Connect with us

Africa & Middle East

အစ္စရေးနိုင်ငံက ဂါဇာဒေသအလယ်ပိုင်းရှိ ဒုက္ခသည်စခန်းအား တိုက်ခိုက်ခဲ့ရာ လူပေါင်းအနည်းဆုံး ၂၃ ဦးသေဆုံး

အစ္စရေးနိုင်ငံလေတပ်က ဂါဇာနိုင်ငံအလယ်ပိုင်းရှိမြို့တစ်မြို့အား ဗုံးကြဲတိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် ကယ်ဆယ်မှုများဆောင်ရွက်နေကြစဉ် (ဆင်ဟွာ)

ဂါဇာ ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းသတင်းမီဒီယာ၏ဖော်ပြချက်အရ အစ္စရေးနိုင်ငံလေတပ်သည် ဇန်နဝါရီ ၂၈ ရက် ညပိုင်းအချိန်တွင် ဂါဇာဒေသအလယ်ပိုင်းဒေသရှိ Nuseirat ဒုက္ခသည်စခန်းရှိအဆောက်အဦတစ်ခုကို လေကြောင်း ဗုံးကြဲတိုက်ခိုက်သောကြောင့် လူပေါင်းအနည်းဆုံး ၂၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သတင်းဖော်ပြချက်အရ လေကြောင်းဗုံးကြဲတိုက်ခိုက်ချိန်တွင် အဆောက်အဦ၌ အိမ်ခြေမဲ့သူအများအပြားနေထိုင်နေကြကြောင်း ၊ အများအပြားသောဒဏ်ရာရရှိသူများကို ဂါဇာဒေသအလယ်ပိုင်းဒေသရှိ Shuhada al-Aqsa ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ရကြောင်းသိရသည်။

ဂါဇာဒေသတွင်နေထိုင်သူများ၏ ဆင်ဟွာသတင်းဌာနသို့ပြောကြားချက်အရ ဇန်နဝါရီ၂၈ ရက်တွင် အစ္စရေးနိုင်ငံက ဂါဇာဒေသ နေရာအများအပြားကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၎င်းတို့အနက် ဂါဇာအလယ်ပိုင်းဒေသရှိ Al-Shati ဒုက္ခသည်စခန်းတွင် သေဆုံးဒဏ်ရာရရှိမှုအများအပြားဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပါကလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၈ ရက် ထုတ်ပြန်ကြေညာချက်အရ ယခင်နှစ် အောက်တိုဘာ ၇ ရက်မှ စတင်၍ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်းအစ္စရေးနိုင်ငံ၏ ဂါဇာဒေသအတွင်းစစ်ရေးလှုပ်ရှားမှုများကြောင့် သေဆုံးသူပေါင်း ၂၆,၀၀၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရရှိသူပေါင်း ၆၅,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………
(Chinese Version)
以军袭击加沙中部难民营至少23人死亡
2024-01-29 05:24:16 分类: 政治法律
新华社加沙1月28日电(记者柳伟建)据巴勒斯坦通讯社28日报道,以色列军队当晚空袭加沙地带中部努赛赖特难民营一处多层住宅楼,造成至少23人死亡。
报道说,空袭发生时该建筑内有大量无家可归者居住。大量伤者被送往加沙地带中部阿克萨医院。
另据加沙地带消息人士28日告诉新华社记者,以军当天还对加沙城多个地区进行轰炸,其中对加沙城沙提难民营的轰炸造成大量人员伤亡。
巴勒斯坦加沙地带卫生部门28日发布的数据显示,去年10月7日新一轮巴以冲突爆发以来,以色列在加沙地带的军事行动已造成超过2.64万人死亡、逾6.5万人受伤。(完)

Photo: 1月10日,在加沙地带中部城市代尔拜拉赫,人们在以军空袭后开展救援。