Connect with us

Africa & Middle East

အစ္စရေးနိုင်ငံက ဟားမက်စ်နှင့် ပထမဆုံးအကြိမ်ဆွေးနွေးပွဲတွင် အပြုသဘောဆောင်ကြောင်း ထုတ်ပြန်

ဂျေရုဆလင် ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံဝန်ကြီးချုပ်ရုံး၏ ဇန်နဝါရီ ၂၈ ရက် ညပိုင်းအချိန်ထုတ်ပြန်ကြေညာချက်အရ လက်ရှိချိန်တွင် ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်နေသော အစ္စရေး နှင့် ဟားမက်စ်အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုသည် အပြုသဘောဆောင်သောရလဒ်ရရှိခဲ့သော်လည်း နှစ်ဘက်အနေဖြင့် ကြီးမားသည့် သဘောထား ကွဲလွဲမှုတည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

သတင်းဖော်ပြချက်များအရ ယခုအကြိမ်တွေ့ဆုံဆွေးနွေးမှုအား အမေရိကန်နိင်ငံမှ ဦးစီး၍ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ၊ ဟားမက်စ်အဖွဲ့အနေဖြင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုကို မပြုလုပ်လိုသဖြင့် အီဂျစ် နှင့် ကာတာနိုင်ငံ တို့က ဦးစွာ ဟားမက်စ်နှင့် ဆွေးနွေးမှုများဆောင်ရွက်ပြီးနောက်မှ နှစ်နိုင်ငံကိုယ်စားလှယ်တို့က ပဲရစ်မြို့တွင် အစ္စရေးနှင့်သွားရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ၊ ဆွေးနွေးမှုကို ယခုသီတင်းပတ်တွင်လည်း ဆက်လက်၍ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………
(Chinese Version)
以色列说与哈马斯谈判首轮会议“具有建设性”
2024-01-29 08:55:15 分类: 政治法律
新华社耶路撒冷1月28日电 以色列总理办公室28日晚发表声明说,正在法国巴黎举行的有关以色列和巴勒斯坦伊斯兰抵抗运动(哈马斯)之间停火协议的谈判首轮会议“具有建设性”,但双方立场仍有“重大分歧”。
据了解,此次谈判由美国主导。由于哈马斯和以色列拒绝面对面谈判,因此埃及和卡塔尔方面事先与哈马斯进行沟通,两国代表再前往巴黎与以色列进行谈判。与会者将在本周继续开会进行讨论。(完)