Connect with us

China

တရုတ်လက်ရွေးစင် Quan Hongchan နှင့် Wang Zongyuan တို့ ကမ္ဘာ့ဖလားရေငုပ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူး

ရွှေတံဆိပ်ဆုရှင် တရုတ်လက်ရွေးစင် Quan Hongchan (ဝဲ) နှင့် ငွေတံဆိပ်ဆုရှင် ဗြိတိန်လက်ရွေးစင် Andrea Spendolini-Sirieix တို့ မတ် ၂၄ ရက် ဆုပေးပွဲတွင် စုပေါင်းဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

ဘာလင်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဘာလင်တွင် ကျင်းပသော ၂၀၂၄ ခုနှစ် World Aquatics Diving World Cup သည် မတ် ၂၄ ရက်တွင် ပြိုင်ပွဲအားလုံး ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအသင်းသည် ရွှေတံဆိပ်ဆု ၂ ခု ထပ်မံရရှိခဲ့ကြောင်း၊ Quan Hongchan နှင့် Wang Zongyuanတို့သည် အမျိုးသမီးတစ်ဦးချင်း ၁၀ မီတာ ပလက်ဖောင်းပြိုင်ပွဲနှင့် အမျိုးသားတစ်ဦးချင်း ၃ မီတာ စပရိန်ဘုတ်ဒိုင်ဗင်ထိုးပြိုင်ပွဲ အသီးသီးတွင် ပထမရရှိခဲ့ကြောင်း သိရသည်။

Wang Zongyuan က ၎င်း၏ ရွှေတံဆိပ်ဆုကို မတ် ၂၄ ရက်တွင် ပြသနေစဉ် (ဆင်ဟွာ)

အမျိုးသမီးတစ်ဦးချင်း ၁၀ မီတာ ပလက်ဖောင်းပြိုင်ပွဲတွင် World Championship ”သုံးဆင့်ရွှေတံဆိပ်ဆုရှင်” Chen Yuxi ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့ကြောင်း၊ အိုလံပစ် ချန်ပီယံ Quan Hongchan က ဖိုင်နယ်ပွဲတွင် အားသာချက်ကို အပြည့်အဝ ပြသခဲ့ကြောင်း၊ ၎င်း၏ စတုတ္ထမြောက် 207C ခုန်ချက်တွင် အရည်အသွေးမြင့်စွာ ပြီးမြောက်ခဲ့ပြီး အကဲဖြတ်ဒိုင် ၇ ဦးအနက် ၆ ဦးက အမှတ် ၁၀ မှတ်ပေးခဲ့ကြောင်း၊ တစ်ဦးချင်းပြိုင်ပွဲတွင် အမြင့်ဆုံး ၉၉ မှတ် ရရှိခဲ့ကြောင်း သိရသည်။ Quan Hongchan ၏ အရှေ့ ၄ ကြိမ်ခုန်ချက်ရမှတ်သည် အခြားသော လက်ရွေးစင်များ၏ ၅ ကြိမ် စုစုပေါင်းရမှတ်ထက်ကျော်လွန်နေပြီး ရွှေတံဆိပ်ဆုဆွတ်ခူးရန် သံသယဖြစ်စရာမရှိခဲ့ကြောင်း၊ ၎င်းသည် စုစုပေါင်း ရမှတ် ၄၃၂.၈ မှတ်ရရှိကာ ဗြိတိန်လက်ရွေးစင် Andrea Spendolini-Sirieix ၏ ရမှတ် ၉၃.၇ မှတ်၊ ဒုတိယနေရာကို ကျော်လွန်သွားခဲ့ကြောင်း၊ ကနေဒါလက်ရွေးစင် Maggie MacNeil ကမူ တတိယဆု ရရှိခဲ့ကြောင်း သိရသည်။

Quan Hongchanက ယခု 207C ခုန်သောအခါ မိမိကိုကိုယ် ယုံကြည်မှုရှိလာကြောင်း၊ ယခင်ကဲ့သို့ စိုးရိမ်မှုမရှိတော့ကြောင်း၊ ယခင်က Chen Yuxiနှင့် နှစ်ယောက်အတူတူဖြစ်၍ စိတ်ချမိကြောင်း၊ ယခုတစ်ခေါက်တွင် သူမပါဘဲ တစ်ယောက်တည်းဖြစ်သောကြောင့် အနည်းငယ် စိတ်လှုပ်ရှားကြောင်း ပြိုင်ပွဲအပြီးတွင် ဖြေကြားခဲ့သည်။

အမျိုးသားတစ်ဦးချင်း ၃ မီတာ စပရိန်ဘုတ်ဒိုင်ဗင်ထိုးပြိုင်ပွဲတွင်မူ ယခင်တစ်ခေါက် မွန်ထရီရယ် ကမ္ဘာ့ဖလားရေငုပ်ပြိုင်ပွဲ ချန်ပီယံ Wang Zongyuan သည် ပဉ္စမမြောက် 207C ခုန်ချက်တွင် အမှားအယွင်းအနည်းငယ်ရှိခဲ့သော်လည်း စုစုပေါင်းရမှတ် ၅၀၅.၉ မှတ်ဖြင့် ရွှေတံဆိပ်ဆွတ်ခူး နိုင်ခဲ့ကြောင်း၊ ဖူကူအိုကာ World Championships ပြိုင်ပွဲ ငွေတံဆိပ်ဆုရှင် မက္ကဆီကိုလက်ရွေးစင် Olvera Ibarra က ဒုတိယရရှိခဲ့ပြီး ဂျာမနီလက်ရွေးစင် Lars Rudiger က ကြေးတံဆိပ်ရရှိခဲ့ကြောင်း၊ အသက် ၂၀ မပြည့်သေးသော တရုတ်နိုင်ငံသားဆယ်ကျော်သက် Zheng Jiuyuan သည် ဒုတိယမြောက် 205B နှင့် တတိယမြောက် 307C ခုန်ချက်တွင် အမှားများပါဝင်သောကြောင့် နောက်ဆုံးတွင် စတုတ္ထအဆင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

Wang Zongyuan က ဒိုဟာ World Championships မှ မွန်ထရီရယ်နှင့် ဘာလင် ကမ္ဘာ့ဖလား နှစ်ပွဲအထိ ၎င်းမှာ အနည်းငယ်ပင်ပန်းသကဲ့သို့ ခံစားခဲ့ရသော်လည်း အနားယူရန် ဘယ်သောအခါကမျှ မတွေးခဲ့ကြောင်း၊ Xi’an ဖိုင်နယ်ပွဲတွင် တစ်ဦးချင်းသော်လည်းကောင်း၊ စုံတွဲ သော်လည်းကောင်း ပြိုင်ပွဲတိုင်းတွင် ပါဝင်နိုင်မည်ဟု မျှော်လင့်မိကြောင်း ပြောကြားခဲ့သည်။

ယခုပြိုင်ပွဲတွင် အခြေအနေ အနည်းငယ် ကျဆင်းနေပြီး ရမှတ်မှာလည်း ယခင်ပြိုင်ပွဲထက် များစွာနည်းသွားကြောင်း၊ ပြိုင်ပွဲအတွေ့အကြုံများကို အားကိုးပြီး မိမိကိုကိုယ် ပြန်လည်ညှိယူကာ လှုပ်ရှားမှုများကို ချော့မွေ့စွာ ပြီးမြောက်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဤရာသီတွင် ပြိုင်ပွဲများက တစ်ခုနှင့်တစ်ခု ကပ်လျက်ရှိနေကြောင်း၊ ကိုယ်ခံနိုင်ရည်ပေါ်တွင် စိန်ခေါ်မှုများရှိနေပြီး ဖိအားနှင့် ယုံကြည်မှုမှာလည်း ဒွန်တွဲတည်ရှိနေကြောင်း၊ ပြိုင်ပွဲများဆက်တိုက်အနိုင်ရရှိပြီး အရေးကြီးဆုံးသော ပဲရစ်အိုလံပစ်ပွဲထိ ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း Wang Zongyuan က ပြောကြားခဲ့သည်။

ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် တရုတ်နိုင်ငံအသင်းမှ လက်ရွေးစင် ၅ ဦးသည် တစ်ဦးချင်းပြိုင်ပွဲ ၄ ခု၌ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယင်းပြိုင်ပွဲ ၄ ခုလုံးတွင် ပထမအဆင့် ရရှိခဲ့ကြောင်း၊ ရေငုပ်ကမ္ဘာ့ဖလား စူပါဖိုင်နယ်ပြိုင်ပွဲကို ဧပြီလ ၁၉ ရက်မှ ၂၁ ရက်အထိ တရုတ်နိုင်ငံ ရှီးအန်းမြို့ ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………………………
(Chinese Version)
跳水世界杯:全红婵、王宗源摘金
新华社柏林3月24日电(记者刘旸)世界泳联跳水世界杯柏林站24日结束全部比赛,中国队再添两金,全红婵和王宗源分别夺得女单10米台和男单3米板冠军。
女单10米台项目中,世锦赛“三冠王”陈芋汐未参赛,奥运冠军全红婵在决赛中展现绝对优势,其中第四跳207C高质量完成,7位裁判中有6位打出10分,单跳得到全场最高的99分。全红婵前4跳成绩已超过其他选手5跳的总成绩,毫无悬念摘得金牌,432.80的总分超过第二名、英国选手斯彭多利尼-西里埃93. 70分。加拿大选手麦凯收获季军。
全红婵赛后说:“现在跳207C很自信了,不像原来有些担心。以前都是和陈芋汐一起比赛,两个人跳,我俩都放心。这次她没来,我一个人跳感觉有些紧张。”
男单3米板决赛中,上一站世界杯蒙特利尔站冠军王宗源第五跳207C略有失误,但仍以505.90分的总成绩蝉联金牌。福冈世锦赛该项目银牌得主、墨西哥名将奥尔韦拉-伊瓦拉夺得亚军,德国选手拉尔斯•吕迪格在主场收获铜牌。未满20岁的中国小将郑九源在第二跳205B和第三跳307C出现较大失误,最终名列第四。
王宗源赛后表示,从多哈世锦赛到蒙特利尔和柏林两站世界杯,感到有些疲劳,但从未想过调休,希望西安站总决赛可以单人、双人全项参赛。
“这站状态有点往下掉,分数比上一站低了很多,只能凭借比赛经验调节自己,平稳完成动作。” 王宗源说,“这个赛季大赛接得紧,体能上有挑战,但压力和信心并存,希望可以将连胜战绩延续下去,直到最重要的巴黎奥运会。”