Connect with us

Africa & Middle East

အီရန်နိုင်ငံတွင် ပါလီမန်ရွေးကောက်ပွဲ ဒုတိယအကြိမ်မဲပေးမှု ပြုလုပ်

အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်တွင် ဒုတိယအကြိမ်မဲပေးပွဲ ရောက်ရှိလာခဲ့သော အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အလီ ခါမေနီကို မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ၏ ၁၂ ကြိမ်မြောက် ပါလီမန် ရွေးကောက်ပွဲ ဒုတိယအကြိမ်မဲပေးမှုကို မေ ၁၀ ရက် ဒေသစံတော်ချိန် မနက် ၈ နာရီတွင် စတင်ခဲ့ပြီး ကိုယ်စားလှယ်လောင်း ၉၀ ဦးက ပါလီမန် ၄၅ နေရာအတွက် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ယခုအကြိမ်မဲပေးပွဲကို အီရန်နိုင်ငံရှိ ရွေးကောက်ပွဲ နေရာ ၂၂ ခုရှိ မဲရုံ ၁၁,၅၀၀ နီးပါးတွင် ကျင်းပမည်ဖြစ်ကြောင်း၊ အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အလီ ခါမေနီက အဆိုပါနေ့တွင် မြို့တော် တီဟီရန်ရှိ မဲရုံတစ်ရုံတွင် မဲပေးနေစဉ် မဲဆန္ဒရှင်များအား ဒုတိယအကြိမ် မဲပေးမှုတွင် တက်ကြွစွာ ပါဝင်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………………
(Chinese Version)
伊朗举行议会选举第二轮投票
德黑兰,2024年5月10日
伊朗第12届议会选举第二轮投票于当地时间10日8时开始,90名候选人将角逐45个议会席位。本轮投票在伊朗22个选区的近11500个投票站进行。伊朗最高领袖哈梅内伊当天在首都德黑兰的一个投票站投票时呼吁选民积极参加第二轮投票。
图说:5月10日,伊朗最高领袖哈梅内伊在伊朗首都德黑兰参加伊朗议会选举第二轮投票。
新华社记者 沙达提 摄