Connect with us

China

ဝမ်ရိ နှင့် မြောက်ကိုရီးယား အလုပ်သမားပါတီ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာရုံးအကြီးအကဲ ဝမ်ရိ နှင့် ကိုရီးယားအလုပ်သမားပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အလှည့်ကျအဖွဲ့ဝင်၊ နိုင်ငံတကာဌာန ညွှန်ကြားရေးမှူး Kim Song-nam တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြောက်ကိုရီးယား အစဉ်အလာဆက်ဆံရေးကို ထိန်းသိမ်းပြီး ခိုင်မာအောင်၊ တိုးတက်အောင် လုပ်ဆောင်ခြင်းသည် ခေတ်သစ်တရုတ်ပါတီနှင့် အစိုးရ၏ မယိမ်းယိုင်သောမူဝါဒဖြစ်ပြီး မိမိတို့၏ လုပ်ဆောင်ရမည့် အထူးတာဝန်ဖြစ်ကြောင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန် နှင့် အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းတို့၏ အရေးကြီးသော တူညီသောသဘောထားကို အကောင်အထည်ဖော်ရန် မြောက်ကိုရီးယားနှင့် အတူဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ “တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေးနှစ်” စသောအခမ်းအနားများ ကျင်းပပြီး နယ်ပယ်အသီးသီးတွင် လက်တွေ့ကျပူးပေါင်းဆောင်ရွက်ကာ ပိုမိုတောက်ပသော တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးလမ်းခင်းသင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးသည် နှစ်နိုင်ငံ၏ ကြွယ်ဝသော ဗျူဟာမြောက် ဖြစ်ကြောင်း Kim Song-nam က ပြောကြားခဲ့သည်။ ယခုနှစ်သည် “တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေးနှစ်” ဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန် နှင့် အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းတို့က ကြေညာခဲ့ပြီး ယင်းက နှစ်နိုင်ငံကြား နယ်ပယ်အသီးသီးတွင် ချစ်ကြည်ရင်းနှီးစွာ ဖလှယ်မှုကို မြှင့်တင်နိုင်သော အရေးကြီးရလဒ်များရရှိစေကာ မြောက်ကိုရီးယား-တရုတ်ဆက်ဆံရေးအတွက် အရေးကြီးသော အစပျိုးမှုအသစ်ဖြစ်လာစေမည်ဟု ယုံကြည်ကြောင်း၊ မြောက်ကိုရီးယား၏ ဆိုရှယ်လစ်စနစ်အပေါ် တရုတ်နိုင်ငံ၏ ထောက်ခံမှုကို ကျေးဇူးတင်ရှိပြီး မြောက်ကိုရီးယားအနေဖြင့် ထိုင်ဝမ်၊ ရှင်းကျန်း၊ ရှီးဇန့်၊ ဟောင်ကောင် စသည့် အရေးကိစ္စများတွင် တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များကို ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………………………………
(Chinese Version)
王毅会见朝鲜劳动党代表团
新华社北京3月23日电 中共中央政治局委员、中央外办主任王毅23日在北京会见由朝鲜劳动党中央政治局候补委员、国际部部长金成男率领的代表团。
王毅表示,维护好、巩固好、发展好中朝传统友谊,是新时代中国党和政府坚定不移的方针,是我们的职责和使命。中方愿同朝方共同落实好习近平总书记同金正恩总书记重要共识,办好“中朝友好年”系列活动,拓展各领域务实合作,开辟中朝关系更加光明的前景。
金成男表示,朝中友谊是两国共同的战略财富。金正恩总书记和习近平总书记宣布今年为“朝中友好年”,相信将推动两国各领域友好交往取得重要成果,成为朝中关系新的重要起点。朝方感谢中方对朝鲜社会主义事业的支持,也将在台湾、涉疆、涉港等问题上支持中方采取的措施。(完)