Connect with us

Europe

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Dagestan အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂ အထွေထွအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Derbent ၏ မြို့တော် Makhachkala ၌ ရဲတပ်ဖွဲ့ဝင်များ ကင်းချနေသည်ကို ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Dagestan ၌ ဇွန် ၂၃ ရက်က ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဂူတာရက်စ်က ရုရှားနိုင်ငံ တောင်ပိုင်း Dagestan ရှိ ဘာသာရေးအဆောက်အဦနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဦးတည်သည့် အကြမ်းဖက်တိုက်ခိုက်မှုကို အပြင်းထန်ဆုံးအနေဖြင့် ပြစ်တင်ရှုတ်ချကြောင်း၊ သေဆုံးသွားသူများ၏ မိသားစုများ၊ ရုရှားပြည်သူများနှင့်အစိုးရအား အားပေးနှစ်သိမ့်ကြောင်းနှင့် ဒဏ်ရာရသူများ ဆောလျင်စွာ ပြန်လည်ကောင်းမွန်စေရန် ဆုတောင်းကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
အကြမ်းဖက်တိုက်ခိုက်မှု #ရုရှား
………………………..
(Chinese Version)
新华简讯|古特雷斯强烈谴责俄罗斯达吉斯坦共和国恐袭事件
新华社联合国6月24日电 联合国秘书长古特雷斯24日通过发言人迪雅里克发表声明,强烈谴责23日发生在俄罗斯达吉斯坦共和国的恐怖袭击事件。
声明说,古特雷斯“以最强烈的措辞”谴责发生在俄南部达吉斯坦共和国的针对宗教场所及安全部队成员的恐怖袭击。古特雷斯向遇难者家属、俄罗斯人民和政府表示慰问,并祝愿伤者早日康复。(完)
1. 6月23日,在俄罗斯达吉斯坦共和国首府马哈奇卡拉市,警察在街头警戒。