Connect with us

Asia

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် လူပေါင်း ၁၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sylhet ဒေသတွင် ကပ်ဘေးသင့် နေအိမ်အဆောက်အဦများအား ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ပြီးခဲ့သည့် ၂ လတာကာလတွင် မိုးသည်းထန်စွာ ရွာသွန်းများမှုကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်၌ လူပေါင်း ၁၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး မိုးသည်းထန်မှု၊ ရေကြီးမှုနှင့်တောင်ပြိုမှုများကြောင့် သေဆုံးသူ အနည်းဆုံး ၃၇ ဦး ရှိကြောင်း အိန္ဒိယအရာရှိတစ်ဦးက ဇွန် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက်က မိုးရွာသွန်းမှု လျော့နည်းခဲ့ပြီး အချို့ဒေသများ၏ ရေကြီးမှုအခြေအနေ အနည်းငယ်ကောင်းမွန်ခဲ့သော်လည်း ဒေသ ၁၁ ခုတွင် အနည်းဆုံး လူပေါင်း ၂ သိန်း ဘေးဒဏ်သင့်ခဲ့ကြောင်း အာသံပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန၏ သတင်းများအရ သိရသည်။ (Xinhua)
…………………..
(Chinese Version)
暴雨洪灾肆虐 印度阿萨姆邦逾1.2万人无家可归
新华社北京6月25日电 印度官员24日说,过去两个月来,强降雨天气已造成印度东北部阿萨姆邦逾1.2万人无家可归,至少37人死于暴雨、洪水和山体滑坡。
据阿萨姆邦灾害管理局通报,尽管过去两天降雨有所减少,部分地区洪水情况略有改善,但仍有11个地区至少20万人受灾。
这是6月22日在孟加拉国锡尔赫特地区拍摄的受灾民宅(无人机照片)。新华社发