Connect with us

China

ဝမ်ရိနှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar တို့ တွေ့ဆုံဆွေးနွေး

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar တို့ နိုဝင်ဘာ ၁၈ ရက်က တွေ့ဆုံခဲ့ကြစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar နှင့် နိုဝင်ဘာ ၁၈ ရက်တွင် ရီယိုဒီဂျနေးရိုးမြို့၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်နှင့် ၀န်ကြီးချုပ် မိုဒီ တို့သည် မကြာမီက ကာဇန်မြို့တွင် အောင်မြင်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြရာ တရုတ်-အိန္ဒိယ ဆက်ဆံရေး ပြန်လည်စတင် ရှေ့ဆက်လျှောက်လှမ်းခဲ့ခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံ အကျိုးစီးပွား၊ ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများ၏ မျှော်လင့်ချက်နှင့် ကိုက်ညီသလို သမိုင်း၏ မှန်ကန်သော ဦးတည်ချက်နှင့်လည်း ကိုက်ညီကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံ အနေဖြင့် နှစ်ဖက်ခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသော ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရမည်ဖြစ်ပြီး တစ်ဦး၏ အဓိကအကျိုးစီးပွားကို တစ်ဦးက လေးစားရမည်ဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ဆက်သွယ်ပြောဆိုခြင်းများမှတစ်ဆင့် အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်ရမည်ဖြစ်သလို သဘောထားကွဲလွဲချက်များကို ဖြောင့်မတ်မှန်ကန်စွာ ဖြေရှင်းရမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်၊ ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိစေရေး တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အပြုသဘောဆောင်သော အချက်ပြမှုများ ပိုမိုထုတ်လွှင့်ပြီး နှစ်နိုင်ငံ ဖလှယ်မှုအတွက် အကျိုးပြုစေသည့် အရာများကို ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အပြန်အလှန် ယုံကြည်မှု တိုးမြှင့်ကာ မယုံသင်္ကာစိတ်ကို လျှော့ချရမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု ပိုမို လုပ်ဆောင်၍ စွမ်းအင်ကုန်ခန်းစေမှုများကို လျှော့ချရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည်စတင်နိုင်ရေး၊ သတင်းထောက်များ အပြန်အလှန်စေလွှတ်ခြင်းနှင့် ဗီဇာ လျှောက်ထားမှုများ လွယ်ကူချောမွေ့စေရေးစသည့် ကဏ္ဍများတွင် လက်တွေ့ကျသော တိုးတက်မှုရရှိရန် အမြန်ဆုံး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ လာမည့်နှစ်သည် တရုတ်-အိန္ဒိယ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ရာ နှစ်နိုင်ငံအနေဖြင့် အထိမ်းအမှတ် အခမ်းအနားလုပ်မည့် အစီအစဉ်များ ချမှတ်ရန်၊ နယ်ပယ်အသီးသီးနှင့် အလွှာအသီးသီး၏ အပြန်အလှန်ဖလှယ်မှုနှင့် အလည်အပတ်သွားလာခြင်းကို အားပေးကာ နားလည်မှုနှင့် အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက အိမ်နီးချင်းဖြစ်သော အဓိက ဖွံ့ဖြိုးဆဲနိုင်ငံ နိုင်ငံကြီး နှစ်နိုင်ငံ အနေဖြင့် တရုတ်၊ အိန္ဒိယ၏ ဘုံအကျိုးစီးပွားများသည် ကွဲလွဲမှုများထက် ပိုမိုများပြားကြောင်း၊ နှစ်ဖက်လုံးသည် တစ်ဦး၏ ဖွံ့ဖြိုးတိုးတက်မှုကို အခွင့်အလမ်းအဖြစ် ရှုမြင်သင့်ပြီး ဘုံဖွံ့ဖြိုးတိုးတက်မှုနှင့် ရှင်သန်အားကောင်းရေးကို အတူတကွ ဖော်ဆောင်သင့်ကြောင်း၊ ယင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်ပေးရုံသာမက ကမ္ဘာ့ ဗဟုအသွင်ဖြစ်စဉ်အား တွန်းအားပေးရာတွင်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။ တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးသည် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို လက်ကိုင်ထားကျင့်သုံးကြပြီး နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ ထိန်းသိမ်းထားကြသလို နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်ပြောင်းရေးကို ထောက်ခံကြကြောင်း၊ နိုင်ငံတကာရေးရာများတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် အားဖြည့်ပေးပြီး BRICS ယန္တရားနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ကို ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
S. Jaishankar က ကာဇန်မြို့၌ ကျင်းပခဲ့သော BRICS ထိပ်သီးအစည်းအဝေးကာလအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များသည် အိန္ဒိယ-တရုတ် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရေး ဘုံသဘောတူညီချက်များရရှိခဲ့ကြောင်း၊ နှစ်ဖက်လုံးက ခေါင်းဆောင်များ၏ ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် အပြုသဘောဆောင်သော တိုးတက်မှုများကို ရရှိခဲ့သည်ကို တွေ့မြင်ရသည့်အတွက် အလွန်ဝမ်းသာကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် သက်ဆိုင်ရာ ဆွေးနွေးမှု ယန္တရားကို အမြန်ဆုံး ပြန်လည်စတင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန် တိုးတက်မှု အရှိန်ကို ဆက်သွယ်ဆွေးနွေးခြင်းဖြင့် ဆက်လက်ထိန်းသိမ်းထားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယနှင့် တရုတ်ကြား ဘုံသဘောတူညီချက်များသည် ကွဲလွဲချက်များထက် ပို၍ များပြားလှကြောင်း၊ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်မှ ရှုမြင်ရန်၊ သက်ဆိုင်ရာ ကိစ္စရပ်များကို ပိုမိုအပြုသဘောဆောင်သော သဘောထားဖြင့် ကိုင်တွယ်ဖြေရှင်းရန်၊ နှစ်နိုင်ငံ ဆက်ဆံရေးကို တိကျသော သဘောထားကွဲလွဲမှုများဖြင့် မသတ်မှတ်ရန် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံအနေဖြင့် လာမည့်နှစ် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်ကို အခွင့်အလမ်းအဖြစ် အိန္ဒိယ-တရုတ် ဆက်ဆံရေး ရှေ့သို့ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံလုံးသည် နိုင်ငံတကာရေးရာတွင် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်ကြပြီး ယင်းမှာလည်း အိန္ဒိယ-တရုတ် ပူးပေါင်းဆောင်ရွက်မှု၏ အလားအလာကို ပြသနေကြောင်း၊ အိန္ဒိယဘက်ကလည်း တစ်ဖက်သတ်ဝါဒနှင့် စစ်ရေးမဟာမိတ်ပြုခြင်းကို အားမပေးကြောင်း၊ နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်ပြောင်းရေးကို ထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့် အတူ G20၊ BRICS စသည့် နိုင်ငံပေါင်းစုံ ယန္တရားများတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar တို့ နိုဝင်ဘာ ၁၈ ရက်က တွေ့ဆုံခဲ့ကြစဉ် (ဆင်ဟွာ)

………………………..
(Chinese Version)
王毅会见印度外长苏杰生
新华社里约热内卢11月18日电(记者朱超 马峥)11月18日,中共中央政治局委员、外交部长王毅在里约热内卢会见印度外长苏杰生。
王毅表示,习近平主席和莫迪总理前不久在喀山举行成功会见,中印关系重启再出发,这符合两国人民根本利益,符合全球南方国家的期待,也符合历史前进的正确方向。双方要落实好领导人重要共识,相互尊重彼此核心利益,通过对话沟通增进互信,秉持诚意诚信妥处分歧,推动两国关系早日重回稳定健康发展轨道。要多发出积极信号,多做有利于两国交往的事情;多增进互信,少一些猜忌;多开展合作,少一些消耗。争取尽快在恢复直航、互派记者、便利签证等方面取得实际进展。明年是中印建交75周年,双方要规划好纪念活动,鼓励各领域各层级交流互访,增进理解和互信。
王毅指出,作为相邻的两个发展中大国,中印共同利益远远大于分歧,双方应把彼此发展视为机遇,携手实现共同发展振兴,这有利于维护发展中国家的正当权益,也有利于推动世界多极化进程。中印都奉行不结盟的外交政策,都坚持多边主义,支持国际关系民主化,要继续在国际事务中加强协调配合,推动金砖机制、上海合作组织取得更大发展。
苏杰生表示,喀山金砖峰会期间,两国领导人就推动印中关系稳定发展达成共识。很高兴看到双方都在采取措施落实领导人共识并取得积极进展。印方希望尽快重启有关对话机制,通过加强沟通保持两国关系改善发展势头。印中之间共识远大于分歧,双方应以战略眼光看待双边关系,以更积极态度妥善处理有关问题,不让具体分歧定义两国关系。印方愿以明年两国建交75周年为契机,推动印中关系向前发展。印中都在国际事务中发挥重要作用,这也体现了印中合作的潜力。印方同样反对单边主义,不赞成军事同盟,主张国际关系实现民主化,愿同中方在二十国集团、金砖等多边机制中加强协调合作。(完)
图说:11月18日,中共中央政治局委员、外交部长王毅在巴西里约热内卢会见印度外长苏杰生。新华社记者 张领 摄