Connect with us

Asia

ကင်ဂျုံအန်း၏ ရုရှား ခရီးစဉ် စတင်

မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းအား ပြုံယမ်းမြို့၌ ကျင်းပသော မြောက်ကိုရီးယားနိုင်ငံတည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - KCNA via Xinhua)

ဆိုးလ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် စက်တင်ဘာ ၁၀ ရက် ညနေပိုင်းကအထူးရထားဖြင့် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှ ရုရှားနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း KCNA သတင်းအေဂျင်စီက စက်တင်ဘာ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။

ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ ကင်ဂျုံအန်းသည် ရုရှားနိုင်ငံသို့ အလည်အပတ် ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း KCNA သတင်းအေဂျင်စီ၏ စက်တင်ဘာ ၁၁ ရက် သတင်းတွင် ဖော်ပြထားသည်။
အလည်အပတ်ခရီးစဉ် သွားရောက်သည့်ကာလအတွင်း ပူတင်နှင့်လည်းတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ပူတင်၏ ဖိတ်ကြားချက်အရ ကင်ဂျုံအန်းသည် “လာမည့်ရက်ပိုင်းအတွင်း ရုရှားနိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးစဉ် လာရောက်မည်” ဖြစ်ကြောင်း ရုရှားနိုင်ငံ ကရင်မလင် နန်းတော်က ယင်းနေ့တွင်ပင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

……………………..
(Chinese Version)
朝中社:金正恩已启程前往俄罗斯
新华社首尔9月12日电据朝中社12日报道,朝鲜劳动党总书记、国务委员长金正恩10日下午乘专列从朝鲜首都平壤启程出访俄罗斯。
朝中社在11日的报道中说,金正恩应俄罗斯总统普京邀请,即将访问俄罗斯。金正恩将在访问期间同普京会晤和会谈。俄罗斯克里姆林宫同日发表声明说,应普京邀请,金正恩将“在未来几天内对俄罗斯进行正式访问”。
1. Kim Jong Un, general secretary of the Workers’ Party of Korea and president of the State Affairs of the Democratic People’s Republic of Korea (DPRK), attends the celebration in Pyongyang, capital of the DPRK, Sept. 8, 2023. The DPRK held a paramilitary parade and a national meeting to celebrate the country’s 75th founding anniversary, said the Korean Central News Agency (KCNA) on Saturday. (KCNA via Xinhua)