Connect with us

China

မာရင်းကျိုဦးဆောင်သော ထိုင်ဝမ်လူငယ်များအဖွဲ့ တရုတ်ပြည်မကြီးသို့ သွားရောက်လည်ပတ်

ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ် ကူမင်တန်ပါတီ ဥက္ကဋ္ဌဟောင်း မာရင်းကျိုသည် ထိုင်ဝမ်လူငယ်များကို ဦးဆောင်ကာ ဧပြီ ၁ ရက်မှ ၁၁ ရက်အထိ ကွမ်တုန်း၊ ဆန်ရှီး၊ ပေကျင်း စသည့်ပြည်နယ်နှင့်မြို့များသို့ သွားရောက်မည်ဖြစ်ပြီး အမြစ်(ဘိုးဘေ)ရှာဖွေခြင်း၊ ဖလှယ်ခြင်း၊ ၂၀၂၄ ခုနှစ် နဂါးနှစ် အဝါရောင်ဧကရာဇ်မင်းကြီး ရွှမ်းယွမ် သင်္ချိုင်းကန်တော့ အောက်မေ့ဖွယ် အခမ်းအနား “Jiachen (2024) Qingming Memorial Ceremony for Xuanyuan Huangdi” တက်ရောက်ခြင်းစသည့် လှုပ်ရှားမှုများပါဝင်မည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် မာရင်းကျိုဦးဆောင်သောအဖွဲ့ လာရောက်လည်ပတ်ခြင်းကို ကြိုဆိုကြောင်း၊ ရေလက်ကြား နှစ်ဖက်ဒေသ မွေးချင်းများသည် ဘိုးဘွားစဉ်ဆက်၏ မွန်မြတ်သော ကိုယ်ကျင့်သိက္ခာများကို ဂရုတစိုက် သတိရအောက်မေ့လျက် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းကောင်းများကို အတူတကွ အမွေဆက်ခံလိမ့်မည်ဖြစ်ကြောင်း၊ ရေလက်ကြား နှစ်ဖက်ဒေသလူငယ်များ ရင်းရင်းနှီးနှီးဖလှယ်မှုအပါအဝင် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ အပြန်အလှန်နားလည်မှုနှင့် စိတ်ဓာတ်ရေးဆိုင်ရာ သဟဇာတဖြစ်မှုတို့ကို တိုးမြှင့်ရန်၊ ရေလက်ကြား နှစ်ဖက်ဒေသဆက်ဆံရေး ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေး၊ ရေလက်ကြား နှစ်ဖက်ဒေသ မွေးချင်းများ အကျိုးကို မြှင့်တင်ရန်နှင့် အမျိုးသားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွမြှင့်တင်ရန် မျှော်လင့်ကြောင်း ထိုင်ဝမ်ရေးရာ နိုင်ငံတော်ကောင်စီရုံး၏ ပြောရေးဆိုခွင့်ရှိသူ ချိန်းပင်းဟွာက မတ် ၂၅ ရက် တွင် ပြောကြားခဲ့သည်။ (Xinhua)

…………………………………….
(Chinese Version)
马英九将率台湾青年来大陆交流参访
新华社北京3月25日电 国务院台办发言人陈斌华25日表示,马英九先生将率台湾青年于4月1日至11日到广东、陕西、北京等地寻根、交流,参加“甲辰(2024)年清明公祭轩辕黄帝典礼”等活动并参访。我们欢迎马英九先生率团来访,希望两岸同胞共同传承弘扬慎终追远、饮水思源的中华优秀传统文化,促进包括两岸青年交流在内的两岸各领域交流合作,增进相互了解和心灵契合,推动两岸关系和平发展,造福两岸同胞,共促民族复兴。