Connect with us

Africa & Middle East

ရာဖာရှိ ဟားမက်စ်တို့၏ စစ်ရေးအင်အား ပြိုလဲခါနီးပြီဟု အစ္စရေး စစ်တပ် ပြောကြား

အစ္စရေးနှင့်ဂါဇာကမ်းမြောင် နယ်စပ်ဒေသ အစ္စရေးဘက်အခြမ်းတွင် အစ္စရေး တပ်ဖွဲ့ဝင်များအား ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့ရှိ အစ္စလာမ္မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့၏ စစ်ရေးအင်အား ပြိုလဲခါနီးပြီဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးတပ် စစ်ဦးစီးချုပ် Halevi က ဇွန် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
အစ္စရေးတပ်က ရာဖာ စစ်ပွဲတွင် “ကြီးမားသော အောင်မြင်မှု” ရရှိခဲ့ကြောင်း၊ ယင်းမှာ ရှင်းလင်းသုတ်သင်ခဲ့သည့် “အကြမ်းဖက်သမား”၊ ဖျက်ဆီးခဲ့သည့် အခြေခံအဆောက်အဦနှင့်လမ်းများ၏ အရေအတွက် ၊ ဥမင်လိုဏ်ခေါင်း စစ်ဆင်ရေး ရလဒ်များတွင် တွေ့ရှိနိုင်ကြောင်း ၊ အစ္စရေးတပ်က ဟားမက်စ်တို့၏ ရာဖာ တပ်ရင်းကို ဖြိုချနိုင်ရန် နီးစပ်နေပြီမှာ သိသာကြောင်း ၊ ၎င်းတို့ကို စစ်ဆင်ရေးယူနစ်တစ်ခုအဖြစ် မလုပ်ဆောင်နိုင်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း Halevi ၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။ (Xinhua)


………………………….
(Chinese Version)
新华简讯|以军称“接近”瓦解哈马斯在拉法的军事力量
新华社耶路撒冷6月24日电 以色列国防军总参谋长哈莱维24日说,以军“接近”瓦解巴勒斯坦伊斯兰抵抗运动(哈马斯)在加沙地带南部城市拉法的军事力量。
哈莱维当天在一份声明中说,以军在拉法的战役中取得了“巨大成就”,这体现在被消灭的“恐怖分子”、被摧毁的基础设施和地道的数量,以及在地道里作战的成果。以军“显然已接近”瓦解哈马斯拉法旅,使其不能再作为一个战斗单位发挥作用。(完)
1. 这是6月16日在以色列与加沙地带边境地区以方一侧拍摄的以军部队。