Connect with us

North America

ဘိုင်ဒန်က ရန်ပုံငွေအတွက် နာမည်ကျော် ဩဇာရှိသူများကို ဆက်လက်စုစည်း၊ စီးပွားရေးမူဝါဒများတွင် မကောင်းသောတုံ့ပြန်မှုများ ခံနေရဆဲ

အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်ကို အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဂျိုးဇက် အာရ်. ဘိုင်ဒန်သည် လာမည့်လတွင် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်တွင် ကျင်းပရန်စီစဉ်ထားသည့် ရန်ပုံငွေရှာဖွေပွဲတစ်ခု၌ ဒီမိုကရက်တစ်သမ္မတဟောင်း ဘားရတ်အိုဘားမားနှင့် ဟောလိဝုဒ်မင်းသား ဂျော့ကလူနီ (George Timothy Clooney) ၊ ဂျူလီယာရောဘတ်စ် (Julia Roberts) စသည်တို့က လာရောက်ပံ့ပိုးကူညီပေးမည်ဟု အမေရိကန်မီဒီယာက မေ ၁၂ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာလ အစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားပြီး ဘိုင်ဒန်သည် ဒီမိုကရက်တစ် သမ္မတလောင်း လျာထားစာရင်းတွင် ပါဝင်ခဲ့ကြောင်း၊ မြင့်မားသော ငွေကြေးဖောင်းပွမှု ဖိအားများနှင့် ရင်ဆိုင်နေရသော အမေရိကန်မဲဆန္ဒရှင်များသည် ဘိုင်ဒင်အစိုးရ၏ စီးပွားရေးမူဝါဒများကို လက်မခံကြကြောင်း နောက်ဆုံးကောက်ယူထားသော ပြည်သူသဘောထားစစ်တမ်းတစ်ရပ်အရ သိရသည်။ (Xinhua)
………………………………………..
(Chinese Version)
拜登再拉大腕筹款 经济政策仍遭差评
新华社北京5月13日电 据美国媒体12日披露,美国总统约瑟夫·拜登定于下月在加利福尼亚州洛杉矶市举办一场筹款活动,届时民主党籍前总统贝拉克·奥巴马、好莱坞明星乔治·克鲁尼、朱莉娅·罗伯茨等将前来助阵。
美国总统选举定于11月上旬举行,拜登已“锁定”民主党总统候选人提名。一项最新民意调查结果显示,面临居高不下的通货膨胀压力,美国选民对拜登政府的经济政策并不买账。
图说:这是5月9日在美国华盛顿白宫拍摄的美国总统拜登。新华社发(亚伦摄)