China
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Catherine Colonna ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေး

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Catherine Colonnaနှင့် ဩဂုတ် ၁၈ ရက်က ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့သည်။
ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ဝမ်ရိက ယခုနှစ်ဆန်းပိုင်းမှစ၍ တရုတ်-ပြင်သစ် ဆက်ဆံရေးသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သည့်အရှိန်အဟုန်ကို ထိန်းထားခဲ့ကြောင်း ပြောကြားခဲ့သည်။ ဧပြီလက သမ္မတ မက်ခရွန်၏ တရုတ်နိုင်ငံအလည်အပတ်ခရီးစဉ်သည် အပြည့်အဝ အောင်မြင်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် နက်ရှိုင်းသော မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရန် အနာဂတ်အစီအစဉ်ကို ရေးဆွဲခဲ့ကြောင်း၊ လာမည့်နှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၆၀ ပြည့် ဖြစ်သလို တရုတ်-ပြင်သစ် ယဉ်ကျေးမှု ခရီးသွားနှစ်နှင့် ပဲရစ်၏ “အိုလံပစ်နှစ်”လည်း ဖြစ်ကြောင်း ၊ ယခုလိုအခွင့်အခါကောင်းတွင် တရုတ်နိုင်ငံသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရန်၊ ကဏ္ဍစုံ အလွှာစုံ ဆက်ဆံရေးကို ဘက်စုံ ပြန်လည်စတင်ရန် ၊ ကပ်ရောဂါတွင် ထိခိုက်ခဲ့သည့် ဆုံးရှုံးမှုများကို ပြန်လည် ဖြည့်ဆည်းရန်၊ တရုတ်-ပြင်သစ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ ရောက်ရှိစေရန် တွန်းအားပေးဆောင်ရွက် သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ဥရောပအပေါ် ထားရှိသော မူဝါဒသည် တည်ငြိမ်မှုနှင့်စဉ်ဆက်မပြတ်မှု ရှိကြောင်း၊ မိမိတို့အနေဖြင့် ဥရောပကို ဗဟုအသွင်ပြောင်းကမ္ဘာကြီးတွင် အရေးကြီးသည့် အင်အားစုအဖြစ် အစဉ်အမြဲ ရှုမြင်ကြောင်း၊ ပြင်သစ်နိုင်ငံ က ဥရောပသမဂ္ဂ(EU) မဟာဗျူဟာ ကိုယ်ပိုင်ရှိခွင့်ကို တွန်းအားပေးခြင်း၊ တရုတ်-ဥရောပ ဆက်ဆံရေးတွင် အပြုသဘော ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခြင်းကို ထောက်ခံအားပေးပါကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
Catherine Colonnaက တရုတ်နိုင်ငံတွင် မကြာမီကာလက ရေဘေးအန္တရာယ်ဖြစ်ပွားခဲ့သည့်အပေါ် စိတ်ရင်းစေတနာအမှန်ဖြင့် နှစ်သိမ့်အားပေးပါကြောင်း ၊ ပြင်သစ်နှင့်ဥရောပသည် မဟာဗျူဟာ ကိုယ်ပိုင်ရပ်တည်မှုကို လက်ကိုင်ထားမည် ဖြစ်ပြီး ကမ္ဘာကြီး အစိတ်စိတ် အမြွှာမြွှာကွဲထွက်မည်ကို ဆန့်ကျင်ကြောင်း၊ “ကွင်းဆက် ဖြတ်တောက်မှု”များကို လက်မခံကြောင်း၊ ဗဟုအသွင်ရှိမှု၊ ဟန်ချက်ညီမှု၊ ငြိမ်းချမ်းမှုရှိသော ကမ္ဘာကို တည်ဆောက်စေလိုကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံအနေဖြင့် ပြင်သစ်-တရုတ် ချစ်ကြည်ရေးကို တန်ဖိုးကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များရရှိပြီးသော အရေးကြီးသဘောတူညီချက်များကို အထူးအလေးထားပါကြောင်း ၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၆၀ ပြည့် အခွင့်အခါကောင်းတွင် ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သွားပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းသော၊ ဘုံအကျိုးရှိသော နှစ်ဖက်ဆက်ဆံရေးကို တည်ဆောက်သွားလိုကြောင်း ၊ ဥရောပ-တရုတ် ဆက်ဆံရေး ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် တွန်းအားပေး၍ နိုင်ငံတကာ တည်ငြိမ်အေးချမ်းရေးအတွက် အကျိုးဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်၊
နှစ်ဖက်ဆွေးနွေးမှုတွင် ယူကရိန်းအရေး၊ နိုင်ဂျာအရေး စသည့် ဘုံဂရုပြုကြသော နိုင်ငံတကာနှင့် ဒေသရေးရာ ကိစ္စရပ်များအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
………………………….
(Chinese Version)
王毅同法国外长科隆纳通电话
新华社北京8月18日电8月18日,中共中央政治局委员、外交部长王毅同法国外长科隆纳通电话。
王毅表示,今年以来,中法关系保持良好发展态势。4月份,马克龙总统访华取得圆满成功,两国元首进行深度战略沟通,为双边关系发展擘画了蓝图。明年是两国建交60周年,也是中法文化旅游年和巴黎“奥运年”。中方愿同法方以此为契机,落实好两国元首共识,全面重启各领域各层级交往,把疫情造成的损失补回来,推动中法全面战略伙伴关系达到新的高度。
王毅指出,中国对欧政策保持稳定性连续性,我们始终视欧洲为多极化世界中的重要一极,支持法方继续推动欧盟坚持战略自主,在中欧关系中发挥积极引领作用。
科隆纳对中国近期遭受洪涝灾害表示诚挚慰问,强调法国、欧洲都将坚持战略自主,反对世界走向分裂,不接受“脱钩断链”,希望构建多极、平衡的和平世界。法方珍视法中友好,高度重视两国元首达成的重要共识,愿以两国建交60周年为契机,深化各领域务实合作,打造互利共赢的双边关系,推动欧中关系取得更大发展,为国际和平稳定作出贡献。
双方还就乌克兰、尼日尔等共同关心的国际和地区问题交换了意见。
1. 2022年12月19日,中共中央政治局委员、国务委员兼外长王毅同法国外长科隆纳举行视频会晤。