届“汉语桥”世界大学生中文比赛暨第16届“汉语桥”世界中学生中文比赛缅甸仰光赛区决赛24日落下帷幕。
本次决赛由主题演讲、才艺表演和中华文化知识竞赛三部分组成,大、中学生组各设一等奖一名、二等奖两名、三等奖三名等。28名大、中学生决赛选手分别围绕“天下一家”和“追梦中文,不负韶华”的主题进行演讲,并通过中文歌曲、诗歌朗诵、脱口秀、中国舞蹈、古筝演奏等形式展示了才艺。
经过比赛的角逐,黄立璇夺得大学生组一等奖,邱有恩夺得中学生组一等奖,他们将代表缅甸仰光赛区前往中国继续参加“汉语桥”总决赛。
中国驻缅甸大使馆文化参赞潘峰在致辞中表示,语言是促进不同文明交流互鉴的桥梁与纽带,汉语作为联合国6种正式语言文字之一,也是世界上使用人数最多最古老的语言之一。今天举办的“汉语桥”是世界上最具影响力的中文大赛之一,是汉语学习者展示自我的舞台,希望选手们以汉语为桥,以梦为马,学以致用,在中缅两国友谊之间发挥积极作用。
本次比赛由中国驻缅甸大使馆主办,缅甸福星孔子课堂承办,欢乐汉语教育中心、明胜汉语教育中心、育德教育中心协办。(完)

(230624)——仰光,2023年6月24日(新华社)——2023年6月24日,一名学生在缅甸仰光参加“汉语桥”比赛。(新华社/苗觉梭摄)