Connect with us

Europe

ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး ညှိနှိုင်းဆွေးနွေးပွဲ ဥရောပသမဂ္ဂ (EU) နှင့် ယူကရိန်းနိုင်ငံ၊ မောလ်ဒိုဗာနိုင်ငံတို့ စတင်

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂ ရုံးချုပ်အပြင်ဘက်တွင် လွှင့်ထူထားသော ဥရောပသမဂ္ဂအလံများကို ၂၀၂၁ ခုနှစ် မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂသည် ယူကရိန်းနိုင်ငံ၊ မောလ်ဒိုဗာနိုင်ငံ တို့နှင့် ပထမအကြိမ် ဝန်ကြီးအဆင့် အစိုးရကြား အစည်းအဝေးကို ဇွန် ၂၅ ရက်က လူဇင်ဘတ်နိုင်ငံတွင် ကျင်းပခဲ့ပြီး ယင်းမှာ ၎င်းနှစ်နိုင်ငံတို့၏ ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး ညှိနှိုင်းဆွေးနွေးမှု တရားဝင်စတင်ခြင်း အမှတ်လက္ခဏာဖြစ်သည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး ညှိနှိုင်းဆွေးနွေးမှုများအတွက် လမ်းညွှန်ချက်များနှင့် အခြေခံမူများ ချမှတ်ရန် ဥရောပသမဂ္ဂသည် ယူကရိန်းနိုင်ငံနှင့် မောလ်ဒိုဗာနိုင်ငံ အသီးသီးတို့ထံ အထွေထွေ ညှိနှိုင်းဆွေးနွေးရေးမူဘောင်တစ်ရပ်ကို အဆိုပါနေ့တွင် ပေးအပ်ခဲ့သည်။ ယင်းမှာ ရှည်လျားသော လုပ်ငန်းစဉ်တစ်ခု၏ အစဖြစ်သည်ဟု အဆိုပါနေ့ထုတ်ပြန်ချက်တွင် ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel က ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံနှင့် မောလ်ဒိုဗာနိုင်ငံတို့သည် ဥရောပသမဂ္ဂမှ၏ တင်းကျပ်သော စံနှုန်းများကို ပြည့်မီရန် ၎င်းတို့၏ အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်များ ကြိုးစားမြှင့်တင်ရန်၊ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန်နှင့် စီးပွားရေး တည်ငြိမ်မှု အားကောင်းလာစေရန် ဆက်လက်ကြိုးပမ်းရန် လိုအပ်ကြောင်း သိရသည်။ (Xinhua)

……………………….
(Chinese Version)
欧盟与乌克兰和摩尔多瓦启动入盟谈判
新华社布鲁塞尔6月25日电 欧盟25日在卢森堡分别与乌克兰和摩尔多瓦举行首次部长级政府间会议,标志着两国入盟谈判正式启动。
欧盟当天向乌克兰和摩尔多瓦分别提交了一份总体谈判框架,为其入盟谈判制定指导方针和原则。欧洲理事会主席米歇尔当天在一份声明中说,“这是一个漫长过程的开始”。乌克兰和摩尔多瓦需要继续努力加强机构能力、继续打击腐败并加强经济稳定,以满足成为欧盟正式成员的严格标准。(完)
Flags of the European Union fly outside the EU headquarters in Brussels, Belgium, May 21, 2021. (Xinhua/Zheng Huansong)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.