Connect with us

Media

သမ္မတ ရှီကျင့်ဖိန်က ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး အထူးသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်

ဂျိုဟန်နာဘတ်စ်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျိုဟန်နာဘတ်စ်မြို့၌ ဩဂုတ် ၂၄ ရက် နံနက်ပိုင်းက ကျင်းပသော ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး အထူးသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဆော်ဒီအာရေဗျ၊ အီဂျစ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အာဂျင်တီးနား၊ အီရန်၊ အီသီယိုးပီးယား နိုင်ငံများကို BRICS မိသားစု၏ တရားဝင် အဖွဲ့ဝင်အဖြစ် ဖိတ်ကြားကြောင်း ကြေညာခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က အရေးကြီး မိန့်ခွန်းပြောကြားရာတွင် BRICS နိုင်ငံများသည် ဩဇာကြီးမားသောနိုင်ငံများ ဖြစ်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် တာဝန်ကို ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုအကြိမ်တွေ့ဆုံမှုတွင် မိမိတို့အနေဖြင့် လက်ရှိနိုင်ငံတကာ အခြေအနေ၊ BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု စသည့် ကိစ္စရပ်များအား နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ရာ ကျယ်ပြန့်သော သဘောတူညီချက်များ ရရှိခဲ့ပြီး ထိပ်သီးဆွေးနွေးပွဲ ကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့ခြင်းကြောင့် အောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျ၊ အီဂျစ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အာဂျင်တီးနား၊ အီရန်၊ အီသီယိုးပီးယား နိုင်ငံများကို BRICS မိသားစုဝင်အဖြစ် ဖိတ်ကြားရန် ၅ နိုင်ငံခေါင်းဆောင်များက တစ်ပြေးညီ သဘောတူခဲ့ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း ယင်းနိုင်ငံများကို ဂုဏ်ပြုပါကြောင်းနှင့် အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ ဖြစ်သော တောင်အာဖရိကနှင့် သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာ၏ ကြိုးပမ်းမှုများအား အထူးချီးကျူးတန်ဖိုးထားကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ယခုအကြိမ် အဖွဲ့ဝင်တိုးချဲ့ခြင်းသည် သမိုင်းဝင်ဖြစ်ရာ BRICS နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အတူ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မည့် သန္နိဋ္ဌာန်ကို ဖော်ပြသလို နိုင်ငံတကာ၏ မျှော်မှန်းချက်နှင့်ကိုက်ညီမှု၊ ထွန်းသစ်စ ဈေးကွက်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီမှု ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
ယခုအကြိမ်အဖွဲ့ဝင် တိုးချဲ့ခြင်းသည် BRICS ပူးပေါင်းဆောင်ရွက်မှု၏ စမှတ်သစ် ဖြစ်ရာ BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားအတွက် အားအင်သစ်များ ဖြည့်တင်းပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားကို တစ်ဆင့်တိုး တောင့်တင်းစေမည် ဖြစ်ကြောင်း၊ မိမိတို့သာ စိတ်တူကိုယ်တူ တက်ညီလက်ညီ ရှိမည်ဆိုလျှင် BRICS ပူးပေါင်းဆောင်ရွက်မှုတွင် ဖော်ဆောင်နိုင်မည့်ကဏ္ဍများစွာ ရှိသလို BRICS နိုင်ငံများ၏ အနာဂတ်သည် မျှော်မှန်းဖွယ် များစွာ ရှိသည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း၊ ထွန်းသစ်စဈေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတူ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍသစ်ကို ဖွင့်လှစ်ရန် မိမိတို့အတူ ကြိုးပမ်းကြပါစို့ဟု သမ္မတ ရှီက အလေးထားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် တောင်အာဖရိက သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာက သဘာပတိအဖြစ်လည်းကောင်း၊ ဘရာဇီး သမ္မတ Luiz Inacio Lula da Silva ၊ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ နှင့် ရုရှား သမ္မတ ပူတင် (အွန်လိုင်းမှတစ်ဆင့်)တို့ တက်ရောက်ခဲ့ကြသည်။
《၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး ဂျိုဟန်နာဘတ်စ် ကြေညာချက်》ကို အစည်းအဝေးတွင် အတည်ပြု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………
(Chinese Version)
习近平出席金砖国家领导人第十五次会晤特别记者会  强调金砖扩员是金砖合作的新起点,  将为金砖合作机制注入新活力
新华社约翰内斯堡8月24日电(记者刘华 刘万利)当地时间8月24日上午,国家主席习近平在约翰内斯堡出席金砖国家领导人第十五次会晤特别记者会。
会议宣布,邀请沙特、埃及、阿联酋、阿根廷、伊朗、埃塞俄比亚正式成为金砖大家庭成员。
习近平发表重要讲话。习近平指出,金砖国家都是具有重要影响的国家,对世界和平和发展肩负重要责任。在本次会晤中,我们围绕当前国际形势、金砖国家合作等问题进行了深入交流,达成广泛共识,发表了峰会宣言,取得了丰硕成果。
习近平指出,五国领导人一致同意,邀请沙特、埃及、阿联酋、阿根廷、伊朗、埃塞俄比亚成为金砖大家庭成员。中方对这些国家表示祝贺,对主席国南非和拉马福萨总统所作努力表示高度赞赏。
习近平强调,这次扩员是历史性的,体现了金砖国家同发展中国家团结合作的决心,符合国际社会期待,符合新兴市场国家和发展中国家共同利益。这次扩员也是金砖合作的新起点,将给金砖合作机制注入新活力,进一步壮大世界和平和发展的力量。我相信,只要我们齐心协力,金砖合作大有可为,金砖国家未来可期。让我们共同努力,谱写新兴市场国家和发展中国家团结合作谋发展的新篇章!
南非总统拉马福萨主持,巴西总统卢拉、印度总理莫迪和俄罗斯总统普京(线上)出席。

会议通过并发表《金砖国家领导人第十五次会晤约翰内斯堡宣言》。