Connect with us

Europe

ရုရှားသမ္မတ ပူတင်က အိန္ဒိယသို့ သွား၍ G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မည် မဟုတ်ဟု ဆို

ရုရှားနိုင်ငံ မော်စကိုမြို့တွင် သမ္မတ ပူတင် ရုပ်သံမိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

ရုရှား သမ္မတ ပူတင် အနေဖြင့် စက်တင်ဘာလတွင် ကျင်းပမည့် G20 ခေါင်းဆောင်များ ၁၈ ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို အိန္ဒိယသို့ သွား၍ တက်ရောက်မည် မဟုတ်ကြောင်း TASS သတင်းအေဂျင်စီက ရုရှားသမ္မတ၏ ပြန်ကြားရေး အတွင်းဝန် Dmitry Peskov ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။

ပူတင်အနေဖြင့် လက်ရှိ လုပ်ငန်းများ အလွန်များပြားပြီး အဓိကအားဖြင့် အထူးစစ်ရေးလှုပ်ရှားမှုကို အာရုံစိုက်နေခြင်းကြောင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ သွား၍ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် အစီအစဉ်မရှိကြောင်း Dmitry Peskov က ပြောကြားခဲ့သည်။

ဗီဒီယိုလင့်ခ်မှတစ်ဆင့် ထိပ်သီးဆွေးနွေးပွဲကို ပူတင် တက်ရောက်ရန် ရှိမရှိဟု မေးမြန်းရာတွင် Dmitry Peskov က အသေးစိတ်အခြေအနေကို အတည်ပြုရန် စောင်ကြည့်ရဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(Chinese Version)
(国际)俄总统新闻秘书:普京不会赴印度出席二十国集团领导人峰会
新华社莫斯科8月25日电(记者刘恺)塔斯社25日援引俄罗斯总统新闻秘书佩斯科夫的话报道说,俄总统普京不会赴印度出席将于9月举行的二十国集团领导人第十八次峰会。
佩斯科夫表示,普京当前的工作日程非常紧张,主要关注点仍然是特别军事行动,因此没有计划前往印度新德里出席峰会。
在回答普京是否将通过视频连线参加峰会的问题时,佩斯科夫表示,具体形式还有待确定。(完)
1. 这是6月26日俄罗斯总统普京在首都莫斯科发表讲话的视频截图。