Connect with us

Africa & Middle East

မော်ရိုကိုနိုင်ငံတွင် ဆေးခြောက်ထုတ်ကုန် ၁၀ တန်ကျော် ဖမ်းဆီးရမိ

ရာဘတ်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ တောင်ပိုင်းဆိပ်ကမ်းမြို့ Agadir တွင် ဆေးခြောက်ထုတ်ကုန် ၁၀ တန်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း မော်ရိုကိုလုံခြုံရေးဌာနမှ မတ် ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
မော်ရိုကို ရဲတပ်ဖွဲ့၊ ရေတပ်နှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့တို့သည် မတ် ၁၇ ရက်တွင် ပူးပေါင်းစစ်ဆင်ရေး စတင်ခဲ့ပြီး ငါးဖမ်းလှေတစ်စီးမှ စုစုပေါင်း အလေးချိန် ၁၀.၅ တန်ခန့်ရှိသော ဆေးခြောက်ထုတ်ကုန်များ သိမ်းဆည်းရမိခဲ့ကြောင်း၊ ထိုငါးဖမ်းလှေပေါ်တွင် သံသယရှိသူ ၁၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးသည် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခို နှိမ်နင်းမှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အမှုအား ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မော်ရိုကိုနိုင်ငံသည် အာဖရိကအနောက်မြောက်ပိုင်းတွင် တည်ရှိပြီး မြေထဲပင်လယ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာ၊ ဥရောပနှင့် အာဖရိကတို့ကို ချိတ်ဆက်ထားသော “လမ်းဆုံလမ်းခွ” တစ်ခုလည်းဖြစ်သည်။ ယင်းနိုင်ငံတစ်ဝန်းတွင် တရားမဝင် ဆေးခြောက် အများအပြားစိုက်ပျိုးကြောင်း သိရသည်။

မကြာသေးမီနှစ်များအတွင်း မော်ရိုကိုနိုင်ငံသည် ဆေးခြောက်ထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှု နှိမ်နင်းခြင်းအပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မှုများကို အရှိန်မြှင့်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် မော်ရိုကိုလုံခြုံရေးဌာနသည် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အမှုပေါင်း ၁၀၀,၀၀၀ နီးပါးကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး သံသယရှိသူ ၁၃၀,၀၀၀ ခန့် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………….
(Chinese Version)
摩洛哥查获逾10吨大麻制品
新华社拉巴特3月17日电(记者霍晶)摩洛哥安全部门17日发表声明说,当天在南部港口城市阿加迪尔查获超过10吨大麻制品。
声明说,摩洛哥警方、海军和宪兵17日开展联合行动,从一艘渔船上查获总重大约10.5吨的大麻制品,并逮捕渔船上的13名嫌疑人。这次行动是打击跨国毒品走私的一部分,案件正在进一步调查中。
摩洛哥地处非洲西北部,是连接地中海和大西洋、欧洲和非洲的“十字路口”。该国部分地区非法种植大麻情况严重。
近年来,摩洛哥加强了包括打击大麻制品交易在内的缉毒行动力度。2023年,摩洛哥安全部门登记并处理近10万起涉毒案件,逮捕约13万名嫌疑人。(完)