China
တရုတ်နိုင်ငံ၏ နောက်ဆုံးထုတ်ပြန်သည့် ဗီဇာကင်းလွတ်ခွင့်မူဝါဒ တိုးချဲ့မှုကို ဥရောပ နိုင်ငံ အများအပြားမှ လူပုဂ္ဂိုလ်များက ကြိုဆိုကြ
ရီဂါ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် နိုင်ငံရပ်ခြားနိုင်ငံများမှ လူပုဂ္ဂိုလ်ကူးလူးသွားလာရေး ပိုမိုလွယ်ကူချောမွေ့စေရန်အတွက် မကြာသေးမီရက်က တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် နို၀င်ဘာ ၃၀ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ဗီဇာကင်းလွတ်ခွင့် နိုင်ငံ အတိုင်းအတာကို ချဲ့ထွင်ရန် ထပ်မံဆုံးဖြတ်ခဲ့ရာ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယား၊ ခရိုအေးရှား၊ မွန်တီနီဂရိုး၊ မြောက်မာစီဒိုနီးယား၊ မော်လ်တာ၊ အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် ဂျပန်စသည့်နိုင်ငံ များမှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို စမ်းသပ်အကောင်အထည်ဖော်မည်ဖြစ်သည်။
တရုတ်နိုင်ငံ၏ နောက်ဆုံးထုတ်ပြန်သည့် ဗီဇာကင်းလွတ်ခွင့်မူဝါဒ တိုးချဲ့မှုကို ဥရောပနိုင်ငံအများအပြားက ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုခဲ့ကြသည်။
အပြန်အလှန်ယုံကြည်မှုကို ထင်ဟပ်စေပြီး သွားလာရေးကို လွယ်ကူချော့မွေ့စေ
မော်လ်တာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး Ian Borch က “ဗီဇာကင်းလွတ်ခွင့်မူဝါဒက မော်လ်တာနဲ့ တရုတ်နိုင်ငံကြား ခိုင်မာတဲ့ အပြန်အလှန်ယုံကြည်မှု အခြေခံအုတ်မြစ်ကို ထင်ဟပ်စေပြီး မော်လ်တာနဲ့ တရုတ်နိုင်ငံကြား ခရီးသွားလုပ်ငန်း၊ စီးပွားရေး၊ ယဉ်ကျေးမှုဖလှယ်ရေးစတဲ့ ဆက်သွယ်မှုတွေကို မြှင့်တင်ပေးမှာဖြစ်တယ်”၊ တရုတ်နိုင်ငံ၏ နောက်ဆုံးထုတ်ပြန်သည့် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ကြိုဆိုကြောင်း ၊ ယင်းသည် မော်လ်တာနှင့် တရုတ် နှစ်နိုင်ငံ ရေရှည် ချစ်ကြည်ရင်းနှီးသော နှစ်ဖက်ဆက်ဆံရေးအတွက် နောက်ထပ် မှတ်တိုင်တစ်ခုအဖြစ် သုံးသပ်ကြောင်း ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။ ဗီဇာကင်းလွတ်ခွင့်မူဝါဒသည် နှစ်ဘက်အကြား နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာကုန်သွယ်မှု အခွင့်အလမ်းသစ်များကို တစ်ဆင့်တိုး လမ်းခင်း ဖန်တီးပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စက်တင်ဘာလတွင် တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်လာရောက်ခဲ့သည့် အက်စတိုးနီးယား ပါလီမန်အဖွဲ့ဝင် Mart Maastik က တရုတ်နိုင်ငံ ခရီးစဉ်မှ အပြုသဘောဆောင်သော ရလဒ်များ ဆောင်ကြဉ်းခဲ့သည်ဟု လူမှုမီဒီယာတွေ ရေးသားဖော်ပြခဲ့သည်။ “ဒီနေ့ကစပြီး (အက်စတိုးနီးယားနိုင်ငံသားတွေ) ဗီဇာမပါဘဲ တရုတ်နိုင်ငံကို ရက် ၃၀ ကြာ လည်ပတ်နိုင်ပါပြီ” ဟု ရေးသားခဲ့သည်။
နိုဝင်ဘာလအစောပိုင်းတွင် တရုတ်နိုင်ငံသည် ဆလိုဗက်ကီးယားစသည့် နိုင်ငံ ၉ နိုင်ငံအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို စတင်စမ်းသပ် အကောင်အထည်ဖော်ခဲ့သည်။ ဆလိုဗက်ကီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Juraj Blanar က တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရုံသာမက ဆလိုဗက်ကီးယားနှင့် တရုတ်နိုင်ငံ အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းလာစေရန် အရေးကြီးသောကိရိယာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆလိုဗက်ကီးယား စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများက ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သော တရုတ်နိုင်ငံကို အလွန်ပင် အလေးထားကာ ဗီဇာကင်းလွတ်ခွင့် မူဝါဒသည် ဆလိုဗက်ကီးယား-တရုတ် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံရေးကို အားဖြည့်ပေးရန် အထောက်အကူ ပြုကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူညီချက် ၆ နှစ်ကျော်ကြာ တည်ဆောက်ထားပြီးဖြစ်သော အရှေ့ဥရောပနိုင်ငံတစ်ခုဖြစ်သည့် ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံသည် တရုတ်နိုင်ငံ၏ “ဗီဇာကင်းလွတ်ခွင့် မိတ်ဆွေအသိုင်းအဝိုင်း” ကို ဆက်လက်တိုးချဲ့နေခြင်းအပေါ် ကြိုဆိုကြောင်း ဖော်ပြခဲ့သည်။ ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံ နိုင်ငံခြားရေးရာဗျူရို ညွှန်ကြားရေးမှူး Zarko Laketa က ဗီဇာ ကင်းလွတ်ခွင့် မူဝါဒ စတင်သက်ဝင်ခဲ့သော ၆ နှစ်တာအတွင်း ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်ခရီးသွားဧည့်သည် အရေအတွက်သည် တည်ငြိမ်စွာ တိုးတက်လာနေကြောင်း ပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်းကို မြှင့်တင်ခြင်းက အပြုသဘောဆောင်သော သက်ရောက်မှုများရှိ
ယခုနှစ် တတိယသုံးလပတ်တွင် နိုင်ငံခြားသားများ၏ တရုတ်နိုင်ငံသို့ ပြည်ဝင်ခွင့်အကြိမ်ရေ ၈.၁၈၆ သန်း ရှိခဲ့ပြီး ကာလတူထက် ၄၈.၈ ရာခိုင်နှုန်း တိုးလာကြောင်း၊ ယင်းတို့အနက် ပြည်ဝင်ခွင့်အကြိမ်ရေ ၄.၈၈၅ သန်းသည် ဗီဇာကင်းလွတ်ခွင့်ဖြင့် တရုတ်နိုင်ငံ ပြည်တွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ကာလတူထက် ၇၈.၆ ရာခိုင်နှုန်း မြှင့်တက်လာကြောင်း တရုတ်နိုင်ငံ အမျိုးသား လူဝင်မှုကြီးကြပ်ရေး စီမံကွပ်ကဲမှုဌာန စာရင်းဇယားများအရ သိရသည်။
“ဗီဇာကင်းလွတ်ခွင့်က ကျွန်တော်တို့ရဲ့ ခရီးသွား လုပ်ငန်းအတွက် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေကို ဆောင်ကြဉ်းပေးမှာဖြစ်တယ်။ လတ်ဗီးယားလူ အတော်များများက တရုတ်နိုင်ငံကို ခရီးသွားပြီး အဲ့ဒီနိုင်ငံကို မျက်မြင်ကိုယ်တွေ့ သွားကြည့်ဖို့ မျှော်လင့်ကြတယ်။ ဒါက လူတော်တော်များများအတွက် အိပ်မက်တစ်ခုပါ” ဟု လတ်ဗီးယားနိုင်ငံ ခရီးသွားလုပ်ငန်းသင်ကြားရေးအဖွဲ့အစည်းတစ်ခုမှ ဝန်ထမ်းဖြစ်သူ Oksana Krivenok က ပြောကြားခဲ့သည်။
“ဗီဇာကင်းလွတ်ခွင့်ရတဲ့ နိုင်ငံတွေက လာတဲ့ ခရီးသွားအုပ်စုတွေ အများကြီး တရုတ်ပြည်ကို သွားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတယ်။ တရုတ်နိုင်ငံကို အဓိကထားလည်ပတ်တဲ့ ခရီးသွားဈေးကွက်အပေါ် ကျွန်တော်တို့ ယုံကြည်မှုရှိတယ်”၊ တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့် မူဝါဒသည် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအတွက် “သတင်းကောင်း” ဖြစ်သည်ဟု Bulgarian Bohemia Tours Co., Ltd. တာဝန်ရှိသူ Danislav Iliev က ပြောကြားခဲ့သည်။
ခရိုအေးရှားနိုင်ငံ နေ့စဉ်သတင်းကွန်ရက်က “ခရိုအေးရှားနိုင်ငံသားများအတွက် ယူဆောင်လာတဲ့ တရုတ်နိုင်ငံ သတင်းကောင်း” ဟူသော ခေါင်းစဉ်ဖြင့် ဗီဇာကင်းလွတ်ခွင့်သတင်းကို ဖော်ပြခဲ့သည်။ ခရိုအေးရှားနိုင်ငံ ခရီးသွား လုပ်ငန်းအနေဖြင့် တရုတ်သည် အထူးဆွဲဆောင်မှုရှိသော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဖြစ်ကြောင်း ခရိုအေးရှား ခရီးသွားလေ့လာရေးဌာန ဌာနမှူး Damir Kleisic က ပြောကြားခဲ့သည်။ ဗီဇာကင်းလွတ်ခွင့်သည် ခရိုအေးရှား ခရီးသွားဧည့်သည်များအား တရုတ်နိုင်ငံသို့ ခရီးသွားလာရန် စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးပြီး တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးသွားအရေအတွက် တိုးလာစေမည်ဖြစ်သည်။
တရုတ်နိုင်ငံကို သိရှိနားလည်လာပြီး တရုတ်နိုင်ငံကို နှစ်ခြိုက်လာ
ကြိမ်ဖန်များစွာ ကြားဖူးနေခြင်းထက် ကိုယ်တိုင် မြင်တွေ့လိုက်ခြင်းက ပိုကောင်းသည်။ တရုတ်နိုင်ငံက ၁၄၄ နာရီ ဗီဇာကင်းလွတ်ခွင့်မူဝါဒကို တက်ကြွစွာ မြှင့်တင်ချိန်မှစ၍ “တရုတ်နိုင်ငံသို့ ခရီးသွားခြင်း” အလွန်ရေပန်းစားလာခဲ့သည်။
ဘူလ်ဂေးရီးယားနိုင်ငံတွင် အင်တာနက်အသုံးပြုသူတစ်ဦးက “ငါမင်းကို ပြောပြမယ်၊ တရုတ်နိုင်ငံရဲ့ လူနေမှုက အလွန်စနစ်တကျရှိတယ်၊ ဥရောပမှာ စိတ်ကူးမယဉ်နိုင်တဲ့ ဆန်းဆန်းပြားပြားအတွေ့အကြုံတွေ တရုတ်နိုင်ငံမှာ မင်းရရှိနိုင်တယ်” ဟု အင်တာနက်တွင် ကွန်မန့်ရေးသားပြီး တရုတ်နိုင်ငံသို့ ခရီးသွားရန် အကြံပြုခဲ့သည်။
“လုံခြုံမှု” သည် ဘူလ်ဂေးရီးယားသတင်းဝက်ဘ်ဆိုက် NEWS.BG မှ အကြံပြုထားသော တရုတ်နိုင်ငံ၏ သော့ချက်စကားလုံး (Key word) ဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အလုံခြုံဆုံးနိုင်ငံများအနက် တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒသည် ဘူလ်ဂေးရီးယားပြည်သူလူထုအတွက် တံခါးဖွင့်ပေးလိုက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ မိမိဆန္ဒအလျောက်သွားရောက်လည်ပတ်ကြခြင်းမှာ ရေပန်းစားလာခဲ့သည်။
လူတို့သည် အိမ်ကတီဗီမှသာလျှင် တရုတ်နိုင်ငံအကြောင်းကို နားလည်သိရှိခြင်းသည် အကြီးမားဆုံးသော အမှားဖြစ်ကြောင်း၊ “ဗီဇာကင်းလွတ်ခွင့်နဲ့ နေထိုင်ကာလ သက်တမ်းတိုးခြင်း အားလုံးတို့က ပြည်သူတွေအတွက် အလုံစုံတဲ့ တရုတ်နိုင်ငံကို နားလည်သိရှိရန် ပိုမိုများပြားတဲ့ အခွင့်အရေးနဲ့ အချိန်တွေကို ပေးစွမ်းနိုင်မှာဖြစ်တယ်” ဟု ဆလိုဗက်ကီးယားနိုင်ငံ《Delo》သတင်စာက ထုတ်ဝေဖော်ပြခဲ့သည်။
“တရုတ်ရဲ့ ဗီဇာကင်းလွတ်ခွင့်မူဝါဒ ချဲ့ထွင်ခြင်းက တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ဖို့ ပိုမိုများပြားသော နိုင်ငံခြားမိတ်ဆွေတွေအား စစ်မှန်သော တရုတ်နိုင်ငံကို ကိုယ်တိုင်ခံစားထိတွေ့စေဖို့ ဆွဲဆောင်နိုင်မှာြဖစ်တယ်။ ခေတ်သစ်တရုတ်နိုင်ငံက ကမ္ဘာကြီးကို ကြိုဆိုနေတယ်။ လူတိုင်းကို အံ့အားသင့်စေမှာ သေချာပါတယ်” ဟု မကြာသေးမီက တရုတ်နိုင်ငံ ရှင်းကျန်း သို့သွားရောက်လည်ပတ်ခဲ့သည့် ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံ RTRS-RRS ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန စျေးကွက်ရှာဖွေရေးညွှန်ကြားရေးမှူး Anna Voinovic က ပြောကြားခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
欧洲多国人士欢迎中国扩大免签最新政策
新华社里加11月30日电 新华社记者陈玉芬
为进一步便利中外人员往来,中方日前再次决定扩大免签国家范围,自11月30日起至2025年12月31日,对保加利亚、罗马尼亚、克罗地亚、黑山、北马其顿、马耳他、爱沙尼亚、拉脱维亚、日本持普通护照人员试行免签政策。
中国扩大免签的最新政策在欧洲多国受到广泛欢迎。
体现互信 方便往来
“免签政策体现了马中双方坚实的互信基础,将促进马中旅游、商业和文化交流等联系。”马耳他副总理兼外交部长伊恩·博奇发表声明,对中国最新免签政策表示欢迎,并评价这是马中长期友好双边关系的又一里程碑。他说,免签政策为推动双方深入合作和创造新的国际贸易机会进一步铺平道路。
9月份刚访华的爱沙尼亚议会议员马尔特·马斯季克在社交媒体上说,对华访问带来积极结果。“从今以后,(爱沙尼亚公民)没有签证可以访问中国30天。”
11月早些时候,中方已开始对斯洛伐克等9国试行免签政策。斯洛伐克外交部长布拉纳尔表示,中国的免签政策不仅推动旅游业发展,也是斯中深化商业合作的重要工具。斯洛伐克商家与投资者对世界第二大经济体中国非常重视,免签政策有助于加强斯中经贸关系。
同中国建立互免签证协议已逾6年的东欧国家波黑,对中国持续扩大“免签朋友圈”表示欢迎。波黑外国人事务局局长扎尔科·拉凯塔表示,免签政策生效6年来,来波黑旅游的中国游客呈稳定增长态势。
促进旅游 影响积极
据中国国家移民管理局统计,今年第三季度,外国人入境818.6万人次,同比上升48.8%;其中,通过免签入境488.5万人次,同比上升78.6%。
拉脱维亚一家旅游培训机构工作人员奥克萨娜·克里韦诺克说:“免签将给我们的旅游业带来发展机会。很多拉脱维亚人希望能去中国旅游,亲眼看看这个国家,这是许多人的梦想。”
“我们预计将会有大量来自免签国家的团体赴中国旅行,我们对以中国为目的地的旅游市场充满信心。”保加利亚波西米亚旅游有限公司负责人达尼斯拉夫·伊利耶夫说,中国免签政策对旅游从业人员来说“是个好消息”。
克罗地亚日报网以“中国给克罗地亚公民带来好消息”为题报道了免签消息。克罗地亚旅游研究所所长达米尔·克雷希奇说,对于克罗地亚旅游业来说,中国是一个特别有吸引力的合作伙伴。免签将激发克罗地亚游客到中国旅游的兴趣,增加赴华游客数量。
了解中国 爱上中国
百闻不如一见。中国积极推广144小时过境免签政策以来,“中国旅行”爆火出圈。
在保加利亚,网友在网络上留言推荐去中国旅行:“我必须告诉你,中国的生活非常有序!在中国你会获得许多在欧洲想象不到的奇妙经历。”
“安全”是保加利亚新闻门户网站NEWS.BG推荐中国的关键词,网站报道说,中国是世界上最安全的国家之一,中国的免签政策为保加利亚民众打开了大门,使得自发赴华旅游变得热门。
斯洛文尼亚《劳动报》刊登评论指出,人们仅仅在家里从电视上了解中国是最大的错误,“免签及停留期限延长都可以为人们提供更多的机会和时间,去了解一个全面的中国。”
不久前曾访问中国新疆的波黑塞族共和国广播电视台营销总监安娜·沃因诺维奇说:“我相信,中国扩大免签证政策将吸引更多外国朋友前往中国,感受和体验真实的中国。现代中国正向世界敞开怀抱,一定会让大家惊叹。”(完)
图说1:2024年10月10日,在西班牙首都马德里,联合国旅游组织秘书长祖拉布·波洛利卡什维利在“瞬间—中国野生动物摄影展”开幕式上致辞时表示,中国有很多美丽的自然风光,很多人对去中国旅游兴趣浓厚。新华社发(古斯塔沃·巴连特摄)
图说2:2019年1月26日,在保加利亚索非亚,当地学生用刚学会的宁波方言向大家问候“新年好”。当日,500余名中保各界人士在索非亚举行联欢会,庆祝中保建交70周年和即将到来的中国春节。新华社记者战小漪摄