Connect with us

North America

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ကျွန်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၁၁၁ ဦး အထိ ရှိလာ

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ကျွန်း Lahainaတွင် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦနှင့်မော်တော်ယာဉ်များအား ဩဂုတ် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ခရိုင်တွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၁၁၁ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ယင်းခရိုင်ရှိ အရာရှိတစ်ဦးက ဩဂုတ် ၁၇ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ကျွန်း Lahainaတွင် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသည့် အပိုင်းအစများအား ဩဂုတ် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ကျွန်း Lahainaတွင် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသည့် အပိုင်းအစများအား ဩဂုတ် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘေးအန္တရာယ်တုံ့ပြန်မှုလုပ်ငန်းများကို လူအများက မေးခွန်းထုတ်ခဲ့ပြီးနောက် Maui ခရိုင် အရေးပေါ်ရေးရာ စီမံခန့်ခွဲမှုဌာန တာဝန်ခံ Herman Andayaက ယင်းနေ့တွင်ပင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

လက်ရှိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသည် တောမီးဒဏ်သင့်ခဲ့သည့် ဧရိယာ၏ ၅၈ ရာခိုင်နှုန်းကို လွှမ်းခြုံပြီးဖြစ်ကြောင်း ၊ ကျွန်းပေါ်ရှိ မီးလောင်ကျွမ်းမှုများတွင် ထိခိုက်ပျက်စီးမှု အဆိုးရွားဆုံးဖြစ်သည့် “Lahaina” တောမီးကို ၉၀ ရာခိုင်နှုန်း ထိန်းချုပ်ပြီး ဖြစ်ကြောင်း Maui ခရိုင် အစိုးရ၏ ယင်းနေ့တွင် ထုတ်ပြန်သည့် သတင်းများ၌ ဖော်ပြထားသည်။ (Xinhua)

………………………..
(Chinese Version)
美国夏威夷毛伊岛野火遇难人数升至111人
新华社洛杉矶8月18日电美国夏威夷州毛伊县官员17日证实,该地区野火造成的遇难人数已升至111人。在灾情应对工作遭到广泛质疑后,毛伊县紧急事务管理机构负责人赫尔曼•安达亚当日宣布辞职。
毛伊县政府当天发布新闻通报说,目前搜寻工作已覆盖约58%野火波及区域,在岛上的多处野火中造成最严重损失的“拉海纳”野火已有90%得到控制。(完)
1. 这是8月14日在美国夏威夷州毛伊岛拉海纳拍摄的野火烧毁的建筑和汽车残骸。
2. 这是8月14日在美国夏威夷州毛伊岛拉海纳拍摄的野火烧毁的残骸。