Connect with us

Europe

ဗြိတိန်နိုင်ငံအနေဖြင့် ယခုနှစ်တွင် ယူကရိန်းနိုင်ငံအား ပေါင် ၂.၅ ဘီလီယံတန်ဖိုးရှိသော စစ်ရေးထောက်ပံ့မှုဆောင်ရွက်ပေးသွားမည်

ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး (Volodymyr Zelensky) ကို ကိဗ်မြို့၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ် ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက အလည်အပတ်ရောက်ရှိလာသော ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ရီရှီဆူနက်ခ် (Rishi Sunak) နှင့် ကိဗ်မြို့၌ တွေဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား ကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုသဘောတူညီချက်ရရှိခဲ့ကြောင်း ယူကရိန်းနိုင်ငံသမ္မတရုံးဝက်ဘ်ဆိုက်၏ ဇန်နဝါရီ ၁၂ ရက်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ သဘောတူညီချက်အရ ဗြိတိန်နိုင်ငံအနေဖြင့် ယခုနှစ်တွင် ယူကရိန်းနိုင်ငံအား ပေါင် ၂.၅ ဘီလီယံ တန်ဖိုးရှိသော စစ်ရေးထောက်ပံ့မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။သဘောတူညီချက်အရ ဗြိတိန်နိုင်ငံအနေဖြင့် နိုင်ငံအတွင်းရှိ ကာကွယ်ရေးဆိုင်ရာလုပ်ငန်း ကုမ္ပဏီများ ယူကရိန်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သွားခြင်းကိုထောက်ခံကြောင်း ၊ ဗြိတိန်နိုင်ငံ မှ ထုတ်လုပ်သည့် လက်နက်များအား ယူကရိန်းနိုင်ငံတွင် ပြုပြင်ခြင်း ၊ ထိန်းသိမ်းမွမ်းမံခြင်း နှင့် ယူကရိန်းနိုင်ငံ၌ ထုတ်လုပ်ခြင်း တို့ကိုထောက်ခံအားပေးကြောင်း ၊ စစ်ဘက်ဆိုင်ရာနည်းပညာရပ်များ ယူကရိန်းနိုင်ငံသို့ အမြန်ဆုံးလွှဲပြောင်းပေးအပ်ခြင်းကိုပံ့ပိုးပြီး ယူကရိန်းနိုင်ငံ အခြေခံအဆောက်အဦးများအား ကာကွယ်မှုကို တိုးချဲ့ဆောင်ရွက်သွားရန်ထောက်ခံကြောင်း သိရှိရသည်။

ရုရှား-ယူကရိန်းစစ်ပွဲစတင်ချိန်မှစ၍ ဗြိတိန်နိုင်ငံသည် ယူကရိန်းနိုင်ငံအား ပေါင် ၄.၆ ဘီလီယံ တန်ဖိုးရှိ စစ်ရေးထောက်ပံ့မှုများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ၊ ယခုသဘောတူညီမှုအား ချုပ်ဆိုပြီးနောက်တွင် ဗြိတိန်နိင်ငံအနေဖြင့် လာမည့် အနာဂတ် ၁၀ နှစ်အတွင်း ယူကရိန်းနိုင်ငံအား စဉ်ဆက်မပြက် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံပိုင်သတင်းဌာန၏ဖော်ပြချက်အရ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ရီရှီဆူနက်ခ် က ဇန်နဝါရီ ၁၂ ရက်၌ ကိဗ်ကို အလည်အပတ်စတင်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ၊ ယခုနှစ်ဗြိတိန်မှ ထောက်ပံ့သည့် ပေါင် ၂.၅ ဘီလီယံ စစ်ရေးထောက်ပံ့မှုအား ယူကရိန်းနိုင်ငံအနေဖြင့် အနည်းဆုံး ပေါင် သန်း၂၀၀ အသုံးပြု၍ ဗြိတိန်နိုင်ငံ မှ မောင်းသူမဲ့စစ်လေယာဉ်များ နှင့် မောင်းသူမဲ့ သင်္ဘောများကို ဝယ်ယူသွားမည်ဖြစ်ကြောင်းသိရှိရသည်။ (Xinhua)
————————————
英国今年将向乌克兰提供25亿英镑军援

新华社基辅1月12日电(记者李东旭)乌克兰总统网站12日发布消息说,乌总统泽连斯基与到访的英国首相苏纳克当天在乌首都基辅签署两国国防和安全合作协议。根据协议,英国今年将继续向乌提供25亿英镑(1英镑约合1.27美元)的军事援助。
协议规定,英国方面支持本国国防企业在乌投资并开展合作,支持英国武器装备在乌维修、保养和本地化生产,支持加快相关军事技术转让,加强对乌关键基础设施的保护。
自俄乌冲突以来,英国已向乌方提供46亿英镑的军事援助。在协议签署后10年内,英国将持续向乌提供援助。
据乌克兰国家通讯社报道,苏纳克12日抵达基辅访问。在英国计划今年提供的25亿英镑军事援助中,乌方将用至少2亿英镑从英国采购军用无人机和无人艇。(完)
Photo:  5月20日,乌克兰总统泽连斯基在基辅举行的媒体见面会上回答记者提问。新华社发(谢尔盖•斯塔拉斯坚科摄)