Connect with us

Africa & Middle East

မော်ရိုကိုနိုင်ငံက ပါလက်စတိုင်းပြည်သူများအတွက် ဆေးဘက်ဆိုင်ရာ အကူအညီများ ပံ့ပိုး

ရာဘတ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)
မော်ရိုကိုနိုင်ငံဘုရင် ဆဋ္ဌမမြောက် မိုဟာမက်၏ ညွှန်ကြားချက်အရ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူများအား လူသားချင်းစာနာမှု ဆေးဘက်ဆိုင်ရာ အကူအညီမှု တစ်သုတ် ပံ့ပိုးခဲ့ကြောင်း မော်ရိုကိုနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မော်ရိုကိုနိုင်ငံမှ ပံ့ပိုးပေးသော ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်း တန်ချိန် ၄၀ တွင် မီးလောင်ဒဏ်ရာ၊ ခွဲစိတ်ခန်းနှင့် ဒဏ်ရာအတွက် ရှေးဦးသူနာပြုပစ္စည်းများနှင့် အခြေခံဆေးဝါးများ ပါဝင်ပြီး လူကြီးနှင့် ကလေးများအတွက် အသုံးပြုနိုင်ကြောင်း၊ ဆဋ္ဌမမြောက် မိုဟာမက်သည် အကူအညီပံ့ပိုးရေး ကုန်ကျစရိတ် အများစုကို ၎င်း၏ကိုယ်ပိုင်ရန်ပုံငွေမှ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတစ်သုတ် ဆေးဘက်ဆိုင်ရာ အကူအညီပေးရာတွင် အသုံးပြုသော ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းသည် ယခုနှစ်မတ်လတွင် မော်ရိုကိုနိုင်ငံမှ ပါလက်စတိုင်းပြည်သူများအတွက် စားနပ်ရိက္ခာအကူအညီပေးရာတွင် အသုံးပြုသည့်လမ်းကြောင်းနှင့် တူညီကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ (Xinhua)

……………………………
(Chinese Version)
摩洛哥向巴勒斯坦民众提供医疗援助
新华社拉巴特6月24日电(记者霍晶)摩洛哥外交部24日发表声明说,根据摩洛哥国王穆罕默德六世的指示,摩洛哥向加沙地带的巴勒斯坦民众提供一批人道主义医疗援助。
声明说,摩洛哥提供的40吨医疗物资中包括烧伤、外科和创伤急救用设备及基本药品,适用于成人和儿童。穆罕默德六世从自己的个人基金中支付了大部分援助所需费用。这批医疗援助的陆路运输路线和今年3月摩洛哥向巴勒斯坦民众提供食品援助的路线相同。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.