Connect with us

China

ဂြိုလ်တုများအတွက် အပူထိန်းအဖွဲ့ ၏ “ကိုယ်တိုင်းချုပ်အင်္ကျီ”

အပြီးအစီးထုတ်လုပ်ပြီးသော အပူကာအလွှာအစိတ်အပိုင်းများကို ဂြိုလ်တုအပြင်ပိုင်းပေါ်တွင် ခြုံအုပ်ပေးနေသော ဝူချင်းစွမ် (ဝဲ) နှင့် အဖွဲ့သားများကို ဧပြီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချန်ချွမ်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုပ်နိုင်ငံ ချန်ချွမ်းပြည်နယ်ရှိ Changguang Satellite Technology Co., Ltd. ၏ အာကာသပတ်ဝန်းကျင် သုတေသနဓာတ်ခွဲခန်း၊ အပူထိန်းချုပ်မှု အကောင်အထည်ဖော်ရေးဗဟိုဌာနသို့ သွားရောက်ကြည့်ပါက လက်ထဲတွင် ကတ်ကြေး၊ ခြေနင်းအပ်ချုပ်စက်၊ အလုပ်ခုံဘေးတွင် “အထည်အလိပ်များ” နှင့် အပ်ချည်များစသည့် အပ်ချုပ်ဆိုင်တစ်ခုကဲ့သို့မြင်ကွင်းက လူကို တဒင်္ဂ အံ့ဩမှင်တက် သွားစေပါသည်။

Changguang Satellite Technology Co., Ltd. သည် တရုတ်နိုင်ငံ၏ ပထမဆုံးသော စီးပွားဖြစ် အဝေးထိန်းအာရုံခံဂြိုဟ်တု ကုမ္ပဏီဖြစ်ကြောင်း၊ လက်ရှိတွင် ယင်းကုမ္ပဏီမှ ထုတ်လုပ် လွှတ်တင်လိုက်သော “Jilin-1” ဂြိုလ်တုများသည် ဂြိုလ်တုပတ်လမ်းပေါ်တွင် ၁၀၈ ခုအထိ ရှိလာကြောင်း၊ ယင်းမှာ ကမ္ဘာ့အကြီးဆုံး အသေးစိတ်အာရုံခံနိုင်သော စီးပွားဖြစ် အဝေးထိန်းဂြိုဟ်တုအစုအဝေးဖြစ်ပြီး အာကာသအဝေးထိန်းအာရုံခံစနစ်ဖြင့် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသောသတင်းအချက်အလက်များ၏ အရင်းအမြစ်ဖြစ်လာကြောင်း သိရသည်။
အဆိုပါ ဂြိုလ်တုသည် ၎င်း၏ပတ်လမ်းပေါ်၌ လည်ပတ်စဉ်တွင် အပူချိန်ကွာခြားမှု ၃၀၀ ဒီဂရီစင်တီဂရိတ်နီးပါးထိ တွေ့ကြုံရမည်ဖြစ်ကြောင်း၊ ဝူချင်းစွမ်အဖွဲ့ ထုတ်လုပ်ဖြန့်ကျက်သော အပူထိန်းပစ္စည်းကို အနွေးထည်သကဲ့သို့ ဂြိုလ်တု၏အပြင်ပတ်ပတ်လည်တွင် ဝတ်ဆင်ထားခြင်းဖြစ်ပြီး အပူချိန်ခြားနားမှုကြောင့် ကိရိယာများနှင့် စက်ပစ္စည်းများပေါ်တွင် သက်ရောက်မှုကို လျှော့ချစေရန်နှင့် အာကာသအတွင်း ဂြိုလ်တုများ၏ လည်ပတ်မှုကို သေချာစေရန် ဆောင်ရွက်ပေးကြောင်း သိရသည်။

အပူထိန်းချုပ်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းသည် ဂြိုဟ်တုသုတေသနနှင့်တီထွင်မှုလုပ်ငန်း၏ ကဏ္ဍပေါင်းစုံတွင် သက်ဆိုင်နေကြောင်း၊ ဂြိုဟ်တုတစ်ခုစီ၏ တည်ဆောက်ပုံသွင်ပြင်လက္ခဏာများနှင့် အပူထိန်းချုပ်မှု အတိုင်းအတာများအပေါ် အခြေခံ၍ မတူညီသော ဒီဇိုင်းများနှင့် အသုံးပြုမှု လိုအပ်ကြောင်း၊ အသေးအဖွဲကလေးကအစ အနည်းငယ် ပေါ့ဆမှုရှိပါက ဂြိုလ်တု၏ စွမ်းဆောင်ရည် အညွှန်းကိန်းများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း၊ အပူထိန်းချုပ်ရေးအဖွဲ့ကို “အဆင့်မြင့် ဂြိုလ်တု ဖက်ရှင်ဒီဇိုင်နာများ” ဟုလည်း လူသိများကြောင်း သိရသည်။ မိမိတို့အလုပ်မှာလည်း “ကိုယ်တိုင်းအတိုင်းချုပ်လုပ်ရန်” လိုအပ်ကြောင်း၊ ထိုကဲ့သို့ “အဝတ်အစား”ဝတ်မှသာလျှင် အအေးရော အပူရောကို ကြောက်တော့မည် မဟုတ်ကြောင်း ဝူချင်းစွမ်က ပြောခဲ့သည်။ (Xinhua)

…………………………………
(Chinese Version)
为卫星“量体裁衣”的热控团队
新华社照片,长春,2024年4月7日
手拿剪刀、脚踩缝纫机,工作台旁摆放着“布料”滚筒和纺织线卷……走进位于长春的长光卫星技术股份有限公司空间环境研究室热控实施工艺中心,这酷似裁缝铺的场景让人一时有些恍惚。
长光卫星技术股份有限公司是中国第一家商业遥感卫星公司。目前,由该公司承制并发射的“吉林一号”在轨卫星数量已达108颗,是全球最大的亚米级商业遥感卫星星座,逐渐成为全球重要的航天遥感信息来源。
卫星在轨运行过程中会面临近300摄氏度的温差。吴清爽所在团队制作、部署的热控产品像保暖衣物一样包覆在卫星外表,减少温度变化对星上仪器设备的影响,保障卫星在太空中的工作。
热控实施工作贯穿于卫星研制的所有环节,需根据每颗卫星的结构特点、热控措施进行不同的设计和部署,每个细节稍有疏忽都可能会影响卫星性能指标。热控团队又有个别称叫“卫星高定服装设计师” 。吴清爽说: “我们的工作也需要 ‘量体裁衣’,这样的 ‘衣服’穿起来才能不怕冷又不怕热。”
图说1:吴清爽(左)与团队成员将制作完成的多层隔热组件包覆在卫星外壳部件上(4月2日摄)。新华社记者 许畅 摄