Connect with us

Europe

ရုရှား ရေနံတင် သင်္ဘောတစ်စီး Kerch ရေလက်ကြားတွင် ယူကရိန်း တိုက်ခိုက်မှုခံရ

ရုရှားနိုင်ငံ မော်စကိုမြို့တွင် မောင်းသူမဲ့ဒရုန်းယာဉ်ဖြင့် တိုက်ခိုက်ခံရသည့် အဆောက်အဦအား ၂၀၂၃ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

ရုရှား ရေနံတင် သင်္ဘောတစ်စီးသည် ဩဂုတ် ၅ ရက် နံနက်ပိုင်းက Kerch ရေလက်ကြားတွင် ယူကရိန်းမောင်းသူမဲ့ရေယာဉ်၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း Novorossiysk ရေကြောင်းကယ်ဆယ်ရေးနှင့် ညှိနှိုင်းရေးစင်တာ(MRCC)၏ သတင်းကို ကိုးကား၍ TASS သတင်းဌာန ဖော်ပြထားသည်။

တိုက်ခိုက်မှုကြောင့် ရေနံတင်သင်္ဘော၏ အင်ဂျင်ခန်း ပျက်စီးခဲ့သော်လည်း လူသေဆုံးဒဏ်ရာရမှု မရှိခဲ့ကြောင်း လက်ရှိတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ တွန်းသင်္ဘောနှစ်စီး အချင်းဖြစ်နေရာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ကူညီကယ်ဆယ်ရေးသမားများက အချင်းဖြစ်ရပ်၏ နောက်ဆက်တွဲ အကျိုးဆက်ကို သုံးသပ်လျက်ရှိရာ တွန်းသင်္ဘောဖြင့် နေရာပြောင်းရွှေ့ရာတွင် ပျက်စီးနိုင်မှုရှိမရှိကို အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် သင်္ဘောရှိ ရေနံများ ယိုစိမ့်မှု မဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယူကရိန်းစစ်တပ်က မောင်းသူမဲ့ရေယာဉ်ဖြင့် ဩဂုတ် ၄ ရက် နံနက်ပိုင်းက Novorossiyskရှိ ရေတပ်စခန်းကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ရာ ရုရှားစစ်တပ်က တွေ့ရှိ၍ ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက ယင်းနေ့တွင် ပြောကြားခဲ့သည်။ (Xinhua)

……………………………
(Chinese Version)
俄媒:俄一油轮在刻赤海峡遭乌方袭击
新华社莫斯科8月5日电据塔斯社援引新罗西斯克海洋救援协调中心的消息,俄罗斯一艘油轮5日凌晨在刻赤海峡遭到乌方无人艇袭击。
消息说,袭击导致油轮机舱受损,但没有造成人员伤亡。目前,正在进行海上救援,两艘拖船已抵达现场。救援人员将对事件后果进行评估,以确定是否拖拽受损油轮。
消息还说,袭击没有导致油轮发生燃料泄漏。
俄国防部发言人科纳申科夫4日曾通报说,乌克兰武装部队当天凌晨试图用两艘无人艇袭击新罗西斯克海军基地,无人艇被俄军发现并遭摧毁。
1. 这是7月30日在俄罗斯莫斯科拍摄的被无人机袭击的建筑。