Connect with us

Africa & Middle East

လူ့အခွင့်အရေးကောင်စီတွင် ပါလက်စတိုင်းနှင့် အစ္စရေးတို့ကြား အခြေအနေနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို တရုတ်သံအမတ်က အသေးစိတ် ရှင်းလင်းပြောကြား

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံးကို ဖေဖော်ဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၁ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၂၉ ရက်တွင် ကုလသမဂ္ဂဆိုင်ရာ (ဂျီနီဗာရုံး) တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဆွစ်ဇာလန် အခြေစိုက် အခြားနိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ် သံအမတ်ကြီး ချန်ရွှိက ၅၅ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ပါလက်စတိုင်းနှင့် အစ္စရေးတို့ကြား အခြေအနေနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို တရုတ်သံအမတ်က အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသသည် လက်ရှိတွင် မကြုံစဖူး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဒဏ်ကို ကြုံတွေ့နေရပြီး ချက်ချင်းအပစ်အခတ်ရပ်စဲရေးသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ တခဲနက်တောင်းဆိုမှုဖြစ်ကာ ငြိမ်းချမ်းရေးပြန်လည် တည်ဆောက်ရန်အတွက် အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်ကြောင်း ချန်ရွှိမှ ထောက်ပြခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများအတွက် လိုအပ်သောအကူအညီများ ပေးအပ်ရန်နှင့် နိုင်ငံတကာတရားရုံးမှ ထုတ်ပြန်သော ယာယီစီမံဆောင်ရွက်ချက်အမိန့်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရန် အစ္စရေးကို တရုတ်က တိုက်တွန်းထားသည်။

ပါလက်စတိုင်းပြည်သူများ၏ တရားဝင်အမျိုးသားအခွင့်အရေးများ ပြန်လည်ရရှိစေရေး တရားမျှတမှုအတွက် တရုတ်နိုင်ငံက အမြဲတမ်းခိုင်မာစွာ ထောက်ခံအားပေးခဲ့ပြီး ပါလက်စတိုင်းပြည်သူများအား အတင်းအကြပ် ရွှေ့ပြောင်းခြင်းနှင့် ပါလက်စတိုင်းနယ်မြေကို သိမ်းပိုက်ခြင်းတို့ကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ “နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း” သည် နိုင်ငံတကာအသိုက်အဝန်း၏ ယေဘုယျသဘောဆန္ဒ၊ ပါလက်စတိုင်းနှင့် အစ္စရေးတို့ နောက်ဆုံးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် လက်တွေ့ကျသော နည်းလမ်းဖြစ်ကြောင်း၊ ထို့ကြောင့်၎င်းနည်းလမ်းအတွက် နိုင်ငံတိုင်းအနေဖြင့် အားကုန် ကြိုးပမ်းသင့်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
中国大使在人权理事会阐述中方关于巴以局势的主张
新华社日内瓦3月1日电 2月29日,中国常驻联合国日内瓦办事处和瑞士其他国际组织代表陈旭大使在人权理事会第55届会议阐述中方关于巴以局势的主张。
陈旭指出,当前加沙地带正遭受前所未有的人道灾难,立即实现停火是国际社会的压倒性呼声,是恢复和平的最基本要求。中方敦促以色列为人道机构在加沙开展救援提供必要便利,并有效执行国际法院发布的临时措施命令。
陈旭强调,中方一贯坚定支持巴勒斯坦人民恢复民族合法权利的正义事业,坚决反对针对巴人民的强迫转移,反对侵占巴领土。“两国方案”是国际社会的普遍共识,是最终实现巴以两国和平共处的现实出路,各国都应为此做出不懈努力。
Photo: 2月29日在瑞士日内瓦拍摄的联合国日内瓦办事处。新华社记者石松摄