Connect with us

Africa & Middle East

နိုင်ဂျာအကျပ်အတည်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဖြင့် ဦးစားပေး ဖြေရှင်းရန် ECOWAS စစ်တပ် အကြီးအကဲများက တိုက်တွန်း

နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အဘူဂျာ၌ ဇူလိုင် ၃၀ ရက်က ကျင်းပသော အနောက် အာဖရိက နိုင်ငံများ စီးပွားရေး အသိုက်အဝန်း (ECOWAS)အရေးပေါ်အစည်းအဝေးသို့ တက်ရောက်သည့် အနောက်အာဖရိကနိုင်ငံ ခေါင်းဆောင်များ စုပေါင်းအမှတ်တရဓါတ်ပုံ ရိုက်ကူးစဉ်(ဓါတ်ပုံ – ECOWAS/Handout via Xinhua)

အဘူဂျာ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

နိုင်ဂျာနိုင်ငံ၌ ကြုံတွေ့နေရသော အကျပ်အတည်းကို နည်းလမ်းအသွယ်သွယ်ဖြင့် ဖြေရှင်းရန်လိုအပ်ရာ လက်ရှိတွင်မူ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးသည် ဦးစားပေးဖြစ်သင့်ကြောင်း အနောက် အာဖရိက နိုင်ငံများ စီးပွားရေး အသိုက်အဝန်း (ECOWAS) စစ်တပ်အကြီးအကဲများက နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အာဘူဂျာ၌ ဩဂုတ် ၄ ရက်တွင် တိုက်တွန်း ပြောကြားခဲ့သည်။

အနောက် အာဖရိက နိုင်ငံများ စီးပွားရေး အသိုက်အဝန်း (ECOWAS) စစ်တပ် အကြီးအကဲများက နိုင်ဂျာနိုင်ငံ၏အခြေအနေ အထူးဆွေးနွေးပွဲကို အဘူဂျာမြို့တွင် ဩဂုတ် ၂ ရက်မှ ၄ ရက်အထိ ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ရာတွင် နိုင်ဂျာနိုင်ငံ အာဏာသိမ်းမှုသည် ဒေသတွင်းလုံခြုံရေး၏ အားနည်းချက်ကို ပေါ်လွင်စေကြောင်း၊ ECOWAS လုံခြုံရးမူဘောင် အားကောင်းအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ လုံခြုံရေးစိန်ခေါ်မှု ပူးတွဲ ဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ လက်ရှိ ဆိုးရွားသည့်အခြေအနေတွင် ဘက်ပေါင်းစုံက ညှိနှိုင်းရန် အရေးတကြီးလိုအပ်ရာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုဖြင့် အကျပ်အတည်း ဖြေရှင်းရေးကို ဦးစားပေးရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ECOWASအနေဖြင့် ဖြစ်နိုင်ခြေအားလုံးအတွက် ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ပြီး စစ်ရေးစွက်ဖက်မှုသည် နောက်ဆုံးနည်းလမ်းဖြစ်ကြောင်း ဩဂုတ် ၄ ရက် အစည်းအဝေး၌ ECOWAS နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အရာရှိတစ်ဦး၏ ပြောကြားချက်ကို နိုင်ဂျီးရီးယားမီဒီယာများက ဖော်ပြခဲ့သည်။

ECOWAS ခေါင်းဆောင်များက ဇူလိုင် ၃၀ ရက်က နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အဘူဂျာတွင် အရေးပေါ် အစည်းအဝေးကျင်းပခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ဂျာနိုင်ငံ သမ္မတ Mohamed Bazoumကို ချက်ချင်း ပြန်လွှတ်ပေး၍ ၎င်း၏သမ္မတ အာဏာကို ပြန်လည်အပ်နှင်းရန် နိုင်ဂျာစစ်တပ်ကို တောင်းဆိုခဲ့သည်။ သက်ဆိုင်ရာတောင်းဆိုချက်များ တစ်ပတ်အတွင်း မဆောင်ရွက်နိုင်ပါက နိုင်ဂျာဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် အသက်ဝင်လာရေး ECOWAS အနေဖြင့် စစ်ရေးစွက်ဖက်မှုအပါအဝင် နည်းလမ်းအလုံးစုံသုံး ဆောင်ရွက်သွားမည် ဖြစ်သည်ဟု အစည်းအဝေးတွင် ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………….
(Chinese Version)

西共体成员国军方负责人呼吁优先通过对话解决尼日尔危机
新华社阿布贾8月4日电(记者郭骏)西非国家经济共同体(西共体)成员国军方负责人4日在尼日利亚首都阿布贾呼吁,尼日尔面临的危机需通过多种途径综合应对,当前应优先选择对话和协商。
西共体成员国军方负责人2日至4日在阿布贾举行特别会议讨论尼日尔局势。会后发布联合声明说,尼日尔政变凸显出脆弱的地区安全,西共体安全架构需要得到强化,以提升成员国联合应对安全挑战能力。当前形势严峻,迫切需要各方统一协调,优先通过对话和协商解决危机。
另据尼日利亚媒体报道,西共体一名负责政治、和平与安全事务的官员4日在会上说,西共体必须为所有可能出现的意外情况做好准备,军事干预是最后手段。
西共体领导人7月30日在阿布贾召开紧急会议,要求参与政变的尼日尔军人立即释放遭扣押的总统巴祖姆并恢复其职权,相关要求如在一周内得不到满足,西共体将采取包括军事干预在内的一切措施,确保恢复尼日尔宪法秩序。
1. 7月30日,在尼日利亚首都阿布贾,参加西非国家经济共同体(西共体)紧急会议的西非国家领导人合影。新华社发(西共体供图)