Connect with us

Asia

ထိုင်းနိုင်ငံက တရုတ်တစ်နိုင်ငံတည်း မူဝါဒကို စောင့်ထိန်းလိုက်နာမှုကို တရုတ်နိုင်ငံက ကျေးဇူးတင်ကြောင်း ဝမ်ရိပြော

ဘန်ကောက်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံက တရုတ်တစ်နိုင်ငံတည်း မူဝါဒကို စောင့်ထိန်းလိုက်နာမှုအတွက် တရုတ်နိုင်ငံက ကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံများ သံတမန်ဆက်ဆံရေးတွင် ထိုင်းနိုင်ငံအား ဦးစားပေးထားရှိကြောင်း ဝမ်က ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆေထာ ထဝီဆင်နှင့် တွေ့ဆုံစဉ် ပြောခဲ့သည်။

ထိုင်းနိုင်ငံက ဒေသတွင်း တည်ငြိမ်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို မြင်တွေ့ရသည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ဝမ်းမြောက်မိကြောင်း ဝမ်က ဆိုသည်။
နှစ်နိုင်ငံ ခေါင်းဆောင်များသည် တရုတ်-ထိုင်း အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ခြင်း၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရာတွင် စာမျက်နှာသစ်ဖွင့်လှစ်ခြင်းဆိုင်ရာ စီမံကိန်း ရေးဆွဲထားပြီးဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဆက်ဆံရေးများဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန် အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်ရေး အားကောင်းမှုက အာရှဒေသတွင် ငြိမ်းချမ်းရေးအတွက် ထပ်မံအာမခံမှုကို ပံ့ပိုးပေးမည်ဖြစ်သလို ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ဝမ်က ဆိုသည်။ (Xinhua)

…………………………..
(English Version)
China appreciates Thailand’s upholding of one-China principle: Wang Yi
BANGKOK, Jan. 29 (Xinhua) — Chinese Foreign Minister Wang Yi said here on Monday that China appreciates Thailand for upholding the one-China principle.
Wang made the remarks during his meeting with Thai Prime Minister Srettha Thavisin, noting that China always sees Thailand as a priority in its diplomacy with neighboring countries.
Wang said that China is happy to see Thailand play a positive role in regional stability and world peace.
The leaders of the two countries have outlined the blueprint for building a China-Thailand community with a shared future, opening a new chapter in the friendly cooperation between China and Thailand, Wang said.
As China and Thailand are comprehensive strategic cooperative partners, the strengthening of mutual trust and mutually beneficial cooperation between them would provide further guarantee of peace in Asia and impetus for regional development, said Wang.