Connect with us

Asia

တရုတ်နိုင်ငံနှင့်အတူ “အပြုသဘောဆောင်မှု၊ တည်ငြိမ်မှု” ရှိသည့် ဂျပန်-တရုတ် ဆက်ဆံရေး တည်ဆောက်သွားလိုကြောင်း ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာ ပြောကြား

ဂျပန်နိုင်ငံ တိုကျိုမြို့ ဝန်ကြီးချုပ်အိမ်တော်တွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာ (ရှေ့တန်း အလယ်) နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ စုပေါင်းဓါတ်ပုံရိုက်နေသည်ကို အောက်တိုဘာလ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့်အတူ “အပြုသဘောဆောင်မှု၊ တည်ငြိမ်မှု” ရှိသည့် ဂျပန်-တရုတ် ဆက်ဆံရေးကို ကြိုးပမ်းတည်ဆောက်သွားလိုကြောင်း ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက အောက်တိုဘာ ၄ ရက် ညနေပိုင်း စီမံအုပ်ချုပ်မှု မူဝါဒရေးရာ မိန့်ခွန်းပြောကြားရာတွင် ပြောကြားခဲ့သည်။

ရှိဂဲရု အီရှီဘာ၏ စီမံအုပ်ချုပ်မှု မူဝါဒရေးရာ မိန့်ခွန်းတွင် ပြည်တွင်းရေး၊ သံတမန်ရေး၊ ပြည်သူ့ဘဝစားဝတ်နေရေး၊ စီးပွားရေး စသည့် ကဏ္ဍများ၌ ၎င်း၏ စီမံအုပ်ချုပ်မှုရေးရာ ခံယူချက်များကို ရှင်းလင်းပြောကြားခဲ့ရာ “ပြည်သူအများ အသိအမှတ်ပြုမှုကို ရရှိနိုင်သော၊ ပြည်သူ့စိတ်သဘောထားနှင့်ထပ်တူချိတ်ဆက်မှု၊ လုံခြုံမှု၊ စိတ်အေးချမ်းသာမှု၊ ချမ်းသာကြွယ်ဝမှု ရှိသော ဂျပန်နိုင်ငံ” ကို တည်ဆောက်ရန် ရည်ရွယ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

တရုတ်နိုင်ငံရေးရာအပေါ် ရှိဂဲရု အီရှီဘာက တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ဆက်ဆံရေးကို ဆက်လက် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး နှစ်နိုင်ငံ အလွှာစုံ ဆွေးနွေးဖလှယ်မှုများအား တွန်းအားပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် “အပြုသဘောဆောင်မှု၊ တည်ငြိမ်မှု” ရှိသည့် ဂျပန်-တရုတ် ဆက်ဆံရေးကို တရုတ်နိုင်ငံနှင့်အတူတကွ ကြိုးပမ်း တည်ဆောက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဂျပန် ကာကွယ်ရေး” ကဏ္ဍအပေါ် ရှိဂဲရု အီရှီဘာက ၎င်း၏ သံတမန်ဆက်ဆံရေးနှင့် လုံခြုံရေး ဗျူဟာကို အဓိက ရှင်းလင်းပြောကြားခဲ့သည်။ လက်ရှိ ကွဲပြဲမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ အဆက်မပြတ် ဆိုးရွားလာသည့် နိုင်ငံတကာ အသိုက်အဝန်းကို ရင်ဆိုင်ရာတွင် လက်တွေ့ရှုထောင့်မှစဉ်းစားပြီး နိုင်ငံအကျိုးစီးပွားကို အခြေခံပြီး သံတမန်ရေးနှင့် ကာကွယ်ရေးကို ဟန်ချက်ညီစွာ စီမံကာ နိုင်ငံနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်သင့်ကြောင်း ၎င်းက ထောက်ပြ ပြောကြားခဲ့သည်။

စီးပွားရေး ကဏ္ဍတွင် ရှိဂဲရု အီရှီဘာက “လုပ်ခလစာ မြှင့်တင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းဖြင့် စီးပွားရေး တိုးတက်မှုကို ဆွဲတင်ရန်၊ တိုးတက်မှုရှိသည့် စီးပွားရေးကို ဖော်ဆောင်ရန်” အလေးထား ပြောကြားခဲ့သည်။

“ပြည်သူများအား ကာကွယ်စောင့်ရှောက်ရေး” ကဏ္ဍတွင် ရှိဂဲရု အီရှီဘာက လူမှုဖူလုံရေးစနစ်ကို ပြန်လည်စိစစ်ခြင်းမှတစ်ဆင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် မသန်စွမ်းလူပုဂ္ဂိုလ်များ၏ အလုပ်အကိုင်အခွင့်ရေး မြှင့်တင်ရန်၊ အသက်အရွယ် အကန့်အသတ်မရှိ လူပုဂ္ဂိုလ် တစ်ဦးချင်း၏ စွမ်းရည်၊ ကိုယ်ရည်ကိုယ်သွေးဖြင့် ပါဝင်စွမ်းဆောင်နိုင်သော လူမှုအဖွဲ့အစည်းကို တည်ဆောက်ရန် အဆိုပြုခဲ့သည်။ ကပ်ဘေးအန္တရာယ်ကာကွယ်ရေးဌာနများ ထပ်တိုးဖွဲ့စည်းပြီး ဂျပန်နိုင်ငံအတွင်း မကြာခဏ ဖြစ်ပွားနေသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန်၊ ကပ်ဘေးအလွန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တစ်ဆင့်တိုးကောင်းမွန်အောင်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ရှိဂဲရု အီရှီဘာသည် အောက်တိုဘာ ၁ ရက်တွင် ၁၀၂ ဦးမြောက် ဂျပန်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဂျပန် မီဒီယာကြီးများက ရှိဂဲရု အီရှီဘာ အစိုးရအဖွဲ့၏ ထောက်ခံအားပေးမှုကို ရက်ပေါင်းဆက်တိုက် စစ်တမ်းကောက်ယူခဲ့သည်။ ဂျပန် ကျိုဒိုသတင်းဌာန၏ အောက်တိုဘာ ၁ ရက်နှင့် ၂ ရက်က ပြုလုပ်သည့် တစ်ပြည်လုံးဆိုင်ရာလူထုသဘောထားကောက်ခံမှုစစ်တမ်းတွင် ရှိဂဲရု အီရှီဘာ အစိုးရအဖွဲ့အား ထောက်ခံမှုမှာ ၅၀.၇ ရာခိုင်နှုန်း ရှိပြီး ၎င်းမှာ ဖူမီအို ခီရှိဒါ အစိုးရအဖွဲ့ အသစ်ဖွဲ့စည်းစဉ်က ရရှိခဲ့သော ၅၅.၇ ရာခိုင်နှုန်းထက် နည်းသလို ယိုရှီဟီဒဲဆူဂါ၏ ထိုစဉ်က ထောက်ခံမှုနှုန်း ၆၆.၄ ရာခိုင်နှုန်းထက်လည်း နည်းကြောင်း ဖော်ပြထားသည်။ Mainichi Shimbun သတင်းစာ၏ စစ်တမ်းကောက်ယူမှု၌ ရှိဂဲရု အီရှီဘာ အစိုးရအဖွဲ့အား ထောက်ခံမှုမှာ ၄၆ ရာခိုင်နှုန်းသာ ရှိကြောင်းဖော်ပြထားသည်။ ရှိဂဲရု အီရှီဘာ အစိုးရ မည်မျှကြာရှည်စွာ လျှောက်လှမ်းနိုင်မည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ဂျပန်မီဒီယာများက သုံးသပ် ဖော်ပြကြသည်။ (Xinhua)
………………………………
(Chinese Version)
石破茂:愿与中方共同打造“建设性的、稳定的”日中关系
新华社东京10月4日电(记者郭丹 胡晓格)日本首相石破茂4日下午在日本国会发表施政演说时表示,将努力与中方共同打造“建设性的、稳定的”日中关系。
石破茂在施政演说中从内政、外交、民生、经济等多方面阐述了其执政主张,强调旨在打造“能获得国民认可、能与国民同心相连、安全、安心、富裕的日本”。
在对华问题上,石破茂表示,将继续推进与中国的战略互惠关系,推动两国各层级之间的沟通交流。同时,将通过对话与合作,努力与中方共同打造“建设性的、稳定的”日中关系。
在“保卫日本”问题上,石破茂主要阐述了其外交和安保战略。他指出,面对当前分裂与对立不断加剧的国际社会,应从现实出发,以国家利益为基础,处理好外交与防卫的平衡,实现国家及地区的和平与稳定。
在经济问题上,石破茂强调将通过“提高工资和增加投资拉动经济增长,实现成长性经济”。
在“保护国民”方面,石破茂主张通过重新审视社会保障制度,促进高龄者、女性及残障人士的就业,打造不限于年龄、充分发挥个体能力和个性的社会。他还表示将增设防灾省,应对日本国内频发的各种自然灾害,进一步做好灾后救助工作。
10月1日,石破茂当选日本第102任首相。连日来,日本各大媒体对石破内阁的支持率做了调查。日本共同社1日和2日进行的全国舆论调查显示,石破内阁支持率为50.7%,低于2021年岸田内阁新成立时的55.7%,也低于菅义伟内阁当时的66.4%。而《每日新闻》调查显示,石破内阁的支持率仅为46%。日媒评论称,石破内阁能走多远还需拭目以待。
1. 10月1日,日本首相石破茂(前排中)在东京的首相官邸率阁僚合影。新华社发(Pool图片,花井亨摄)